iMyanmarHouse.com - Best Property Website for Myanmar
×










သရုပ်ဆောင် အဆို တော် စမိုင်း နဲ့ ကိုပြည့်မောင် တို့ရဲ့ မင်္ဂလာ ၁ဝနှစ်ပြည့်နှစ်ပတ် လည်နေ့ကို မတ်လ၂၂ရက် နေ့က New York မြို့မှာ သမီးနှစ်ဦး နဲ့အတူ မိတ်ဆွေ များစွာ နဲ့ ကျင်းပခဲ့ပါတယ်။

 အိပ်မက်တွေ တကယ်ဖြစ် လာပြီ လို့ပြောတဲ့ စမိုင်းက “စမိုင်းဗီဒီယိုတွေ ကြည့်ပြီး စိတ်ထဲက စိတ်ကူးတဲ့ Wedding လေး လုပ်ချင်တာလေ။ ခုစီ စဉ်ပြီးတော့ လုပ်လိုက်တာ မထင်မှတ်ဘဲ တအား ပျော်ရွှင်ခဲ့ရ တယ်။ မင်္ဂလာ သက်တမ်း ၁ဝနှစ်ပြည့် ကို ဒီလို ကျင်းပပေးတဲ့ အမျိုးသား ကိုကျေးဇူး တင်တယ်။ သူက စမိုင်း ဘာပဲ လုပ်ချင်လုပ်ချင် နားလည် ပေး ပြီး ဖြည့်ဆည်းပေး ခဲ့တယ်။

 အိမ် ထောင်သက် က ၁ဝနှစ်တောင်ပြည့် လာပြီလေ။ ကြာလာရင် ရိုးသွားမှာ စိုးလို့ အမြဲတမ်း တစ်ယောက်နဲ့ တစ်ယောက် ချစ်နေအောင်၊ နားလည်မှု ရှိအောင် ဆိုပြီး အမှတ်တရဖြစ် အောင် မင်္ဂလာပွဲလေး လုပ်လိုက်တာပါ” လို့ စမိုင်းက ပြောပြခဲ့ပါတယ်။


ဒီပွဲလေး ကျင်းပတဲ့ အခါမှာ မမေ့နိုင်တဲ့ အမှတ်တရ ဖြစ်သလို နောင်နှစ်တွေ မှာလည်း အမြဲတမ်း အသစ် အဆန်းလေးတွေ လုပ်သွားမယ်လို့ စမိုင်းက ပြောပါတယ်။ စမိုင်းက အမေရိကန် ခရီးစဉ်မှာ တစ်လကြာ မှာဖြစ်ပြီး Y talk ၂နှစ် ပြည့်တုန်း က လှူဒါန်းမှုတွေ ပြုလုပ်သလို မင်္ဂလာ ဆယ်နှစ်ပြည့် အလှူကိုလည်း လုပ်ဖို့ စီစဉ် ထားကြောင်း သိရပါတယ်။
 
Credit: Popularmyanmar 
 
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top