iMyanmarHouse.com - Best Property Website for Myanmar
×

လူတွေကပြောတတ်ကြတယ်...

ငါချမ်းသာတဲ့တစ်နေ့ ငါ့မိဘတွေကို ပိုက်ဆံတွေပုံပေးပစ်မယ်။

ပိုက်ဆံပုံပေါ်ထိုင်ပြီး သူတို့ဝယ်ချင်တာဝယ်၊ စားချင်တာ စားပါစေ။

ငါအချိန်ရှိတဲ့တစ်နေ့ ငါ့မိဘကိုခေါ်ပြီး ကမ္ဘာပတ်ပစ်မယ်။

သူတို့အသက်ရှင်တုန်း တဝကြီးပေးပျော်လိုက်မယ်ပေါ့။

ပိုက်ဆံချမ်းသာမယ့်အချိန်ထိ စောင့်ရရင် ကိုယ့်မိဘရဲ့သွားတွေက အစားဝါးနိုင်တော့မှာ မဟုတ်တဲ့အချိန်တိုင်သွားနိုင်တာ မတွေးဆမိကြဘူးလေ။

ပိုက်ဆံချမ်းသာမယ့်အချိန်ထိ စောင့်ရရင် ကိုယ့်မိဘတွေ လမ်းလျှောက်နိုင်တော့မှာ မဟုတ်တော့ရင် ဘယ်နှယ်လုပ်ကြမှာတုန်း။

ပိုက်ဆံချမ်းသာမယ့်အချိန်ကိုစောင့်နေတဲ့ သားသမီးတွေမှာ မိဘကို ပြုစုချိန်မရလိုက်တာမျိုးနှင့် ကြုံသွားနိုင်ပါတယ်။

တကယ်တော့ အဖေအမေကို ဂရုစိုက်ဖို့ဆိုတာ မခက်ခဲပါဘူး။

ကျမတို့ရဲ့ နေ့စဉ်အချိန်လေးမှာ ဖုန်းလေးတစ်ချက်၊ နွေးထွေးတဲ့စကားလေးတစ်ခွန်း၊ အပြုစုလေးတစ်ခုက သူတို့ရင်ကို ကြည်နူးမှုတွေနဲ့ ဆွတ်စိုစေနိုင်ပါတယ်။

ကိုယ့်မှာ ဂရုစိုက်၊ ပြုစုရမယ့်မိဘတွေရှိနေသေးလို့ မိမိကံကောင်းနေပါသေးတာကို ၀မ်းသာသင့်ပါတယ်။

ဒါတွေကို သင်တန်ဖိုးထားတတ်ခဲ့ပြီလား?

မေမေ တဖြည်းဖြည်း အိုမင်းလာခဲ့ပြီ... နွေ၊ မိုး၊ ဆောင်း ဥတုဘယ်နှစ်ခုကို မေမေဖြတ်ကျော်နိုင်ဦးမလဲ?

ကိုယ့်ရဲ့ရှေ့ဆက်ရက်တွေကို ဝမ်းနည်းပူဆွေးနောင်တတွေ မကျန်ခဲ့ပါစေဖို့ မေမေအပေါ် ယခုပင်လျင် ဂရုစိုက်သင့်လှတယ်ဆိုတာ သမီး တွေးဆမိပါပြီမေမေ။

"မိဘကိုဂရုစိုက်၊ ပြုစုဖို့ အချိန်ကိုမစောင့်ပါနဲ့" တဲ့။

ဂရုစိုက်ပြုစုတယ်ဆိုတာ ပိုက်ဆံပုံပေးတိုင်း ရနိုင်တာမဟုတ်ပါဘူး။

မေမေအိုမင်းသွားပြီ... ခုနေ မေမေကို ပိုက်ဆံတွေပေးတော့လည်း မေမေဘာလုပ်နိုင်မှာမို့လဲ? မေမေသိပ်မစားနိုင်တော့ဘူး၊ မေမေ အ၀တ်ကောင်းတွေ မဝတ်နိုင်တော့ဘူး။

တကယ်တော့...
မေမေလိုအပ်နေတာက သားသမီးတွေ မြေးတွေနဲ့ နွေးနွေးထွေးထွေး နေရတာကို တောင့်တနေတာ သိပါပြီမေမေ။

မေမေလိုအပ်နေတာက မေမေရဲ့ နှေးကွေးတဲ့ခန္ဓာကိုယ်အတွက် ဖေးမတဲ့လက်တစ်စုံဆိုတာလည်း နားလည်ရပါပြီမေမေ။

မေမေလိုအပ်နေတာက ဆာလောင်တုန်း ခွံကျွေးတဲ့ထမင်းတစ်လုပ်နဲ့ ရေတစ်ပေါက်ဆိုတာလည်း သဘောပေါက်ရပါပြီမေမေ။

မေမေလိုအပ်နေတာက အဖော်မဲ့အထီးကျန်ချိန် အဖော်ပြုမယ့် မေမေ့ကိုဂရုစိုက်တတ်တဲ့ သမီးကို မျှော်လင့်နေတာကိုလည်း သမီး ခံစားတတ်ပါပြီမေမေ။

အဝေးကို ရောက်နေတဲ့ သားသမီးတွေ တစ်လတစ်ခါ၊ တစ်နှစ်တစ်ခါ....
သူတို့နဲ့ ပေါင်းစည်းတွေ့ဆုံဖို့၊
ဖျားနာတဲ့အခါ ဂရုစိုက်နွေးထွေးတဲ့စကားကို အထပ်ထပ်အခါခါ ပြောဖို့...
ဒါတွေဟာ မေမေရဲ့ရင်ထဲက လိုအင်တောင့်တမှုတွေဖြစ်တယ်ဆိုတာ သမီး သဘောပေါက်ရပါပြီ မေမေ။

ခုက စလို့ မေမေ ကို အစွမ်းကုန် ဂရုတစိုက် ပြုစုပါတော့မယ် မေမေရေ...............


Credit : Nine Nine Sanay


ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top