ဆီးအိမ်ကင်ဆာဆိုသည်မှာ
ခန္ဓာကိုယ်၏ မလိုလားအပ်သော အရည်များသည် ဆီးအဖြစ်ပြောင်းလဲသွားကာ၊ ထိုအရည်များကို ဆီးအိမ်တွင် ခေတ္တသိုလှောင် ထားလေ့ရှိသဖြင့် ဆီးအိမ်သည် သက်ရှိသတ္တ၀ါများအတွက် မရှိမဖြစ်လိုအပ်သော ခန္ဓာကိုယ်အစိပ်အပိုင်းတစ်ခုဖြစ်ပါသည်။
ဆီးအိမ်ကင်ဆာ၏ ၉၅% မှာ ဆီ်းအိမ်အတွင်းနံရံတစ်ရှုးများထဲရှိ ဆဲလ်များမှ ကင်ဆာဖြစ်ေ လ့ရှိပြီး၊ ကျန် ၅% သည် ဆီးအိမ် တွင်း/ပြင် နာကျင်ရောင်ကိုင်းခြင်းမှ အစပျိုးခြင်းဖြစ်သည်။ ဆီးအိမ်ကင်ဆာလက္ခဏာများမှာ၊ ဆီးထဲတွင်သွေးပါခြင်း၊ ဆီးသွားစဉ် နာကျင် ကိုက်ခဲခြင်း၊ မကြာခဏဆီးသွားခြင်း (သို့ မဟုတ်) ဆီးသွားရန်ခက်ခဲခြင်းတို့ ဖြစ်သည်။ အခြားကင်ဆာရော ဂါများ နှင့်နှိုင်းယှဉ်ပါက၊ ဆီးအိမ်ကင်ဆာသည် အစောပိုင်းအဆင့်တွင် ကုသရန်လွယ်ကူပြီးေ ပျာက် ကင်းသွားသော အတွေ့ အကြုံများ လည်းရှိသလို၊ ရောဂါဆက်လက်မပြန့် ပွားတော့သည့် လူနာများ၏ ၉၀% သည် နောက်ထပ် အနဲဆုံး ၅-နှစ်ကျော်မျှ ဆက်လက် အသက် ရှင်နေထိုင် ပါသည်။ သို့ သော် အမြစ်မပြတ်ဘဲ ရောဂါပြန်ပေါ်တတ်ကြရာ မပေါ့လျော့ဘဲ မှန်မှန်ဆေး စစ်ခံဘို့  လိုအပ် ပါသည်။
ဆီးအိမ်ကင်ဆာကို အဆင့်(၄)ဆင့် သတ်မှတ်ထားပြီး၊ အစောပိုင်းအဆင့်ကို TA၊ ဆီးအိမ်ကြွက် သားအတွင်းနံရံတစ်ခုလုံးပျံ့ နှံ့  ခြင်းကို အဆင့်(၂)၊ အပြင်ကြွက်သား တစ်ရှုးများထိပျံ့ နှံ့ ခြင်းကို အဆင့်(၃)၊ ခန္ဓာကိုယ်တွင်းအခြားအစိပ်အပိုင်းများနှင့်အရိုးထိပျံ့  နှံ့ ခြင်းကို အဆင့်(၄) ခေါ် ပါသည်။ ရောဂါအတိမ်အနက်ပေါ်မူတည်၍ chemotherapy (ခေါ်) ကင်ဆာဆဲလ်များသေေ စရန် ဆေး သွင်းကုသနည်း၊ telescope ဖြင့်လည်းကောင်း၊ ဆီးအိမ်တစိပ် တဒေသကိုဖ ယ်ရှား ၍ (သို့မဟုတ်) ဆီးအိမ်တစ်ခုလုံးကို ဖယ်ရှား၍ ခွဲစိပ်ကုသနည်း၊ radiation therapy (ခေါ်) ဓာတ်ရောင် ခြည်ဖြင့်ကုသနည်းတို့ ဖြင့် ကုသမှုခံယူရပါမည်။
ဆီးအိမ်ကင်ဆာဖြစ်ပေါ်စေနိုင်သည့် အကြောင်းရင်းများမှာ-
* ဆေးလိပ်သောက်ခြင်းနှင့် စီးကရက်မီးခိုးငွေ့ ရှုရှိုက်ခြင်း။
* အသားအကြွတ်ကြော်များနှင့် တိရိစ္ဆာန်အဆီ။
* အသက် ၆၅ နှစ်နှင့်အထက်။
* အထူးသဖြင့် တိုးတက်ပြီးနိုင်ငံများတွင်တွေ့ ရသော Schistosoma haematobium (ခေါ်) ကပ်ပါး ပိုး။
* ဆီးအိမ်ကျောက်တည်သူများ၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း နှင့် ဆီးရောဂါသည်များ၊ catheters (ခေါ်) ဆီးပိုက်သွင်းထား ရသောဝေဒနာရှင်များ၊
* မွေးရာပါ ဆီးအိမ်ရောဂါရှိသူများ။
* ဓာတုဓာတ်ပေါင်းဖြစ်သော စိန်ဓာတ်ပါသည့်အဆိပ်ရနံ့ များဖြစ်ကြသည့် ရာဘာ၊ ချည် ယက်ထည်၊ ဆိုးဆေး၊ ပလပ် စတစ်၊ သုပ်ဆေးအမျိုးမျိုး၊ လယ်သာပေါလစ် စသည် တို့ နှ င့် နေ့ စဉ်ကိုင်တွယ်လုပ်ကိုင်ရခြင်း၊ ရနံ့ များကို ရှုရှိုက်ခြင်း။
* မကြာခဏဆီးအိမ်ရောင်ရမ်းလေ့ရှိခြင်း။
* သားအိမ်လည်တိုင်ရောဂါများအတွက် မကြာခဏဓာတ်ရောင်ခြည်ပစ်ကုသ ခံနေ ရသူအမျိုးသမီးများ။
* သုက်ရည်ဂလင်းကင်ဆာအတွက် ဓာတ်ရောင်ခြည်ကုသခံ အမျိုးသားများ။
* chemotherapy drugs (ခေါ်) ကင်ဆာရောဂါဓာတုဆေးဝါးဖြင့် ကုသခံလူနာများ။
+++++++++++++++++++
အမေရိကန်ရှိ National Cancer Institute ၏ စစ်တမ်းများအရ၊ မျိုးရိုးဗီဇအရ အမျိုးသားများ သည် အမျိုးသမီးများထက် ဆီးအိမ်ကင်ဆာဖြစ်နှုန်း ၃-ဆမျှ ပိုကြောင်း၊ ကမ္ဘာပေါ်တွင် လူဖြူများ သည် လူမဲများထက် ဆီးအိမ်ကင်ဆာဖြစ်နိုင်ခြေ ပိုများကြောင်း လေ့လာသိရှိရပါသည်။ ဆီးအိမ် ကင်ဆာဖြစ်ပွားသူဦးရေ၏ ထက်ဝက်ခန့် မှာ ဆေးလိပ်သောက်ခြင်း ကြောင့်ဖြစ်၍ အင်္ဂလန်နို င်ငံရှိ The National Health Service (NHS) မှ “ဆီးအိမ်ကင်ဆာအစ၊ ဆေး လိပ် သောက်ခြင်း က” ဟု ဖော်ပြထားသည့်အတွက် “မိမိအိတ်ကပ်ထဲမှ ပိုက်ဆံကိုမီးရှုံ့ ရုံသာမ က၊ ဝေဒနာကိုငွေေ ပးဝ ယ်” ပြီး၊ ဆိုးကျိုးများသာဖြစ်စေသော ဆေးလိပ်သောက်သုံးခြင်းမှ ရှောင်ကျဉ်ကြပါရန် တိုက်တွန်းလိုက်ရပါသည်။
Credit: တင်ထက်ထက်ဇော်
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...