ကိုယ်ပေးသော်လည်း ပေးတိုင်းပြန်မရတာ အချစ်လို့ခေါ်သလား
လူတစ်ယောက်ကို ချစ်လွန်းတဲ့စိတ်တွေနဲ့
အရမ်းကြီးပေးဆပ်မပြနဲ့ အရမ်းပေးဆပ်တာများတဲ့အခါတန်ဖိုးမထားတတ်ကြတော့ဘူးလေ...
လူတစ်ယောက်ကို အရမ်းချစ်တာပါပဲသိပ်ပြီးတော့
မျှော်လင့်ချက်တွေကြီးကြီးမားမာမထားမိပါစေနဲ့ ကိုယ့်ရဲ့
မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့တစ်နေ့ဘ၀တစ်ခုလုံးနဲ့ရင်းပြီး ခံစားရမှာက ကိုယ်ကိုတိုင်ပါပဲ...
လူတစ်ယောက်ကို လိုတာထက်ပိုပြီးအလေးနက်မထားမိပါနဲ့
ကိုယ်ကအရမ်းဂရုစိုက်နေမှန်းသိရင် တန်ဖိုးမထားပဲလုပ်ချင်ရာလုပ်နေတတ်ကြတယ်...
လူတစ်ယောက်ကို စိတ်ထဲနှစ်ထားပြီးချစ်တာကောင်းပါတယ်
ဒါပေမဲ့ သူနဲ့ပတ်သက်တဲ့အသေးမွှားလေးတွေကအစခံစားနေရ
တတ်ပြီး ပြသနာတစ်ခုဖြစ်တိုင်းဟိုတွေးဒီတွေးတွေနဲ့နာကျင်ခံနေတတ်တာတွေကို လျှော့ဖို့လိုပါတယ်...
အချစ်ဆိုတာ တစ်ခါတစ်လေတော့လဲကိုယ်ကပေးဆပ်တိုင်း
ပေးဆပ်သလောက်လိုချင်မိပေမဲ့ ပြန်မရလိုက်တာကများနေတတ်ပါတယ်...
Credit: Phoe Phyu
ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...