iMyanmarHouse.com - Best Property Website for Myanmar
×










ရေထည့်သော အကျင့်သည် နား မှိုစွဲသည့်ရောဂါ ဖြစ်ပွားနိုင်ကြောင်း နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု ပါရဂူ တစ်ဦးက ပြောကြား ခဲ့သည်။ ရေနှင့်ဆီများ နားအတွင်း ထည့်သွင်းခြင်း သို့မဟုတ် မတော်တဆ ဝင်ရောက်ခြင်း များသည် နားအင်္ဂါ အတွင်းရှိ ပြွန်ထဲ၌ရှိသော နားစည်နှင့် ၎င်း၏ အနီးတစ်ဝိုက်တွင် နားဖာချေးထုတ်သော အကျိတ်၊ အဆီကျိတ်များရှိကာ ယင်းအကျိတ်များသည် ရာသီဥတု ပူလာပါက ခန်းခြောက်တတ်သော သဘော ဖြစ်တတ်သဖြင့် ရေထည့်ခြင်းက နားမှိုစွဲသည့် အခြေအနေမျိုး ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

''ရာသီဥတု ပူတဲ့အချိန်မှာ နားထဲကနေ နားဖာချေး အခြောက်လေးတွေ ခါတိုင်းထက် ပိုထွက်လာ တတ်တယ်။ အဲဒီလို အချိန်မျိုးမှာ နားကျပ်တာ၊ နားကလော်တာ၊ နားထဲ ရေထည့်တာနဲ့ နားနဲ့ပတ်သက်တဲ့ တခြား ဆေးရည်ထည့်တာမျိုးတွေ မပြုလုပ်သင့်ပါဘူး။ ပူတဲ့ရာသီမှာ နားထဲက အဆီတွေက ခြောက်သွေ့ တတ်ပေမယ့် ခန်းတယ်လို့တော့ မရှိပါဘူး'' ဟု နားရောဂါ ကုသသူ ဆရာဝန်တစ်ဦးက ပြောကြားခဲ့သည်။

နားသည် အတွင်းပိုင်းကျသော အင်္ဂါရပ်တစ်ခု ဖြစ်သဖြင့် မှိုစွဲရောဂါ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာ ဆရာဝန်နှင့် ပြသသင့်ပြီး မဖြစ်မီ ကြိုတင်ကာကွယ်သည့် အနေဖြင့် နားအတွင်း ရေထည့်သွင်းသည့် အပြုအမူမျိုးလည်း မလုပ်ရန် လိုအပ်ပေသည်။

Credit : Myawady

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top