လူတစ်ယောက်က စတင်ပြီး လမ်းခွဲသွားတဲ့အခါ..
၁ ။ မယုံနိုင်ဘူးဖြစ်နေတယ် ။
( ကိုယ် ဒီလောက် သူအပေါ်ချစ်ခဲ့တာကို သူသိရဲသားနဲ့  ဘာကြောင့်လဲ ဆိုတာကို ခနခန
ကိုယ့်ဟာကို မေးနေမိတယ် ... )
၂ ။ ဒေါသ ထွက်လာတယ် ။
( ဖြစ်ပေါ်လာတဲ့ ၀မ်းနည်းမူ့ ကို ကာကွယ်ချင်တဲ့ စိတ် နဲ့ ဒေါသတွေ ဇွတ်ထွက်နေတယ် ..)
၃ ။ ရန်ဖြစ်ဖို့ ကြိုးစားမိတယ်
( သူ ပြန်တောင်းပန်ပြီး အရင်တိုင်းဖြစ်ချင်တဲ့ စိတ်ကြောင့်ဆိုတာကတော့ ကိုယ်ကိုတိုင်လည်း သတိထားမိမှာမဟုတ်ပါဘူး ။
၎ ။ ဘာဆက်လုပ်ရမှန်းမသိဖြစ်အောင် ရူတ်တရက် လမ်းပျောက်သွားတယ်
( သူပြန် မလာတာ သေချာမှန်းသိပေမယ့် သင့်စိတ်ထဲမှာ လက်မခံချင်သေးဘူးလေ )
၅ ။ မာနကို ထုတ်သုံးဖို့  ဦးနောက်က သတိပေးလာတယ်
( မင်း ၀မ်းနည်းနေတာကို သူမသိစေနဲ့  .. မင်းရင်ထဲမှာ ငိုနေတာကို သူမမြင်စေနဲ့ ဆိုပြီး
ဦးနောက်က ခုန ခုန သတိပေးလာတယ် )
၆ ။ ကိုယ်တိုင်တောင် မှားသလား မှန်သလားမသိတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်မိတယ်
( သူ မရှိလဲ ငါနေတတ်တယ် .. ငါ အချစ်တွေက သူနဲ့  မတန်ပါဘူး ဆိုပြီး မျက်ရည်တွေကြားက ပြောမိလာတယ် ။ ပြီးတော့ သူလမ်းခွဲတာကို လက်ခံလိုက်မိတယ် )
၇ ။ ၀မ်းနည်း မူ့ ကို သင်စတင်ပြီး သတိထားမိလာပါပြီ
( သူနဲ့  တကယ်ခွဲရပြီ ဆိုတဲ့ အသိက ရင်ထဲမှာ ဆို့ ဆို့ နင့်နင့် )
၈ ။ အချိန် အတော်ကြာလာတဲ့အခါမှာတော့ သင်ကိုယ်တိုင်တောင် မသိဘဲ ငိုမိနေပါပြီ
( ဘ၀မှာ အဆိုးရွားဆုံးအချိန်တွေ ဟုတောင် တင်စားရလောက်အောင် ခံစားနေမိတယ် )
၉ ။ ငိုလို မောလာတဲ့အချိန်မှာတော့ အသဲကွဲတယ် ဆိုတာ ဘာလဲဆိုတာကို သင်ဘာသာပြန်တတ်လာပါပြီ ။
( လူတစ်ချိုကတော့ အချိန်အနည်းငယ် နဲ့ သွေးအေးသွားတဲ့အချိန်မှာတော့ အသဲကွဲတဲ့အရသာကို စွဲလမ်းသွားကြတဲ့သူတွေလည်းရှိခဲ့ကြတယ် )
၁၀ ။ အားလုံးပြီးဆုံးသွားပြီ ဆိုတာ သိလိုက်တဲ့အချိန်မှာတော့
( လူအများစုက ကိုယ့်ကို ထားသွားတဲ့သူကို မုန်းမိကြပေမယ့် သံယောဇဉ်မပြတ်နိုင်တဲ့သူကတော့ သူ ပျော်ရွင်ဖို့  ၊ ကံကောင်းစေဖို့ မထင်မှတ်ပါဘဲ နဲ့  ဆုတစ်ခုစီ တောင်းမိကြတယ်လေ )
Credit : Kaung Lay
ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...