iMyanmarHouse.com - Best Property Website for Myanmar
×















ခန္ဒာကိုယ်က ၀နေလို့ ဘာဝတ်ရမလဲ မသိဖြစ်ပြီး စိတ်မညစ်နေပါနဲ့။ ခန္ဒာကိုယ်ဝပေမယ့် ချစ်စဖွယ် ဖက်ရှင်လေး ဖြစ်စေမယ့် အ၀တ်အစားလေးတွေကို ရွေးချယ်ကြည့်ရအောင်နော်။


ဝပြီး အရပ်ပုသော ပျိုမေတို့အတွက်

သင့်ခန္ဒာကိုယ်က ခပ်၀၀နဲ့ အရပ်က နည်းနည်းပုတယ် ဆိုရင် ခန္ဒာကိုယ် ပေါ်လွင်အောင် ခပ်ကျပ်ကျပ်ဝတ်ဆင်တာမျိုးကို မရွေးပါနဲ့။ ဒူးလောက်ရှိတဲ့ အကျီအရှည်လေးတွေကို ရွေးဝတ်ပါ။ အကျီက အရမ်းမရှည်စေဖို့ သတိထားပါ။ အရမ်းရှည်လွန်းပြီး ဒူးနဲ့ ဖုံးသွားရင် သင့်ကို ပိုပြီး ပုတယ်လို့ ထင်ရစေပါတယ်။

ဝပြီး အရပ်ရှည်တဲ့ ပျိုမေတို့အတွက်

သင်ဟာ ၀ပြီး အရပ်လည်းရှည်တယ် ဆိုရင်တော့ ခန္ဒာကိုယ် အတော်လေး ကြီးသွားနိုင်ပါတယ်။ အပေါ်နဲ့အောက် ၀မ်းဆက် အ၀တ်အစားမျိုးတွေနဲ့ လိုက်ဖက်ပါတယ်။ ဂါဝန်ဝတ်မယ်ဆိုရင် ဆွဲသားဂါဝန်ကို ရင်ဘတ်နေရာနားမှာ ကျပ်ထားပြီး အောက်ပိုင်းကို တစ်ပြေးတည်းကားသွားတဲ့ ဂါဝန်မျိုးတွေနဲ့ လိုက်ဖက်ပါတယ်။

ဝပြီး အရပ်အနေတော်ဆိုရင်

စကတ်အတိုအကျပ်လေးတွေနဲ့ လိုက်ဖက်ပါတယ်။ ဂါဝန်တွေကို ခါးနေရာမှာ ချည်ပြီး ၀တ်ဆင်ပါ။

အခြား အချက်များ

ဒေါင်လိုက်အစင်းတွေပါတဲ့ ဒီဇိုင်းနဲ့ အပွင့်ကြီးကြီး ဒီဇိုင်းတွေကို ရွေးပါ။

အရောင်ကို ခပ်ရင့်ရင့် အရောင်နဲ့ အနက်ရောင်သာ ရွေးပါ။ အပြောင်သားတွေက သင့်ကို ပိုဝစေတာကြောင့် ရှောင်ပါ။

ဒေါက်မြင့်ဖိနပ်အစား ခုံထူဖိနပ် အမြင့်စီးပါ။

Credit: Pyi Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top