အလှအပအတွက် ဒါလေးတွေသိထားတော့ အဆင်ပြေတာပေါ့..
နှုတ်ခမ်းနီ ကုန်ခါနီး ခြောက်သွေ့နေရင်
ကုန်ခါနီး နှုတ်ခမ်းနီတောင့်ဆိုရင် လက်ကျန်အနည်းငယ်ကို ဂရုမပြုတော့ဘဲလွှင့်ပစ်လေ့ရှိကြတယ်။ အရောင်အရမ်းကြိုက်ပြီး အဝယ်ရခက်တဲ့ နှုတ်ခမ်းနီအရောင်မျိုးမှပဲ နောက်ဆုံးလက်ကျန် အနည်းငယ်
အထိ ကတ်သတ်ပြီးသုံးကြမှာပါ။သည်လိုမျိုးသုံးချင်တယ်ဆိုရင် ကုန်ခါနီးနှုတ်ခမ်းနီတောင့်ကို ရေနွေးထဲ ၁ဝမိနစ်ခန့် စိမ်ပေးလိုက်ပါ။ အပူက နှုတ်ခမ်းနီကို ပျော်ဝင်နေတာကြောင့် ပိုမို အရောင် စိုပြီး လင်းလက်စွာ နှုတ်ခမ်း အလှကို တင့်တယ်စေမှာပါ။
မျက်လုံးဆွဲ လိုင်နာခဲတံ တိုလွန်းပြီဆိုရင်
လက်စွဲ မျက်လုံးဆွဲ ခဲတံလေး၏ ခဲသားလေးတွေက အရမ်းနူးညံ့ပြီး ကျိုးပဲ့ လွယ်တယ်ဆိုရင် အဆိုပါ လိုင်နာ ခဲတံလေးကို Freezer ထဲမှာ ၁၅ မိနစ်ခန့် ထားပေးပါ။ ခဲသားတွေ မာလာပြီး ဆွဲရ ပို မို ပြတ်သား လာတာကို တွေ့ရပါမယ်။
လိပ်စာကတ်တွေကို မျက်တောင် ကော့ရာမှာသုံး
Credit ကတ်လို၊ Business ကတ်လို လိပ်စာ ကတ်လေးတွေကို မျက်တောင်တွေပေါ် mascara တင်ရင် သုံးနိုင်ပါတယ်။ မျက်တောင်အောက်မှာ ကတ်လေးကိုခံပြီး ဆိုးပေးရင် အောက်မျက်ေ တာင်ကို mascara စွန်းပေခြင်းမှ ကာကွယ်ပါတယ်။
credit : Myawady.net
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...