iMyanmarHouse.com - Best Property Website for Myanmar
×

facebook ကို အဓိကဖွင့်ရ တဲ့အကြောင်းက ကိုယ့်ပုံတွေကို ကြည့်ချင် ရင်ပဲဖြစ်ဖြစ်၊ ပရိသတ်တွေ ကြည့်ချင်ရင်ပဲဖြစ်ဖြစ် မိုးယုစံဆိုရင် ပုံတွေကြည့်ချင်မှာပဲ။ အဲဒီအချိန်ကြ ရင် ပုံတွေကအဟောင်းတွေဖြစ် မှာစိုးတယ်။ ဓာတ်ပုံဆိုင်မှာ ရိုက်ထား တဲ့ ပုံကြမ်းတွေပဲ ထွက်လာတယ်။ အဲ ဒါတွေကိုကြည့်ပြီး စိတ်ပျက်လာတာ နဲ့ အကောင့်ဖွင့်မယ် ဆိုပြီးဖွင့်လိုက် တာ။ မိုးယုလက်လှမ်း မီသလောက် ပုံလေးတွေ တင်ဖြစ်တယ်။ facebook ကို မိုးယုပုံ တင်တယ်။ သူများ တင်တာကိုကြည့်တယ်။ facebook ကို စွဲစွဲလမ်းလမ်း သုံးတဲ့ထဲ မပါဘူး။ နေ့တစ်ဝက် တစ်ချိန်လုံးဖွင့်ထား တယ်။ facebook ကို ၁၅မိနစ် လောက်ပဲသုံးဖြစ်တယ်။

အရမ်းကြီး စိတ်ဝင်စား တဲ့ထဲမှာ မပါဘူး။ comment ဆိုးဆိုးတွေ ပေးတာမခံရဘူး။ တချို့ comment တွေက ပရိသတ် ထောင်ချီပြီး လက်ခံပေမယ့် မိုးယုရဲ့ facebook ထဲမှာ ပရိသတ်က ရာ ဂဏန်းပဲ ရှိတယ်။ လာ add ထား တာများပေမယ့် လက်မခံဘူး။ မိုးယုသိ တဲ့သူနဲ့ စိတ်ထဲပေါ်လာတဲ့ သူပဲ လက်ခံဖြစ်တယ်။ facebook ကသုံးတဲ့သူအပေါ်မှာ မူတည်တယ်။ တချို့က လျှောက်တင်နေတာပဲ။ တင်တာက သူ့အပိုင်း ဖတ်တဲ့သူက လည်း ကိုယ့်ဘာသာ ကိုယ်အချိန် ကုန်ခံ ပြီးဖတ်တာ ကိုယ့်အပိုင်းပါပဲ။ မိုးယု က facebook သုံးရင် ပုံတင်ဖြစ်တယ်။


တခြား ထူးထူးဆန်း ဆန်းတင်ဖြစ်တယ်။ ပရဟိတ အလုပ် တွေဆိုလည်း တင်ဖြစ်တယ်။ သူများ တင်တဲ့ သတင်း တွေလည်းကြည့် ဖြစ်ပါတယ်။ facebook ကို Log Out မလုပ့် ထားတဲ့အတွက် Online မှာရှိနေပေမယ့် မိုးယုကလုံးဝမသုံး ဖြစ်ဘူး။ ကိုယ့်ကို friend လာလုပ် ရင်လည်း အမြဲမကြည့်ဖြစ်ဘူး။


Credit: 8Days

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်... 
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top