iMyanmarHouse.com - Best Property Website for Myanmar
×














အမျိုးသမီးလေးတွေနဲ့ ပတ်သက်လို့ စေတနာထားပြီး
ပြောလိုတာလေး ကျန်ပါသေးတယ်။
အခြားတော့ မဟုတ်ပါဘူး။

လောကမှာ အမျိုးသမီးလေးတွေဟာ
အမျိုးသားလေးတွေရဲ့ စိတ်ဝင်စားမှုကို ရချင်တယ်။
ဒီလိုပါပဲ အမျိုးသားလေးတွေကလည်း
အမျိုးသမီးလေးတွေရဲ့ စိတ်ဝင်စားမှုကို ရလိုကျတာပဲ။

အဲလို တစ်ဦးနဲ့တစ်ဦး ဆွဲဆောင်ဖို့ ကြိုးစားတဲ့နေရာမှာ လွဲချော်နေတာလေးတွေကို ပြောချင်တာပါ ။
ဒီ ပို့စ်မှာ အဓိကပြောလိုတာကတော့
အမျိုးသမီးလေးများအတွက်ပါ။

ယခုခေတ် မိန်းကလေးအများစုဟာ
“ ယောက်ျား မိန်းမ မခွဲခြားခြင်း ” ဆိုတဲ့ ခေတ်ရဲ့
ဆွဲဆောင်မှုနောက်ကို လိုက်ပါကြလျှက် (သို့မဟုတ်)
ထိုစကားကို တလွဲ အဓိပ္ပာယ် ဖွင့်ဆိုကြလျှက်
ယောက်ျားလေးတွေနဲ့
ဆက်ဆံတဲ့နေရာမှာ သိပ်ကို ရဲရဲတင်းတင်း
ပြုမှုဆက်ဆံလာကြပါတယ်။

စကားပြောတဲ့အခါ ယောက်ျားလေးတွေကို
ဖင်ပုတ် ခေါင်းပုတ်ဖြင့် တို့ထိပြောဆိုခြင်း ၊
အလွန်အကျွံရင်းနှီးလိုမှုကိုပြခြင်း စတဲ့
အပြုအမှုတွေကို ပြုလုပ်တတ်ပါတယ်။
အဆိုးတကာ့ အဆိုးဆုံးကတော့ ယောက်ျားလေးများနဲ့
တန်းတူရည်တူ သောက်စားမူးရစ်ခြင်းတွေ၊
လောင်းကစားခြင်းတွေအထိ မြန်မာ့လူမှုအသိုင်းအဝိုင်းမှာ
တွေ့လာရတာပါပဲ။ မိမိရဲ့ တန်ဖိုးကို မိမိကိုယ်တိုင်
အဆုံးစွန်ထိ လျော့ချပစ်လိုက်တာပါ။

သူတို့ကတော့ ဒါကို ခေတ်မှီတယ်လို့လည်း
ခေါင်းစဉ်တပ်ချင် တပ်ကြမယ်ပေါ့။ များသောအားဖြင့်
ထိုကဲ့သို့သော မိန်းကလေးများရဲ့ အနီးအနားမှာ
ယောက်ျားလေးများ ဝိုင်းဝိုင်းလည်နေတတ်ပါတယ်။
ဒါကိုလည်း သူသာယာစရာလို့ ထင်ကောင်းထင်တတ်ပါတယ်။

ကိုယ့်အပေါ်မှာ ဘယ်လိုစိတ်မျိုးနဲ့ သာယာနေသလဲဆိုတာ
သူတို့ မခွဲခြားတတ်တော့ပါ။ ဟော… သိပ်မကြာဘူး
သူ့အနားက သူ့ကို သိပ်ပြီး သဘောကျတဲ့သူတွေ
အပြောင်းလဲကြီး ပြောင်းလဲသွားတဲ့ အချိန်မှာတော့
သူဆောက်တည်ရာမရ ဖြစ်တော့တာပါပဲ။

ဒီလိုဖြစ်ရတာဟာ တန်ဖိုးထားမှု လွှဲချော်ခြင်းကြောင့်ပါပဲ။
တစ်နည်းအားဖြင့် ကိုယ့်တန်ဖိုး ကိုယ်နားမလည်ခြင်းကြောင့်ပါ။ ယောက်ျားလေးတွေဟာ ဘယ်လို မိန်းကလေးတွေကို
ထာဝရ လက်တွဲချင်ကြတယ်ဆိုတာ
ထိုမိန်းကလေးများ မသိလို့ပါ။

ဘယ်ယောက်ျားလေးမဆို ကိုယ်ရေရှည်လက်တွဲမယ့်
မိန်းကလေးကို တည်တည်တံ့တံ့ ဣနြေ္ဒရှိတဲ့
အမျိုးသမီးကိုပဲ ရွေးချယ်လိုကြတာပါ။

ဘယ်သူမှ လျှပ်ပေါ်လော်လီတဲ့ မိန်းကလေးကို
အမြဲတမ်းလက်တွဲဖေါ်အဖြစ် မရည်ရွယ်လိုကြပါဘူး။

ယောက်ျားလေး တစ်ရာကို မေးကြည့်ရင်
တစ်ရာလုံးက ဒီတိုင်းပဲ ဖြေမှာပါ။
ဒါကို သဘောမပေါက်သော (သို့မဟုတ်)
စိတ်အလိုလိုက်သော အမျိုးသမီးများဟာ
ခဏာတာရရှိတဲ့ မျက်နှာပွင့်လန်းမှုလေးကို
ထာဝရထင်မှတ်ပြီး လောကရဲ့ လှည့်စားမှုနောက်
တကောက်ကောက် လိုက်ပါရာကနေ
တကယ်တမ်း ကိုယ်မြတ်နိုးတဲ့ တန်ဖိုးတွေကနေ
ဝေးလို့ ဝေးမှန်းမသိ ဝေးကွာသွားပါတော့တယ်။

ဒါကြောင့် ခေတ်အမျိုးသမီးလေးများလည်း
ကိုယ့်တန်ဖိုး ကိုယ်နားလည် တတ်ကြပါစေ ။
ခေတ်လူငယ်အားလုံးလည်း ပျော်ရွှင်စရာကောင်းသော
ကုသိုလ်ဖြစ်သော ခရီးစဉ်များကို
ဆက်လက်လျှောက်လှမ်းနိုင်ကြပါစေလို့ ဆန္ဒပြုရင်း……။

Credit: Young Buddhist's Association

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top