အရိုးရှင်းဆုံး အလှ......
အမျိုးသမီးတို့ဧ။် အလှကို ရှုမြင်သူတို့အဖို့ ခံစားချက် နှစ်မျိုး ဖြစ်ပေါ်လာပါသည်။
ပထမ ခံစားချက်ကတော့ “ကာမ တဏှာ ခံစားချက်” ဖြစ်ပြီး ဒုတိယခံစားချက်ကတော့ “ဖြူစင်သန့်ရှင်းစွာ စွဲမက်စေတဲ့ ခံစားချက်”ပဲဖြစ်ပါတယ်။
ကာမတဏှာခံစားချက်ကို ဖြစ်ပေါ်စေတဲ့ အလှကတော့ လှတော့လှပါတယ်။ ဒါပေမယ့် အဲဒီအလှကို ယောက်ျားများသာ ခံစားလို့ရပြီး အမျိုးသမီးတွေကတော့ ကျိန်းသေ နှာခေါင်းရှုံ့မှာပါ။
ဒါ့အပြင် အမျိုးကောင်းသားတွေနဲ့ အဆင့်အတန်း မြင့်တဲ့လူတွေလည်း မကြိုက်ကြတဲ့အပြင် တစ်ခါတလေ အထင်အမြင်သေးခြင်းကိုတောင် ခံရလေ့ရှိပါတယ်။
အနောက်တိုင်း ယဉ်ကျေးမှုတွေ မြန်မာပြည်ကို လွှမ်းမိုးလာကတည်းက မြန်မာ အမျိုးကောင်းသမီးတွေ ရေလိုက်လွဲတော့တာပါပဲ။ ဒါကို လူတိုင်း စိတ်မကောင်းကြပါဘူး။
အဆိုးဆုံးက မိန်းကလေးတွေပာာ ပေါင်တွေ ရင်သားတွေဖော်နေတာပါ။ အစ်ကို အစ်မတို့ရေ။ ကန်တော့ပါဗျာ။ ပြည်ငြိမ်း စကားပြောရိုင်းတာရှိရင် နားလည်ပေးပါ။ တစ်ချို့ဆိုရင် အတွင်းခံ ဘောင်းဘီတောင် မသိမသာဖော်ပြီး ပြလိုက်သေးသဗျာ။
ဒါကို လူမျိုးခြားတွေက တွေ့တော့ စိတ်မထိန်းနိုင်ဘဲ ပွဲကြမ်းကြပါရော။ အမျိုးစောင့် ဥပဒေ ပေါ်ရခြင်းရဲ့ အကြောင်းတစ်ခုပေါ့။ ထားပါတော့လေ။
ဒီအကြောင်းတွေကြောင့် မြန်မာမိန်းကလေးတွေ ၀တ်စားဆင်ယဉ်မှုကို အထူး ဂရုစိုက်ကြပါလို့ မြန်မာ ယောက်ျားသားတွေရဲ့ ကိုယ်စား တောင်းဆိုပါတယ်။
နောက်အလှတစ်မျိုးကတော့ အရိုးရှင်းဆုံး မပာာဆန်တဲ့ အလှပါ။
မပာာဆန်တဲ့အလှကို ယောက်ျားတွေရော မိန်းမတွေပါ အားလုံးက နှစ်သက် မြတ်နိုးကြပါတယ်။
အထက်တန်းစား စိတ်ဓာတ် မြင့်မြတ်သူတွေပာာ မပာာဆန်တဲ့ အလှကိုပဲ နှစ်သက်ကြတယ်။ အဲ့ဒီမပာာဆန်တဲ့အလှပာာ လုံလုံခြုံခြုံလေးနဲ့ သနပ်ခါးလေးလိမ်းထားတဲ့ မြန်မာဆန်ဆန် အလှမျိုးပါ။
မိန်းမတစ်ယောက်ရဲ့ ဂုဏ်သိက္ခာပာာ သူ့ရဲ့ ၀တ်စားဆင်ယဉ်မှုနဲ့ တော်တော်များများ သက်ဆိုင်ပါတယ်။
ဒါ့ကြောင့် မြန်မာပြည်က နှမငယ်အားလုံးကို မြန်မာဆန်ဆန် လုံလုံ ခြုံခြုံဝတ်ဆင်ခြင်းဖြင့် မိမိတို့ဧ။် ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကို မြှင့်တင်ပါလို့ သတိပေး တောင်းဆိုလိုက်ပါသည်။
Credit : Pyi Nyein
ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...