iMyanmarHouse.com - Best Property Website for Myanmar
×










အိမ်ကမထွက်ခင်မှာတော့ မိမိကိုယ်ကို အားလုံးစိတ်တိုင်းကျ အပြစ်အနာအဆာ မရှိအောင် ပြင်ဆင်ခဲ့ကြမှာပါပဲ။ ဒါပေမယ့်လည်း အချို့ပြသနာတွေဟာ ပြင်းထန်တဲ့ သဘာဝ ရာသီဥတုကြောင့် ဖြစ်လာတာတွေပါ။ ဒီပြသနာတွေကို ဖြေရှင်းဖို့အတွက် ဆေးဆိုင်(သို့) အလှကုန်ဆိုင်တွေကို သွားရောက်အကူအညီတောင်းမိကြမှာပါ။ ဈေးကွက်ထဲမှာ ဒီပြသနာ တွေကိုဖြေရှင်းဖို့ထုတ်ကုန်တွေ အများကြီးရှိပြီး ဘယ်နေရာတွေမှာ သုံးသင့်ကြောင်း လေ့လာ ကြည့်ရအောင်။

(၁)     ချွေးထွက်ခြင်း

ချွေးလိုအပ်သည်ထက်ပိုထွက်ခြင်းဟာ ယေဘုယျပြသနာတစ်ခုပါပဲ။ ဒီအတွက် ကြောင့်တစ်ချို့မှာ ဘယ်အ၀တ်အစားမျိုးနဲ့သာ အဆင်ပြေနိုင်တယ်ဆိုတာမျိုး ရှိလာပါတယ်။ ဖက်ရှင်ကျကျဝတ်ချင်သူတွေအတွက်တော့ အနည်းငယ် အခက်တွေ့စေပါတယ်။ ချိုင်းချွေးနံ့ပျောက်ဆေးတွေနဲ့ ချွေးတိတ်ဆေးတွေဟာ အနံ့ကို ဖုံးအုပ်ဖို့နဲ့ ချွေးထွက်နှုန်းကိုနှေးကွေးစေပြီး လူအများစု အသုံးပြုလေ့ရှိတဲ့ ထုတ်ကုန်တွေပါပဲ။ အစားအသောက်ကိုလဲ အလားတူဆင်ခြင်သင့်ပါတယ်။ ဥပမာ- ကြက်သွန်ဖြူ၊ ကြက်သွန်နီ နဲ့ အနံ့ပြင်းပြင်း ဟင်းလျာတွေဟာ ချွေးထွက်များစေပြီး ကိုယ်နံ့စူးရှစေပါတယ်။

(၂)     ကြမ်းတမ်းတုတ်ခိုင်နေတဲ့ လက်မောင်းတစ်စုံဟာ စိတ်အနှောင့်အယှက်ဖြစ်စရာပါ။ အထူးသဖြင့် လက်ပြတ်ဝတ်သင့်တဲ့ နွေရာသီလိုရာသီမျိုးမှာပေါ့။ ဒါဟာ အသားအရေခြောက်သွေ့ခြင်းတစ်မျိုးဖြစ်ပြီး ဘာအန်္တရာယ်မှတော့ မရှိပါဘူး။ အရွယ်ရောက်ပြီးသူများရဲ့ ၄၀-၅၀ ရာခိုင်နှုန်းလောက်မှာ အဖြစ်များပါတယ်။ ဒီတော့ PH ပါဝင်မှုညီမျှတဲ့ ရေချိုးဆပ်ပြာရည်တွေ ရွေးသုံးပါ။ ခြောက်သွေ့နေတဲ့ အနေရာတွေကို နေ့စဉ်ပွတ်တိုက်ပြီးချိုးပေးပါ။ ရေချိုးပြီးချိန်မှာ အစိုဓါတ်ထိန်းတဲ့ လိုးရှင်းမျိုးကို ခြောက်သွေ့နေတဲ့နေရာ အဓိကထားပြီး လိမ်းထားပေးပါ။

(၃)     အဖုအပိန့်ထလွယ်တဲ့ အရေပြားမျိုး ၊ သာမာန်အဟုတ်တဲ့ အရေပြားမျိုးရှိခြင်း ကလဲ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိခြင်းကို လျော့ပါးစေပါတယ်။ ညနေဘက် ပွဲတက်တဲ့အခါ တောက်ပနေရခြင်းရဲ့ လျှို့ဝှက်ချက်ထဲမှာ အသားအရေ လှပခြင်း ပါဝင်ပါတယ်။ ဒီအသားအရေမျိုးဖြစ်ရခြင်းမှာ မျိုးရိုးဗီဇလိုက်ခြင်းကြောင့်လဲ ဖြစ်နိုင်ပါတယ်။ အသားရေနီမြန်းနေတတ်ပြီး နေရောင်ခြည်ကြောင့် ပျက်စီးခြင်း မျိုးကို အလေးထားကာကွယ်သင့်ပါတယ်။ နေရောင်ခြည်ကာ ခရမ်တွေကို မိုးအုံ့နေတဲ့ နေ့တွေမှာတောင် တစ်နေ့တစ်ကြိမ် အနည်ဆုံးလိမ်းပေးသင့်ပါတယ်။ တကယ်လို့ အခုခေတ်စားနေတဲ့ ကြေးနီရောင် တောက်နေတဲ့ အသားအရေမျိုး လိုချင်ခဲ့မယ် ဆိုရင်တောင် နေပူဆာလှုံခြင်းကိုရှောင်ကျဉ်သင့်ပြီး အရောင်အတု လုပ်ခြင်းက စိတ်ချရပါတယ်။

 အလှအပကို ဦးစားပေး စိတ်ဝင်စားသူတွေအနေနဲ့ အသားအရေထိန်းသိမ်း ခြင်းဟာ အရေးပါကြောင်း အားလုံးသိပြီးသားဖြစ်မှာပါ။ ဒီတော့ ကောင်းမွန်ပြီး မျှတတဲ့ အသားအရေကိုပိုင်ဆိုင်နိုင်ဖို့ အစားအသောက်သာမက အနေအထိုင်ပါ ဆင်ခြင်သင့်ကြောင်း တင်ပြလိုက်ပါတယ်။

Credit: trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top