iMyanmarHouse.com - Best Property Website for Myanmar
×










ဒီနေ့လည်း ရုံးမှာ လုပ်စရာအလုပ်တွေက တပုံကြီး။ မစစ်ရသေးတဲ့ အီးမေးလ်တွေကလည်း ရှိသေးတယ်။ မကြာခင်အချိန်အတွင်းမှာ အစည်းအဝေးကိုလည်း ပြေးရဦးမယ်။ ခေါင်းတွေနောက်၊ စိတ်တွေရှုပ်လိုက်တာ။ စိတ်ဖိစီးမှုတွေကလည်းရှိနေတော့ နေရတာ အဆင်မပြေဘူး။ တစ်ယောက်တည်း တစ်နေရာမှာ ခဏလေးငြိမ်နေဖို့လည်း အဆင်မပြေ၊ အိမ်သာသွားဖို့တောင် အချိန်လုနေရတဲ့ ဒီလိုအဖြစ်မျိုးမှာ မိနစ်ပိုင်းလေးအတွင်း စိတ်ကိုအပန်းပြေသွားစေမယ့် နည်းလမ်းလေးတွေ ရှိတယ်လို့ဆိုရင် ယုံနိုင်ပါ့မလား။ ကဲ နည်းလမ်းလေးတွေက ဘာတွေများဖြစ်လိမ့်မလဲ....

၁။ ရေနွေးကြမ်းကို တစ်ငုံလောက် သောက်လိုက်ပါ။
စိတ်ဖိစီးမှုနဲ့ ဒေါသထွက်တဲ့အချိန်တွေအတွက် အကောင်းဆုံး သင်လုပ်ဆောင်နိုင်တာကတော့ ရေနွေးကြမ်းတငုံလောက် သောက်လိုက်တာပါပဲ။ ဆူနေတဲ့ ရေနွေးကို ငှဲ့ပြီး လက်ဖက်ခြောက်ခတ် ပြီးတာနဲ့ တစ်ငုံလောက် သောက်လိုက်ရုံနဲ့ စိတ်တွေ ပြန်လည်လန်းဆန်းလာမှာပါ။

၂။ချောကလက် အနည်းငယ်စားပေးပါ။
အာရုံကြောတွေ ပြန်လန်းဆန်းသွားပြီး တည်ငြိမ်နိုင်ဖို့ဆိုရင်တော့ ချောကလက်က အကောင်းဆုံးပါပဲတဲ့။ ချောကလက်အမဲတွေဟာ သင့်အာရုံကြောအတွက် ကောင်းပါတယ်။

၃။ဖိစီးမှုတွေနဲ့ ပျားရည်ကို အလဲအလှယ်လိုက်လုပ်ပါ။
ပျားရည်ဟာ အသားအရေအတွက်တင် မကပဲ စိတ်ဖိစီးမှုဖြစ်နေတဲ့အခါ ဇွန်းတစ်ဇွန်းလောက် သောက်သုံးပေးလိုက်တာနဲ့ ခံစားနေရတဲ့ ဖိစီးမှုတွေ လျော့ကျသွားစေပါတယ်။

၎။သရက်သီးဖျော်ရည် သောက်ပေးပါ။
အာရုံတွေ အရမ်းနောက်ပြီဆိုရင် ဖျော်ရည်လေးတစ်ခုခုသောက်လိုက်ရတယ်ဆိုတာ ကြားဖူးမှာပါ။ ခုလည်းအဲ့ဒီလိုပါပဲ။ ခေါင်းတွေနောက်၊ အာရုံတွေစားလာပြီဆိုရင် သရက်သီးဖျော်ရည်လေး နည်းနည်းသောက်ပေးလိုက်ရုံပါပဲ။

၅။ပီကေ ၀ါးပေးခြင်းဟာ ဒေါသတွေကို လျှော့ချနိုင်ပါတယ်။
ဘယ်သူမှ ထင်ထားမှာမဟုတ်ပါဘူး။ ဒေါသထွက်နေတဲ့အချိန်မှာရော၊ ဖိစီးမှုတွေ ခံစားနေရတဲ့ အချိန်မှာပါ ပီကေ ကောက်ဝါးပစ်လိုက်ရုံနဲ့ ဒါတွေလျော့သွားမယ်ဆိုတာကိုလေ။

၆။တရားမှတ်ပါ။
စိတ်တည်ငြိမ်စေဖို့အတွက် တရားမှတ်ခြင်းဟာ အကောင်းဆုံးပါ။ ဖြစ်နိုင်ရင်တော့ အေးချမ်းတဲ့နေရာ၊ အသံတွေ ဆူညံမနေတဲ့ နေရာမှာ တရားမှတ်ပါ။ ဒါဆို စိတ်ပြန်လည်အေးချမ်းသွားပါလိမ့်မယ်။

၇။ခေါင်းအုံးပေါ် ခဏလှဲနေလိုက်ပါ။
ရုံးမှာရောက်နေတဲ့သူတွေအတွက်ကတော့ ခေါင်းအုံးထားထားဖို့ မဖြစ်နိုင်ပါဘူး။ တကယ်လို့ ရုံးက ကိုယ့်ခုံမှာ ခေါင်းအုံးအသေးလေးတစ်ခု ရှိတယ်ဆိုရင် ခေါင်းအုံးပေါ် ခေါင်းခဏလောက် လှဲချလိုက်ပြီး ပူပင်မှုတွေအားလုံး ခေါင်းအုံးက စုပ်ယူသွားသလိုမျိုး ခံစားရပါလိမ့်မယ်။

၈။အသက်ကိုဝအောင်ရှုပါ။
အလွယ်ကူဆုံးနည်းလမ်းမို့လို့ အထင်မသေးလိုက်ပါနဲ့။ စိတ်ဖိစီးမှုတွေ ဖြစ်လာတဲ့အခါ၊ ဒေါသတြွေုဖစ်လာတဲ့အချိန်တွေဆိုရင် အသက်ကို ၀အောင်ရှုလိုက်ခြင်းဟာ သင့်ကိုအကျိုးဖြစ်ပေါ်စေပါတယ်။

၉။စိတ်ကူးယဉ်ပါ။
တစ်ခါတစ်လေ မဖြစ်နိုင်တာလေးတွေ၊ ဒါမှမဟုတ်ဖြစ်ချင်တာလေးတွေကို စိတ်ကူးယဉ်ကြည့်ပါ။ သူ့ဆီက အဖြေတောင်းထားတာ ရတော့မယ်။ အဖြေက လုံးဝ YES ဆိုတာပဲဖြစ်မယ် ဆိုတာမျိုး၊ ချစ်သူနဲ့နှစ်ယောက်တည်း အပန်းဖြေခရီးတစ်ခုခု သွားမယ်ဆိုတာမျိုး၊ မိန်းမ/ယောင်္ကျား ရရင် ဘယ်လိုလေးနေမယ် ဆိုတာမျိုးတွေ စိတ်ကူးယဉ်ကြည့်ပါ။ ဒါကလည်း စိတ်ပြန်လည်လန်းဆန်းစေနိုင်တဲ့ အချက်ပါပဲ။

၁၀။ကိန်းဂဏန်းတွေကို နောက်ပြန်ရေတွက်ပါ။
ဒါဟာ IQ test တော့ မဟုတ်ပါဘူး။ ဒါပေမယ့် စိတ်တွေတည်ငြိမ်သွားစေဖို့ အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုမို့ ကိန်းဂဏန်းတွေကို နောက်ပြန်ရေတွက်ပြီး စမ်းကြည့်လိုက်ပါ။

Credit: Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top