iMyanmarHouse.com - Best Property Website for Myanmar
×











လူငယ်ပရိသတ်တွေ တစ်ခဲနက် အားပေးကြတဲ့ ဟစ်ဟော့ အဆိုရှင်လွှမ်းပိုင်ရဲ့ ပထမဦးဆုံးတစ် ကိုယ်တော်အခွေအနေနဲ့ ဂီတစာဆို လွှမ်းပိုင်ကို ပရိသတ်တွေရှေ့ ချပြပေးတော့မယ့်အကြောင်း စာနယ်ဇင်းမိတ်ဆက်ပွဲကို ၂၉.၅.၁၄ ရက်နေ့က စီးတီးစတားဟိုတယ်မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ စာနယ်ဇင်းပွဲမှာ လွှမ်းပိုင်ပြောပြပေးခဲ့တာက “ပရိုမိုးရှင်းကိုတော့ ရန်ကုန်နဲ့မန္တလေး မြို့နှစ်မြို့မှာ အရင်ပထမဦးစွာ လုပ်ဖို့စီစဉ်ထားပြီး အခြားနယ်တွေကိုတော့ အဆင်ပြေသလို ထပ်လုပ်ဖို့ရှိတယ်လို့ပြောပါတယ်။

 Featuring အနေနဲ့ ဘန်နီဖြိုး၊ ရဲရင့်အောင်၊ Lil ‘Z၊ အိမ့်ချစ် ၊ Bobby Soxer တို့ပါပါမယ်။ Lil ‘Z နဲ့ အပုဒ်ကို အဓိက ပစ်မှတ်ထားတာက ရှိုးပွဲမှာဆိုလို့ကောင်းမဲ့ပုံစံမျိုးပေါ့။ အရမ်းမြူး တယ်။  ရော့ခ်ဆန်တယ်။ သူနဲ့ကအဆင်ပြေပါတယ်။ သူကလဲ သီချင်းတွေ ပိုင်ပိုင်နိုင်နိုင် ရေးတတ်တဲ့ သူတစ်ယောက်ဆိုတော့ အားလုံး အိုကေပါတယ်။ အမ်တီဗီကတော့ ဒီအခွေနဲ့ ၆လလောက်အကွာမှာ ထွက်ချင်ပါတယ်။

ဒုံးပျံနဲ့လဲ တော်တော်လေးကို ကွာပါတယ်။ ဘရာဇီးသွားရင်းနဲ့လဲ အမ်တီဗီအတွက် ရိုက်လာခဲ့ပါဦးမယ်။ ဒီအခွေနဲ့ပတ်သတ်ပြီး ပြောချင်တာက ပရိုမိုးရှင်းပွဲအကြောင်းပါပဲ။ ၈.၆.၂၀၁၄ ဒဂုံစင်တာမှာ နေ့လည် ၂နာရီကနေ ၅နာရီအထိ ပရိသတ်ကြီးနဲ့ လက်မှတ်ထိုးပွဲ လုပ်ပါမယ်။ ပြီးရင်၉.၆.၂၀၁၄ မှာတော့ မန္တလေး မနော်ယမန် မှာ ၅နာရီကနေ၈နာရီအထိ လက်မှတ်ထိုးပွဲရှိပါတယ်။ အဲဒီပွဲတွေမှာလည်း ပရိသတ်ကြီးနဲ့ တွေ့ဆုံချင်ပါတယ်။” လို့ပြောပြပေးခဲ့ပါတယ်။

Credit: trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top