iMyanmarHouse.com - Best Property Website for Myanmar
×










စစ်ပွဲတွေဖြစ်နေတဲ့နေရာတွေကို သွားရောက်လည်ပတ်ရတာက သူမကို ပိုပြီးပျော်ရွှင်တဲ့ လူတစ်ယောက်ဖြစ်စေတယ်လို့ Angelina Jolie ကယုံကြည်နေပါတယ်။

ကုလသမဂ္ဂနဲ့တွဲဖက်အလုပ်လုပ်ဖို့အတွက် သွားရတဲ့ခရီးတွေကြောင့် Jolie တစ်ယောက် သူမရဲ့ကိုယ်ပိုင်ပြသနာတွေကို မေ့လျှော့ပြီး သူမပိုင်ဆိုင်တဲ့အရာတွေကို တန်ဖိုးထားမြတ်နိုးနေရကြောင်း ပြောပါတယ်။

‘ကျွန်မရဲ့ကိုယ်ပိုင်ပြသနာတွေနဲ့ ဒုက္ခတွေအကြောင်းပိုပြီး စိတ်ဝင်စားခဲ့တဲ့ကာလတစ်ခုကို ကျွန်မဖြတ်သန်းခဲ့ပါတယ်။ ပြီးတော့ ကျွန်မမြေမြှုပ်မိုင်း ဒဏ်ခံရတဲ့သူတွေရှိတဲ့၊ ကျွန်မပထမဆုံးရောက်တဲ့စစ်ဖြစ်ပွားရာနေရာဖြစ်ပြီး အကူအညီတကယ်လိုအပ်နေတဲ့လူတွေကို ရှင်တွေ့ရမယ့် နေရာတွေကို ကျွန်မခရီးထွက်ခဲ့ပါတယ်။ သူတို့ရဲ့ မိဘတွေဒါမှမဟုတ် သားသမီးတွေဘယ်မှာရှိတာလဲဆိုတာတောင်မသိတဲ့လူတွေနဲ့တွေ့တာဖြစ်ပါတယ်။

 ပြီးတော့ သူတို့မှာလုံလောက်တဲ့ အစားအစာမရှိကြဘူး။ ပြီးတော့ ရှင်အိပ်ရာကနိုးလာပြီး ရှင့်ပြသနာတွေဟာ (ဒါတွေနဲ့ယှဉ်ရင်) ဘာမှမဟုတ်ပါလားဆိုတာနဲ့တင် ရှင်ကံကောင်းတယ်ဆိုတာသိရမှာပါ။ ရှင်ကိုယ့်အကြောင်းကိုယ် မပူပန်တော့ပဲ အခြားလူတွေကိုစိတ်ပူပေူပြီး ရှင်ရင့်ကျက်လာတာလေ။ ဒါကျွန်မ အတ္တမကြီးအောင် ကူညီပေးပါတယ်။ ပြီးတော့ ဒါကပိုပြီး ပျော်စရာကောင်းတဲ့ဘ၀ပါ။ သူများတွေကို အကူအညီပေးရတာ ပိုကောင်းတဲ့ဘ၀ကိုဖန်တီးပေးပါတယ်’ လို့ဆိုပါတယ်။

Credit: Trend Myanmar

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top