iMyanmarHouse.com - Best Property Website for Myanmar
×











ဘောင်ဆိုတဲ့ ဗီဒီယိုဇာတ်ကားလေးနဲ့ ပရိသတ်တွေရဲ့အသိအမှတ်ပြုခြင်းကို ခံခဲ့ရတဲ့ သရုပ်ဆောင်နန်းဆုဦးဟာ ဗီဒီယိုဇာတ်ကားပေါင်းများစွာကို ရိုက်ကူးနေရပြီးဖြစ်သလို လတ်တလော ထွက်ရှိထားသည့် ဖိုးအင်ဝမ်းဇာတ်ကားနဲ့လည်း ပရိသတ်အားပေးမှုကို ရရှိခဲ့သူပါ။ သရုပ်ဆောင်နန်းဆုဦးနဲ့ တွေ့ဆုံခိုက်မှာတော့ ပရိသတ်တွေနှစ်ခြိုက်နေတဲ့ ဖိုးအင်ဝမ်းဇာတ်ကားနဲ့ ပတ်သက်ပြီး အမှတ်တရတွေကို မေးကြည့်တဲ့အခါ

“ဖိုးအင်ဝမ်း ဇာတ်ကားလေးက ရိုက်ထားတာတောင် နည်းနည်းကြာနေပြီ။ အခုမှထွက်လာတာ။ သူငယ်ချင်းလေးယောက်က လူတစ်ယောက် ကိုဝိုင်းကြိုက်တဲ့ ပုံစံလေးပါ။ အဲဒီမှာ ဂိမ်းပုံစံလေးဝိုင်းပြီး လုပ်ကြတာ။ လှည့်ကွက်လေး တွေနဲ့ ရိုက်ထားတာဆိုတော့ ရိုက်ကတည်းက စိတ်ဝင်စားစရာ ကောင်းပါတယ်။ မင်းသမီးလေးယောက် အပြိုင်သရုပ်ဆောင်ရတာဆိုပေမယ့် ဇာတ်ကားရဲ့focus က တစ်ယောက်တည်းမှာ မဟုတ်ဘူး။ မင်းသမီးလေးယောက်လုံးကို focus လုပ်ထားတာ။ ဒါကြောင့် တစ်ယောက်တစ်မျိုးစီ အားလုံးက ကြိုးစားရတယ်။ အဲဒီ့ဇာတ်ကားထဲမှာ ညီမရဲ့ပုံစံက ခပ်လန်းလန်း မိန်းကလေး တစ်ယောက်ရဲ့ ပုံစံလုပ်ရမယ်ဆိုတော့ ဖက်ရှင်ဒီဇိုင်းပိုင်းကို အာရုံစိုက်ဖြစ်တယ်။ ကိုယ်လုပ်ရမယ့် ဇာတ်ကောင်စရိုက်ကိုလည်း ပီပြင်အောင် အတတ်နိုင်ဆုံးကြိုးစားဖြစ်တယ်။ ဒီဇာတ်ကားနဲ့ပတ်သက်လို့ ပရိသတ်ရဲ့ဝေဖန်မှု၊ အားပေးမှုတွေကို  ဖေ့ဘွတ်ပေါ်မှာ တွေ့ရတဲ့အတွက် ဝမ်းသာမိပါတယ်။”လို့ သူမက ပြောပါတယ်။

အရင်ကထက် ပိုပြီး ဇာတ်ကားတွေ ရိုက်လာရပြီဆိုတော့ ကိုယ့်ရဲ့သရုပ်ဆောင်မှုနဲ့ပတ်သက်လို့ ဘာတွေသုံးသပ်ဖြစ်သလဲ မေးကြည့်တဲ့အခါမှာတော့ သူမက “ညီမ ဇာတ်ကားတစ်ကား ရိုက်ပြီးတိုင်းကို အဲဒီ့ဇာတ်ကားမှာ လုပ်နိုင်ခဲ့တဲ့အပေါ် အမြဲတမ်း ပြန်လည်သုံးသပ်ပါတယ်။ သရုပ်ဆောင်သစ် တစ်ယောက်အနေနဲ့ တော့ လိုအပ်ချက်တွေ၊ မပြည့်စုံတာတွေကတော့ အများကြီးပါ။ အဲဒါတွေကိုလည်း အချိန်ရရင်ရသလို ပြင်ဆင်နိုင် အောင်ကြိုးစားပါတယ်။ လေ့လာမှုတွေလည်း လုပ်ဖြစ်ပါတယ်။ ပရိသတ်တွေဆီက တိုက်ရိုက်အားပေးစကားတွေ ပြန်သိရတော့ ဝမ်းလည်း ဝမ်းသာမိပါတယ်။ ရှေ့ဆက်လုပ်ဖို့ ခွန်အားတွေလည်း အများကြီးရပါတယ်”တဲ့။

Credit: Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top