iMyanmarHouse.com - Best Property Website for Myanmar
×














ကျွန်မ အမေ ..
Toner တွေ make up တွေ ဘာတစ်ခုမှမသိဘူး ။
သူသိတာတစ်ခုတည်း ..
သနပ်ခါးလေးလူးထားလိုက်ရရင် ဘယ်လောက်အေးချမ်းသွားတယ်ဆိုတာ !!

ကျွန်မ အမေ ..
ဘယ်နိုင်ငံက ဘယ်လိုဘာသာစကားတွေ ... ဘယ်အင်္ဂလိပ်စာ စာအုပ်ထဲက အီဒီယမ်စာလုံးတွေ ဘာတစ်ခုမှမသိဘူး ။
သူသိတာတစ်ခုတည်း ..
သူ့သားသမီးကို ပညာတတ်ဖြစ်အောင် ဘယ်လိုသင်ကြားပေးလိုက်ရင်ကောင်းမယ်ဆိုတာ !!

ကျွန်မ အမေ ..
ဘယ်စားသောက်ဆိုင်က အစားအသောက်ကောင်းကြောင်း ဘယ်စားသောက်ဆိုင်ဈေးကြီးပြီးဘယ်လောက်ကောင်းကြောင်းတွေ သူဘာမှမသိဘူး ။
သူသိတာတစ်ခုတည်း ..
သူ့သားသမီးနဲ့ သူ့ခင်ပွန်း ..သူ့မိသားစုတွေအတွက် ဘယ်လိုလေး စားကောင်းအောင်ချက်ပေးလိုက်ရမလဲဆိုတာ !!

ကျွန်မ အမေ ..
သူများတွေဘယ်လိုအတင်းပြောနေတာတွေ ဘာတစ်ခုမှဂရုမစိုက်ဘူး ။
သူ ဂရုစိုက်တာတစ်ခုတည်း ..
သူ့မိသားစုတွေ အတွက် ဘယ်လိုဂရုတစိုက်နဲ့ ကာကွယ်ပေးရမယ် ဆိုတာ !!

Credit: Heart Canteen


ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top