iMyanmarHouse.com - Best Property Website for Myanmar
×














သရုပ်ဆောင်ဖြိုးငွေစိုးကို အောင်မြင်မှုကံတရားနဲ့ ဖခင်တစ်ယောက်ရဲ့အမြင်သဘောထား နဲ့ပတ်သက်ပြီးမေးမြန်းဖြစ်ခဲ့တဲ့အခါ “လတ်တလောမှာတော့ ဒါရိုက်တာသိန်းဟန်(ဖီးနစ်)၊ မင်းသမီးက အိချောပိုနဲ့ ဗီဒီယိုဇာတ်ကား ရိုက်နေပါတယ်။

ဟာသကားလေးပါပဲ။ နောက်ပိုင်းမှာဟာသဇာတ်ကား တွေချည်းပဲရိုက်ဖြစ် နေတာတော့မဟုတ်ပါဘူး။ တစ်ခြားအလွမ်းအဆွေး၊ အက်ရှင်၊ ဒရာမာတွေလည်း ရိုက်ဖြစ်ပါတယ်။ အဲဒီ့ဇာတ်ရုပ်တွေထက် ဟာသကားကပရိသတ်တွေကိုရယ်မောပျော်ရွှင် စေတော့ ဟာသကားတွေ ပိုရိုက်ဖြစ်တာလည်းပါတယ်။ နောက်ပိုင်းမှာဇာတ်ရုပ်ရွေးချယ်တယ်ဆိုတာထက် ကိုယ့်အတွက်နေရာ၊ လုပ်ပိုင်ခွင့်ရယ်၊ ပြီးတော့ ပရိသတ်အတွက် ကိုယ်ဘယ်လိုလုပ်ပေးရမလဲ၊ ဘာတွေလုပ်ပေးနိုင်မလဲ ဆိုတာအမြဲတွေးပြီး ပရိသတ်အတွက်ပဲ စဉ်းစားပါတယ်။

ကိုယ့်ရဲ့ဖန်တီးမှုအနုပညာသည် ပရိသတ်အတွက်ပဲဖြစ်ရမယ်။ ပရိသတ်က ကိုယ့်ရဲ့ ဇာတ်ကားတွေကြည့်တိုင်း ကိုယ်သရုပ်ဆောင်တာကို သဘောကျတယ်ဆိုရင် လုပ်ရတာ ဘယ်လောက်ပင်ပန်းပါစေ။ ကြိုးစားရကျိုးနပ်တဲ့အတွက် ကျွန်တော်ကျေနပ်တယ်။” လို့ သူက ပြောပါတယ်။

မကြာမီ အချိန်မှာ ဖခင်နေရာကိုရောက်တော့မယ်ဆိုတော့ အရင်ကလိုမျိုး ဆိုးလို့မဖြစ်တော့ဘူးလို့ ပြောတဲ့ သူက “ဖခင်တစ်ယောက်ရဲ့ တာဝန်တွေကို ယူရတော့မယ်ဆိုတော့ ဖခင်တစ်ယောက်ရဲ့ တာဝန်၊ ဝတ္တရားတွေကို နားလည်ထားမှာပေါ့။ ပြင်ဆင်ထားရမှာပေါ့။ ဇနီးဖြစ်သူ ဇင်ဇင်ရဲ့ အပေါ်မှာလည်း  အရင်ကထက်ပိုပြီး ဂရုတစိုက် ဆက်ဆံပေးပါတယ်။ ကလေးက ယောင်္ကျားလေး မွေးမှာပါ။ ယောင်္ကျားလေးဆိုတော့ ကျွန်တော့်လိုပဲ သူ့ကိုလည်း မင်းသားဖြစ်စေချင်ပါတယ်။ ဖခင်ခြေရာနင်းနိုင်တဲ့ သူမျိုးဖြစ်ရမယ်”တဲ့။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top