iMyanmarHouse.com - Best Property Website for Myanmar
×












ကိုယ်ချစ်ရတဲ့သူနဲ့ လမ်းခွဲရတဲ့ ခံစားချက်က ဘယ်လောက်နာကျင်စရာ ကောင်းသလဲဆိုတာ ပြောနေစရာတောင် မလိုပါဘူး။ ထမင်းမစားနိုင်၊ ဟင်းမစားနိုင်တဲ့အထိ ခံစားကြရတယ်ဆိုတာလည်း သိသာနေတာပဲလေ။ ဆတ်ဆတ်ထိ မခံလောက်အောင်ကို ထိရှလွယ်နေသလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း ကင်းမဲ့နေမှာ အမှန်ပါပဲ။ ဒါပေမယ့် ပြတ်သွားပြီးဖြစ်တဲ့ ကြိုးတစ်ချောင်းကို ကိုယ်ကအတင်းပြန်ဆက်ချင်နေပေမယ့်လည်း ဟိုဘက်က နိုး လို့ ဆိုတဲ့အခါ ကိုယ်ပဲ ထပ်နာကျင်ရမှာပေါ့။ နောက်တစ်ချက်က ငါ့ဘ၀တော့ သွားပါပြီဆိုပြီး နေချင်သလိုနေတာဟာလည်း မှားယွင်းသလို အောက်မှာဖော်ပြပေးထားတဲ့ အချက်မျိုးတွေ ပြုမူခြင်းကလည်း သင့်အတွက် ဆိုးရွားတဲ့ဖြစ်စဉ်တွေကိုသာ ယူဆောင်လာ ပေးမှာမို့ ရှောင်ရှားစေချင်ပါတယ်။

၁။သူ့ဆီနေ့တိုင်း ဖုန်းတွေဆက် ၊ message တွေပို့နေတာမျိုးတွေ မလုပ်ပါနဲ့။

သူက ကိုယ့်ဖုန်းဆို ကိုင်တောင်မကိုင်တော့ဘူး မဟုတ်လား။ ဘာကြောင့်များ သူ့ဆီဖုန်းတွေ ဆက်ခေါ်နေတော့မှာလဲ။ sms တွေ ပို့နေတော့ရော အကြောင်းထူးမယ် ထင်နေသေးတာလား။ မဖြစ်နိုင်တော့တဲ့အရာတစ်ခုအတွက် နေ့စဉ် နေ့တိုင်း ကိုယ့်ဒုက္ခကိုယ်ရှာနေဖို့ မလိုတော့ပါဘူး။

၂။အစားတွေ စွတ်စားတာမျိုး ရှောင်ပါ။

စိတ်ညစ်ညစ်နဲ့ အစားအသောက်တွေ စွတ်စားနေတာမျိုး၊ ဒါမှမဟုတ် စားချိန်၊ သောက်ချိန် မမှန်တော့တာမျိုးတွေက ပြတ်သွားတဲ့ရည်းစားနဲ့ ပြန်အဆင်မပြေနိင်ပေမယ့် သင့်ကျန်းမာရေးကိုတော့ ထိခိုက်လာစေမှာ အမှန်ပါပဲ။

၃။ပုံမှန် သောက်ဖြစ်လာတာ မျိုးတွေ မဖြစ်ပါစေနဲ့။

အစကတော့ စိတ်ညစ်လို့ သောက်တယ်။ နောက်ပိုင်းကျတော့ ပုံမှန်ကို သောက်ဖြစ်လာတယ်။ အရက်ကို စွဲသလိုတောင်ဖြစ်လာတာမျိုး ဆိုရင်တော့ ဒါဟာ တော်တော်ကို စိတ်ပျက်စရာ ကောင်းသွားပါပြီ။

၎။အရင်ရည်းစားတွေနဲ့ ပြန်ဆက်သွယ်တာမျိုးဆိုရင်လည်း ဒါကိုယ့်သိက္ခာကို ကျဆင်းစေတာမို့ မဖြစ်သင့်ပါဘူး။

ကိုယ့်ဘေးမှာ ရှိနေကျသူ တစ်ယောက် ပျောက်ဆုံးသွားတာမို့ အရင်ရည်းစားတွေဆီ ဖုန်းဆက်ပြီး တွေ့ဖို့ ပြန်ချိန်းတာမျိုးဟာ တော်တော်ကို ဆိုးတဲ့အဖြစ်မို့ မလုပ်သင့်ပါဘူး။

၅။ပြတ်သွားတဲ့ရည်းစား တွဲနေတဲ့ ကောင်မလေး/ကောင်လေးကို ဒေါသဖြစ်နေတာမျိုးကလည်း ကိုယ့်အတွက် အကျိုးမရှိပါဘူး။

ကိုယ်နဲ့ကိုယ့်ချစ်သူ ပြတ်ရတဲ့ အကြောင်းအရင်းက နောက်တစ်ယောက်ပေါ်လာတာကြောင့် ဆိုရင်တောင် ကိုယ့်ချစ်သူကသာ မပတ်သက်ခဲ့ရင် သူကလည်း ရှေ့တိုးလို့မရပါဘူး။ အဲ့ဒီလိုမှမဟုတ်ပဲ သူနဲ့ကိုယ် ပြတ်သွားပြီးမှ သူက အသစ်ရသွားတာဆိုရင်တော့ ခု သူတွဲနေတဲ့ ရည်းစားအသစ်အပေါ် ကိုယ့်ဘက်က ဒေါသထွက် ပြဿ      နာလိုက်ရှာတာမျိုး မဖြစ်သင့်ပါဘူး။

၆။အားလုံးသိအောင် လျှောက်ပြောနေတာမျိုးကလည်း မလုပ်သင့်တဲ့အရာပါပဲ။

Facebook လို လူမှုကွန်ယက်ပေါ်မှာ ကိုယ်အသည်းကွဲတဲ့အကြောင်း၊ အရင်ရည်းစားဟောင်းနဲ့ ပတ်သက်တဲ့ အကြောင်းတွေ ပို့စ်လုပ်တာ၊ အသိတွေ၊ သူငယ်ချင်းတွေ အားလုံးကို သူ့အကြောင်းလျှောက်ပြောတာမျိုးတွေ မလုပ်သင့်ပါဘူး။ ဒါဟာ ကိုယ့်သိက္ခာကျဆင်းစေဖို့သာ ဖြစ်လာနိုင်တာမို့ပါ။

၇။နောက်တစ်ယောက် ချက်ချင်း ကောက်ထားပစ်လိုက်တာမျိုးကိုလည်း ရှောင်ပါ။

သူနဲ့ ပြတ်သွားတာမို့လို့ ငါကလည်း ဘာမို့လို့လဲ။ စောင့်ကြည့်ဆိုပြီး နောက်ရည်းစားသစ်တစ်ယောက် ထားလိုက်ရင် နောက်ပိုင်းမှာ ပြဿ      နာတွေ အများကြီး ကြုံလာနိုင်ပါတယ်။ အချိန်ယူပါ။ အားလုံးတည်ငြိမ်သွားပြီဆိုမှ နောက်တစ်ယောက်ထားဖို့ စဉ်းစားပါ။

Credit: Trend Myanmar

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top