iMyanmarHouse.com - Best Property Website for Myanmar
×










ကျွန်မတို့ကလမ်းခွဲပြီးကြပြီဆိုရင် ရည်းစားဟောင်းကို အဆင်ပြေနေလား၊ တကယ်ပျက်နိုင်ရဲ့ လားဆိုတာလေ့လာတတ်ကြတယ်။ ကိုယ့်ကိုမေ့ဖို့ ဖြစ်နိုင်ပါ့မလားဆိုပြီးတောင် ထင်ကောင်းထင်နေလိမ့်မယ်။ ဒါပေမယ့် သူကိုယ့်ဘဝကိုယ် ရှေ့ဆက်နေပြီဆိုရင်တော့ ဒါကဖြစ်နိုင်ပါတယ်။ အခုဖော်ပြမယ့် အချက်တွေကတော့ သူကိုယ့်ကိုတကယ် မေ့သွားပြီဆိုတာ ပြတဲ့အချက်တွေပါ။

၁။ သူ့မှာကောင်မလေးအသစ်တစ်ယောက် ရှိနေပြီ။

သူမှာကိုယ်နဲ့ပတ်သက်လို့ ခံစားချက်ရှိသေးတယ်ဆိုရင် သူရှေ့ဆက်ဖို့ မဖြစ်နိုင်ပါဘူး။ သူအသစ်တစ်ယောက်နဲ့ တွဲရင်တွဲလိမ့်မယ်၊ ဒါပေမယ့် ကြာကြာခံမှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရင်ထဲမှာကိုယ်ကရှိနေသေးတာကိုး။ ဒါပေမယ့် တကယ်ချစ်သူအသစ် ရနေပြီဆိုရင်တော့ ကိုယ်နဲ့ကဇာတ်လမ်းပြီးသွားပါပြီ။ ကိုယ့်အတွက်လည်းနောက်တစ်ယောက် ရှာဖို့အချိန်ရောက်ပါပြီ။

၂။ ကိုယ်နဲ့ပတ်သက်တဲ့ ပစ္စည်းတွေအားလုံးသူ့ဘက်ကပြန်ပေးလာမယ်။

ရည်းစားသက်တမ်းတစ်လျှောက်မှာဖလှယ်ခဲ့ကြတဲ့ တန်ဖိုးရှိပစ္စည်းတွေ၊ လက်ဆောင်တွေကို ပြန်ပေးလာတယ်ဆိုရင်တော့ သူ့ဘက်ကတကယ်ကို ပြတ်သားနေပါပြီ။ ကိုယ့် relationship က ဘယ်အခြေအနေရောက်နေမှန်းနားလည်သင့်ပါပြီ။ ဒါကြောင့် တကယ်ပျက်တာဟုတ်ရဲ့လားဆိုပြီးတွေးနေစရာမလိုတော့ပါဘူး။

၃။ ကိုယ့်နဲ့ အဆက်အသွယ်ဖြတ်တောက်ပါတယ်။

အမျိုးသားတွေဆိုတာကသူတို့အဆင်ပြေမယ်လို့ ထင်ထားရင် ဆက်ဆံရေးတွေကိုပုံမှန်အားဖြင့်တော့ ထိန်းသိမ်းထားကြပါတယ်။ အဆက်အသွယ်လုပ်တာနည်းရင်တော့နည်းပါလိမ့်မယ်။ ဒါပေမယ့် ကိုယ့်ဖုန်းတွေ၊ ကိုယ့်မက်ဆေ့ခ်ျတွေကိုပြန်မဖြေတဲ့အပြင် ဘာနဲ့မှအဆက်အသွယ် မလုပ်တော့ဘူးဆိုရင်တော့ သေချာတာကသူကိုယ့်ကိုမေ့ပြီးရှေ့ဆက်နေပါပြီ။

၎။ သူဒါမျိုးတွေ ပြောလာခဲ့တတ်ပါတယ်။

ကိုယ်နဲ့ ဘယ်တော့မှ စကားပြောဆိုမဆက်ဆံချင်တော့ပါဘူးလို့ပြောလာခဲ့မယ်၊ ဒါဆိုရင်ကိုတော်တော်သိသာနေပါပြီ။ သူ့မှာကိုယ်နဲ့ပတ်သက်ပြီးခံစားချက်မရှိတော့ပါဘူးဆိုတာမျိုးလည်းပြောလာနိုင်ပါတယ်။ ဒါကလည်းသူဘဝသစ်စချင်နေလို့ပါ။ ဒီလိုစကားတွေပြောလာရင် လက်ခံဖို့ ကြိုးစားပါ။ ဒါမှ ကိုယ်လည်းကိုယ့်ဘဝကိုယ် ရှေ့ဆက်နိုင်မှာပေါ့။

၅။ သူကကိုယ့်ကိုရှောင်နေပါတယ်။

ကိုယ်သွားတတ်တဲ့ နေရာတွေကိုသူသိနေရင် ဒီနေရာတွေမှာကိုယ်နဲ့မတွေ့အောင် ရှောင်ဖို့ကြိုးစားမယ်။ ဒါကကိုယ့်ကိုနာကျင်ခံစားစေပါတယ်။ အကောင်းဆုံးကတော့ ကိုယ့်ကိုယ်ကိုခံစားခွင့်၊ ဝမ်းနည်းခွင့် ပေးလိုက်ပါ။ ဒါမှလည်းရှေ့ဆက်နိုင်မှာပေါ့။ ကိုယ့်ကိုတန်ဖိုးထားပြီး မြတ်နိုးမယ့် အမျိုးသားနဲ့ ပြန်တွေ့မှာပါ။

၆။ သူအိမ်ထောင်ကျသွားခဲ့မယ်။

ကိုယ့်ရည်းစားဟောင်းသာအိမ်ထောင်ကျသွားမယ်ဆိုရင်တော့ ဇာတ်လမ်းက ပြီးသွားပါပြီ။ ဒါကတော့ အကြီးဆုံးလက္ခဏာပဲပေါ့။ ဒီလိုအခြေအနေမျိုးမှာဆိုရင် ကိုယ့်မှာကျန်သေးတဲ့ မျှော်လင့်ချက်လေးတွေ အားလုံးကိုလက်လွှတ်ဖို့ လို့အပ်ပါတယ်။ သူ့ဘဝသစ်ကိုကိုယ်လေးစားအသိအမှတ်ပြုပေးပြီးဆုမွန်ကောင်းတောင်းပေးပါ။ ဒါကအရင့်ကျက်ဆုံးနဲ့ အမှန်ဆုံးရင်ဆိုင်ရမယ့် နည်းလမ်းပါ။

ဒါတွေကတော့ ကိုယ့်ရည်းစားဟောင်းဘဝသစ်ကိုရှေ့ဆက်နေပြီဆိုတာ ပြတဲ့ လက္ခဏာတွေပါပဲ။ ပရိတ်သတ်ကြီးလည်းဒီလက္ခဏာတွေ မြင်နေရတဲ့ အခြေအနေမျိုးမှာရောက်ရှိနေပါသလား။ ပရိတ်သတ်ကြီးအတွက်ဆိုရင် ဘယ်လိုအချက်မျိုးကတကယ်ဇာတ်လမ်းဆုံးပြီဆိုတာ ပြသခဲ့ပါသလဲ။

Credit: Gandawin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top