iMyanmarHouse.com - Best Property Website for Myanmar
×










ခံစားဖူးလား....
ကိုယ်ကိုချစ်တယ်ပြောပြီး
တခြားတစ်ယောက်ကို ဂရုစိုက်နေတာမျိုးပေါ့..............

ကြုံဖူးလား......
ကိုယ်ကိုတွေ့မယ်ပြောပြီး
တခြားတစ်ယောက်ကို အချိန်ပေးနေတာမျိုးပေါ့.................

နာကျင်ဖူးလား.....
ကိုယ်ကို မခွဲနိုင်ဘူးပြောပြီး
တခြားတစ်ယောက်အနားကို နီးနီးကပ်ကပ်နေနေတာမျိုးပေါ့...........

ချစ်တဲ့  စိတ်နဲ့  လူတစ်ယောက်ကို အရာအားလုံးခွင့်လွှတ်နားလည်ပေးနိုင်ဖို့ ဆိုတာ.....
လွယ်ကူတဲ့  အရာတစ်ခုမဟုတ်ဘူးလေ......

ကုန်ဆုံးသွားတဲ့  အချိန်တွေက နောင်တချိန်ပြန်မရနိုင်တော့ သလို
ဘေးနားမှာရှိတဲ့  ချစ်သူကောင်းမျိုးကိုလည်း
နောင်တချိန် ဘယ်ချိန် ပြန်လိုချင်လိုချင်...မရနိုင်တော့ ဘူး.....

ပစ္စည်းတစ်ခုရဲ့တန်ဖိုးဆိုတာ....
မလိုအပ်တဲ့  အချိန် အမှိုက်ဖြစ်နေတက်သလို
အနေနီးတဲ့  အချစ်တွေကလည်း
ဂရုမစိုက်မိတဲ့  အချိန် မမြင်နိုင်တက်ကြဘူး...

ဘယ်သူတွေ ဘယ်လောက်လှလှ
ပစ္စည်းဥစ္စာတွေ ဘယ်လောက်ပေါပေါ
လက်ထဲမှာ ဆုပ်ကိုင်ထားတဲ့  ကိုယ်ချစ်သူလက်ထက်
ဘယ်အရာမှ တန်ဖိုးမရှိဘူး.....
ဒီတော့ 
လက်တွဲထားပြီးသား ချစ်သူကို
ဘယ်အကြောင်းကြောင့်နဲ့ဖြစ်ဖြစ် လက်မလွှတ်မိပါစေနဲ့ နော်
အစားထိုးမရနိုင်တဲ့  နောင်တတွေထဲမှာ....
ကိုယ်ချစ်တဲ့ သူ ပါသွားတာလည်း ကြီးမားတဲ့  ဆုံးရှုံးမူ့တမျိုးမဟုတ်လား..............

Credit: (ပုံရိပ်စစ်)

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top