iMyanmarHouse.com - Best Property Website for Myanmar
×











လူတစ်ယောက် ဘဏ်ထဲကိုဝင်လာပြီးငွေသွင်းဖို့ တန်းစီနေတဲ့လူတန်းကြီးနောက်မှာ
တန်းစီလိုက်တယ်။ မိနစ်၂၀ လောက်ကြာတော့ စိတ်မရှည်တော့ဘဲ ကောင်တာစာရေးမဆီ
တန်းသွားပြီးပြောလိုက်တယ်။

- “ဟဲ့ကောင်မ…ငါ ငွေသွင်းဖို့စောင့်နေတာကြာလှပြီ၊
သောက်လူတန်းအရှည်ကြီးကို ဆက်မစောင့်နိုင်တော့ဘူး၊ ဘာလုပ်ရင်ရမလဲ
ပြောစမ်းမြန်မြန်”

-”လူကြီးမင်းရှင့်၊ ကျေးဇူးပြုပြီး ရုန်းရင်းကြမ်းတမ်းတဲ့စကားတွေ
ဒီဘဏ်ထဲမှာ ပြောလို့မရပါဘူးရှင့်”
-”ကောင်းပါပြီဗျာ၊ ဒါဆိုကျေးဇူးပြုပြီး ငါ့ကိုလမ်းညွန်စမ်းပါ၊ ဒီ
သောက်ချက်လက်မှတ်ကို ဘယ်လိုလုပ်ရမလဲဆိုတာ”
“တောင်ပန်းပါတယ် လူကြီးမင်းရှင့်၊ ကျွန်မ အဲလို စကားကြမ်းကြမ်းတွေ
နားမထောင်နိုင်ပါဘူးရှင့်”

“အာ..ဒီကောင်မ နာတော့မယ်၊ ကဲ ဒါဆိုလဲ နင်တို့ သောက်မန်နေဂျာ ကို
ခေါ်လိုက်စမ်း၊ သူနဲ့ရှင်းမယ်”…ဆိုတော့ မန်နေဂျာကို ခေါ်လိုက်တယ်။
မန်နေဂျာရောက်လာပြီးစာရေးမကိုမေးတယ်…
-”ဘာဖြစ်သလဲ”

“ဒီကလုကြီးမင်းက ကျွန်မကို မိုက်ရိုင်းတဲ့စကားတွေနဲ့ လာစော်ကားနေလို့ ဆရာ”
မန်နေဂျာ က အဲဒီလူဘက်လှည့်ပြီး မေးတယ်…
-”ဘာပြသနာများရှိလဲ ခင်ဗျာ၊ ကျွန်တော် ဘာများအကူအညီပေးရမလဲ”
“ငါ့ ဒီသောက်ချက်လက်မှတ်က ငွေကို မင်းတို့ရဲ့သောက်ဘဏ်မှာ အပ်မလို့ကွ”
မန်နေဂျာ မျက်နှာမဲ့သွားတယ်၊ ဒေါသလည်း နည်းနည်းထွက်သွားပုံရတယ်။
အဲဒီလူလက်ထဲက ချက်လက်မှတ်ကို ဖြတ်ခနဲဆွဲယူပြီး ဖတ်ကြည့်လိုက်တော့
အပ်ငွေပမာဏ ဒေါ်လာ ၁၅ သန်း တဲ့။ မန်နေဂျာက အဲဒီလူဘက်
လှည့်ရင်းပြောလိုက်ပါတယ်။
“စိတ်မရှိပါနဲ့ခင်ဗျာ၊ ဒီသောက်ကမြင်းမတွေက ဘာမှကိုသောက်သုံးကျတာ မဟုတ်ဘူး..”

Credit: The Myanma Age

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top