အပေါ်အင်္ကျံကလည်းဂျင်း၊ အောက်ကဘောင်းဘီ ဒါမှမဟုတ် စကတ်ကလည်း ဂျင်းဖြစ်နေလို့ အူကြောင်ကြောင်နိုင်တယ်လို့ ထင်နေပါသလား။ အဲ့ဒီလို မဖြစ်စေဖို့အတွက် ဘယ်လိုလေးတွေ ၀တ်ရင် အထာကျတယ်ဆိုတဲ့အကြောင်း ပြောပြပေးလိုက်တယ်နော်။
၁။ နွေရာသီနဲ့ လိုက်ဖက်တဲ့ အတွဲအစပ်လေးပါပဲ။ ပုံမှာပြထားတဲ့ အင်္ကျံမျိုးဆို ဂျင်းစကတ်နဲ့ဖြစ်ဖြစ်၊ ဂျင်းဘောင်းဘီတိုနဲ့ဖြစ်ဖြစ် အဆင်ပြေပြေ တွဲဝတ်နိုင်တယ်နော်။
၂။Boyfriend ဂျင်းတွေကိုလည်း ဒီလို အပေါ်က ဂျင်းရှပ်အဖျော့လေးတွေနဲ့ တွဲဝတ်နိုင်တယ်နော်။ ဖိနပ်ကိုတော့ Vans ကို ရွေးချယ်လိုက်ပေါ့။
၃။ကိုယ့်ဆီမှာ ဂျင်းဂျတ်ကတ်ရှိရင်လည်း ပုံမှာတွဲစပ်ပြထားသလို အထဲက top ကို ဒီဇိုင်းပါတဲ့ အစင်းလိုဟာမျိုးနဲ့ ကွဲအောင်ဝတ်ပြီး အောက်က ဂျင်းဘောင်းဘီနဲ့ တွဲဝတ်လိုက်ပေါ့။
၎။အပေါ်က ဂျင်းအင်္ကျံက ဗြောင်မဟုတ်ဘဲ ခုလိုဖြတ်ဆက်ဒီဇိုင်းလေးဆိုရင်တော့ သိပ်စဉ်းစားစရာမလိုတဲ့ အနက်ရောင်ဂျင်း အတို ဒါမှမဟုတ် အရှည်နဲ့ တွဲဝတ်ပါ။
၅။မှိုတက်လို ဒီဇိုင်းမျိုးတွေနဲ့ ဂျင်းရှပ်မျိုးဆိုရင်တော့ ဘောင်းဘီကို အပေါ်မှာပါတဲ့ ကာလာတွေထဲက တစ်ခုနဲ့တွဲပါ။ အပြာပါရင် အပြာရင့်၊ အဖြူဆိုရင် အဖြူနဲ့ တွဲပေးလိုက်ရင် အိုကေပါတယ်။
Credit: Trend Myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...