iMyanmarHouse.com - Best Property Website for Myanmar
×











ငှက်ပျောသီး။ ။

ငှက်ပျော သီးထဲမှာ ဗီတာမင် A နှင့် ပိုတက် ဆီယမ် သတ္တုဓါတ် ကြွယ်ဝစွာ ပါဝင် တယ်။ ခြေနယ်ထားတဲ့ ငှက်ပျောသီး နှစ်က အရေပြားအပေါ် အသုံးပြုရင် နူးညံတဲ့ အသားအရေရရှိစေတယ်။ မျက်နှာပေါ်မှာ ချေးညှော်ကင်းရှင်း စေဖို့ မျက်နှာဖုံးလုပ်ရာမှာ ကောင်း တယ်။

အုန်းသီး။ ။

အခြားပစ္စည်း များနှင့် ရောနှောသုံးစွဲမယ်ဆိုရင် အုန်းသီးက ဆံပင်ကို သန်စွမ်း စေတယ်။ Hair Conditioning မလုပ်မီ အကြို ခေါင်းလျှော်ရည်အဖြစ် အသုံးပြုနိုင် တယ်။ အုန်းသီးကို အရေပြားမခြောက် အောင်၊ အသားအရေစိုနေအောင် လုပ်ပေးတဲ့ပစ္စည်း (Skin Moisturiser) အဖြစ်လည်း အသုံးပြုနိုင်တယ်။

ပင်လယ်ရေမှော် (Kelp)။ ။

ယင်းထဲမှာ ဗီတာမင်များနှင့် သတ္တုဓာတ်(Minerals) ကြွယ်ဝစွာ ပါဝင် တယ်။ ဒါ့ကြောင့် မျက်နှာဖုံးများ လုပ်ရာမှာ အသုံးဝင်တဲ့ ပါဝင်ပစ္စည်း တစ်မျိုးဖြစ်တယ်။ အရေပြား ပြဿနာ များအတွက် အရေပြား ပြုစုစောင့် ရှောက်တဲ့ ဆေးပစ္စည်းများမှာလည်း အသုံးပြုတယ်။ အခြောက်ခံထားတာ ဖြစ်ဖြစ်၊ အမှုန့်ဖြစ်ဖြစ်အသုံးပြုနိုင်ပါ တယ်။

ဖရဲသီး ။ ။

ဖရဲသီးမှာ ဗီတာမင် B နှင့် C ကြွယ်ဝစွာပါ ဝင်နေတာကြောင့် ဖရဲသီးအသားကို မျက်နှာကို အေးစေတဲ့ မျက်နှာဖုံး များ ပြုလုပ်ရာမှာနှင့် အသားအရေ စိုပြည် ကျန်းမာအောင် ကုသရာမှာအသုံးဝင် တယ်။

တရုတ်နံနံ ။

တရုတ်နံနံအား ကြိတ်ခြေထားတဲ့ အနှစ်ကို အသား အရေ အတွက် အားဆေးများ၊ တုံနာ များ (အသားကြည်လင်ချောမွတ်စေတဲ့ ဆေးများ) နှင့် အသားအရေ သန့်စင်ဆေးများမှာ ထည့်သုံးတယ်။ ယင်းမှရရှိတဲ့ လက်ဖက်ရည်ကြမ်း ကတော့ အလွန်ကောင်းတဲ့ မှဲ့ခြောက်၊ တင်းတိပ်ပျောက် ဆေးပဲဖြစ်တယ်။

အာလူး ။ ။

ကြိတ်ခြေပြီး အအေးခံထားတဲ့ အာလူးအနှစ်က ခြောက်သွေ့တဲ့ အသားအရေအတွက် အစိုဓာတ်ရရှိစေတဲ့ Moisturizer နှင့် မျက်နှာဖုံးအတွက် အထူးသင့်လျော် တယ်။ မျက်ခွံများရောင်ခြင်းနှင့် နေပူလောင်ခြင်းကိုသက်သာအောင် လုပ်ရာမှာလည်း အသုံးပြုနိုင်တယ်။

နှမ်း ။ ။

နှမ်းဆီကို အရေ ပြားအာဟာရဖြစ်စေမယ့် ကုသနည်း အမျိုးမျိုးမှာ အသုံးပြုနိုင်တယ်။ ဆီက ကျဲပြီးပေါ့ပါးတဲ့အတွက် အလွန် ကောင်းမွန်တဲ့ ချောဆီဂုဏ်သတ္တိ မျိုးရှိပြီး ခန္ဓာကိုယ်နှိပ်နယ်ရာမှာ အသုံးပြုတယ်။

စတော်ဘယ်ရီသီး ။ ။

ယင်း အသီးမှာ အရေပြားကို စေ့ပြီး သွေး တိတ်စေနိုင်တဲ့ ဂုဏ်သတ္တိအနည်းငယ် ရှိတဲ့အတွက် စတော်ဘယ်ရီသီးက အရေပြား သန့်ရှင်းရာနှင့် တင်းတင်း ရင်းရင်းရှိစေတဲ့ သဘာဝကော့စမက် တစ်ပစ္စည်းများပဲဖြစ်တယ်။ လတ် ဆတ်တဲ့ စတော်ဘယ်ရီသီးများမှာ သွားကို ဖြူစင်စေတဲ့ အက်စစ်တစ် မျိုးပါတယ်။

Credit : ကျန်းမာရေးသတင်းများ



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top