iMyanmarHouse.com - Best Property Website for Myanmar
×














သရုပ်ဆောင် မိုးယုစံက ဇာတ်လမ်း သဘောအရ အပြိုင်ဇာတ်ရုပ်မျိုး ရိုက်ချင်သည့် ဆန္ဒရှိကြောင်း ပြောသည်။

''ညီမက သရုပ်ဆောင်တစ်ယောက် ဆိုတော့ မရိုက်ချင်တဲ့ဇာတ်၊ ကာရိုက်တာရယ်လို့တော့ မရှိသေးပါဘူး။ ကိုယ့် ကိုလာအပ်တဲ့ ဇာတ်ဆိုရင် အကုန်လုံး လုပ်နိုင်ရမယ်ဆိုတဲ့ စိတ်ရှိတယ်။ ကိုယ်က မလုပ်နိုင်သေးရင်တောင် အတွေ့အကြုံကောင်းတွေနဲ့ ကြိုးစားပြီး သင်ယူရမယ်လေ။ တချို့ဇာတ်တွေကျတော့ မင်းသား အသားပေး၊မင်းသမီး အသားပေး ဇာတ်တွေ ရှိတယ်။ ညီမကတော့ မင်းသားရော၊ မင်းသမီးပါမျှတပြီး လုပ်ခွင့်ရမယ့် ဟာမျိုးဆိုရင်တော့ လက်ခံဖြစ်ပါတယ်။ ဇာတ်လမ်းရွေးချယ်မှု အပိုင်းက အပြိုင်ဇာတ်ရုပ်တွေ ဘာတွေရှိရင်တော့ ရိုက်ချင်တယ်။

ခပ်ကြမ်းကြမ်း ဗီလိန်၊ ဟိုဘက်ဒီဘက် အပြိုင်အဆိုင်ရှိတဲ့ ပုံစံမျိုးပေါ့နော်။  အဲ့လိုပုံစံမျိုးကို  ရိုက်ချင်တဲ့ စိတ်လေး ရှိပါတယ်။ အခုလတ်တလောမှာတော့ ဗီဒီယိုကားလေးတွေပဲ ရိုက်ဖြစ်ပါတယ်။ ဆရာပန်းချီစိုးမိုးနဲ့ ရိုက်ခဲ့တဲ့ 'ကျွန်တော့် ရည်းစား ဘုရားမှာနေသည်' ရုပ်ရှင်ဇာတ်ကားကြီးတော့ ရိုက်ထားတာ ရှိပါတယ်။ အဲဒီကားလေး က မြန်မာ့ယဉ်ကျေးမှုကို ပြချင်တဲ့ ပုံစံလေး ဖြစ်တဲ့ အတွက်  ညီမက အကောင်းဆုံး ကြိုးစားထားပါတယ်''ဟု မိုးယုစံက ပြောသည်။ မိုးယုစံသည် မြန်မာ အမျိုးသမီးများနေ့ နှစ်ပတ်လည် အခမ်းအနားတွင်  ယနေ့ခေတ် ၀တ်စားဆင်ယင်မှု ကို သရုပ်ပြရန် ရှိကြောင်း ပြောသည်။

Credit: The Messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top