iMyanmarHouse.com - Best Property Website for Myanmar
×










အသက်အရွယ်နှင့် လိုက်ဖက်သည့် ဇာတ်ရုပ်မျိုးကို ရိုက်ရန် အားသန်သည့် မင်းသွေးက လက်ရှိချိန်ထိ လုပ်ပြီးခဲ့သော အနုပညာများ အတွက် လိပ်ပြာသန့်ခဲ့ကြောင်း ပြောသည်။

အနုပညာ တစ်ခုကို လုပ်ပြီဆိုရင် ပရိသတ်အတွက် ကျွန်တော့်အတွက် (၅၀/၅၀) စီမျှပြီး လုပ်ပါတယ်။ လုပ်ခဲ့တဲ့ အကုန်လုံးကိုလည်း ကျွန်တော် လိပ်ပြာသန့်ပါတယ်။ ပြီးတော့ ကောင်းခဲ့တာ ရှိသလို ဆိုးခဲ့တာလည်း ရှိချင်ရှိမယ်။ ဇာတ်ကားတွေက ကိုယ်ကြိုက်ပြီး ပရိသတ် မကြိုက်တာ လည်းရှိချင် ရှိမယ်။ ကျွန်တော်ပေးချင်တာနဲ့ ပရိသတ် ယူချင်တာ မတူတာဘဲ ကွာချင်ကွာမယ်။

ဒီနေ့ဒီချိန်ထိ ကျွန်တော်လုပ်တဲ့ အနုပညာအလုပ်ကို      လိပ်ပြာသန့်ပါတယ်။ ဇာတ်ကား ရွေးချယ်မှု အပိုင်းမှာ ဒါရိုက်တာရယ် ကျွန်တော်ရယ် ထုတ်လုပ်သူရယ် သုံးယောက်ပေါင်းပြီး တိုင်ပင်ပြီးရိုက်ဖြစ်ပါတယ်။ အခုချိန်မှာတော့ အသက်အရွယ်နဲ့လိုက်တဲ့ ကာရိုက်တာကိုတော့ ပိုပြီးအားသန်တယ်။ လုပ်စရာတွေလည်း အများကြီးရှိ ပါသေးတယ်။ ခေါင်းထဲမှာ ပရိသတ်အတွက် ထူးခြားမယ့်ဟာကို တတ်နိုင်သလောက် လုပ်နိုင်တဲ့ အချိန်ထိ ပရိသတ်အတွက် ကိုနှစ်သက်သော၊ ၀ါသနာပါသော၊ ချစ်သော အနုပညာ အလုပ်ကို လုပ်သွားဦးမှာပါ။ ကျွန်တော်ကိုယ်တိုင် ကလည်း ကြိုးစားမှု အများကြီးလိုပါသေးတယ်။  တစ်လတစ်ကားတော့ ပုံမှန်ထွက်ဖြစ်အောင် လုပ်နေ ပါတယ် ဟု မင်းသွေး ကပြောသည်။

မင်းသွေးသည် “ဒဏ်ရာများနှင့်ဆု ဗီဒီယို ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်ခဲ့ပြီး ပရိသတ်ကြိုက် ဇာတ်ကား ဖြစ်ခဲ့ကြောင်း၊ အစ်ကို ဖြစ်သူ နေတိုး နှင့် တွဲဖက်ပြီး ဇာတ်ကား တစ်ကားရိုက်ချင်ကြောင်းပြောသည်။

Credit: The Messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top