iMyanmarHouse.com - Best Property Website for Myanmar
×














ကိုယ့်အသားအရေ၊ ဆံပင်နဲ့ လက်သည်းတွေအတွက် တစ်လတစ်ခါ၊ ဒါမှမဟုတ် တစ်လနှစ်ခါလောက် ပိုက်ဆံအကုန်အကျခံပြီး beauty saloon တွေ သွားစရာမလိုတော့ပါဘူး။ ကိုယ့်အိမ်မှာပဲ အလှအပရေးရာ တစ်ချို့အတွက် ကိုယ်တိုင်စမ်းသပ်ကြည့်နိုင်မယ့် နည်းလမ်းကောင်းလေးတွေ ပြောပြပေးချင်ပါတယ်။ အပိုင်း (၁) မှာ အချက် ၇ချက်ကို ဖော်ပြပေးပြီးပြီဆိုတော့ ခု အပိုင်း(၂)မှာ ဘယ်လိုနည်းလေးတွေ ထပ်မံပါဝင်လာဦးမလဲဆိုတာ ကြည့်ကြည့်ရအောင်။

၈။ခြေထောက်အမွှေးရိတ်တဲ့ shaving cream ကုန်သွားရင် အဲ့ဒီ shaving cream အစား ဆံပင်ပျော့ဆေး conditioner ကို သုံးလို့ရပါတယ်။

၉။ကိုယ့်ရဲ့ ခန္ဓာကိုယ် အသားအရေပျော့ပျောင်းနူးညံ့စေဖို့အတွက် Body Scrub လုပ်မယ်ဆိုရင် အိမ်မှာရှိတဲ့ Body Wash နဲ့ သကြားအညိုကို ရောပြီး အသားပေါ်ပွတ်ပေးရုံပါပဲ။ တကယ်လို့ ကြမ်းရှတယ်လို့ခံစားရတယ်ဆိုရင်  ပျားရည် ဒါမှမဟုတ် အုန်းဆီနည်းနည်းထည့်ရောပြီး အသားပေါ်ပွတ်လိမ်းပေးလိုက်ရုံပါပဲ။

၁၀။အသားရေပိုမိုချောမွေ့ချင်တယ်ဆိုရင်တော့ fatty အက်ဆစ်ပါတဲ့ အုန်းဆီကို လိုးရှင်းအဖြစ် လိမ်းလိုက်ရုံပေါ့။

၁၁။ကိုယ်ဆွတ်ထားတဲ့ ရေမွှေးလေးတွေ တစ်နေ့လုံး မွှေးကြိုင်ပြီး အနံ့လေးတွေ ကြာရှည်ခံချင်တယ်ဆိုရင် ရေမွှေးမဆွတ်ခင် vaseline ကို ဆွတ်မယ့် လက်ကောက်ဝတ်တို့ဘာတို့မှာ အရင်လိမ်းပါ။ ပြီးတော့မှ အဲ့ဒီအပေါ်က ရေမွှေးဆွတ်ပါ။ ရနံ့ဟာ တာရှည်ခံနေပါလိမ့်မယ်။

၁၂။လက်သည်းခွံတွေ ၀ါကျင်ကျင်ဖြစ်နေတယ်ဆိုရင် သွားတိုက်တံမှာ သွားတိုက်ဆေးနည်းနည်းထည့်ပြီး ၀ါကျင်နေတဲ့ လက်သည်းတွေကို ပွတ်တိုက်ပေးလိုက်ပါ။ တစ်ခုပဲ။ သွားတိုက်တံကို သပ်သပ်စီသုံးပါ။ ကိုယ်နေ့တိုင်းတိုက်နေကျ သွားတိုက်တံတော့ မဖြစ်ပါစေနဲ့။

၁၃။ကိုယ့်ရဲ့ လက်စွပ်တွေ၊ လက်ကောက်တွေကို တောက်ပြောင်စေဖို့ သွားတိုက်တံ သွားတိုက်ဆေးလေးနဲ့ ပွတ်တိုက်ပေးလို့ရပါတယ်။

၁၄။ကိုယ်ဝတ်မယ့် အ၀တ်တွေ တွန့်ခေါက်နေတာမျိုးဆိုရင်တော့ ဆံပင်ဖြောင့်တဲ့ အပူချောင်းနဲ့ ခုလိုပြန်ဆန့်သွားအောင် လုပ်ပေးလို့ရတယ်နော်။ ဒါပေမယ့် အပူချောင်းနဲ့ကပ်လိုက်ရင် အရာထင်သွားနိုင်တဲ့ ချည်သားတွေ၊ ဇာတွေ၊ ပိုးသားစတာတွေကိုတော့ ဒါမျိုးမလုပ်မိပါစေနဲ့။

၁၅။အလှကုန်ပစ္စည်းတွေထဲက စပရေးဗူးတွေ၊ shower cream ဗူး အောက်ခြေတွေ သံချေးမတက်အောင်ဆိုရင်တော့ လက်သည်းပေါ်ဆိုးတဲ့ top coat လေးနဲ့ ဗူးအောက်ခြေလေးတွေကို ထပ်ဆိုးပေးလိုက်ပါ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top