iMyanmarHouse.com - Best Property Website for Myanmar
×











အခုဆိုရင် မိုးရာသီကို ၀င်ရောက်လို့လာပါပြီ။

အခုလို ရာသီအကူးအပြောင်းမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အအေးမိခြင်း၊ တုပ်ကွေးဖျားနာခြင်းတို့မှ ကာကွယ်နိုင်ကြစေရန် သင့်ကျန်းမာရေးကို ဂရုစိုက်သင့်ပါသည်။

ကျန်းမာရေးအတွက် လိုနာရန်အချက်များ-

၁။ မိုးရေစိုလာလျှင် ရေအမြန်ချိုးပြီး နွေးထွေးစွာ နေပါ။ အအေးမိလျှင် တုပ်ကွေးရောဂါ ကူးနိုင်ပါသည်။ ဖြစ်နိုင်လျှင် မိုးအမိမခံပါနှင့်။

၂။ အိပ်ရေးကိုဝအောင် အိပ်ပါ။ အနေအထိုင်၊ အစားအသောက်၊ အသုံးအဆောင်များကို သန့်သန့်ရှင်းရှင်းထားပါ။ သရက်သီးအခွံကဲ့သို့သော ယင်ကောင်နားနိုင်မည့် အမှိုက်များကို အိမ်ထဲမထားပါနှင့်။

၃။ ရေဓါတ်ကုန်ခမ်းစေမည့် အရက်၊ ဘီယာ၊ ကော်ဖီ စတဲ့ ကဖိန်းဓါတ်ပါတဲ့ အရည်မျိုးကို ရှောင်ပါ။ မရှောင်နိုင်ပါက လျှော့သောက်ပါ။

၎။ ကိုယ်လက်တို့ကို အမြဲသန့်ရှင်းပါ။ လက်ကို စင်ကြယ်အောင် မကြာခဏဆေးပါ။

၅။ ဗီတာမင် C များများစားပေးပါ။ လိမ္မော်သီးကဲ့သိုေ့သော အသီးအနှံများကို နေ့စဉ်စားသုံးပါ။ သဘာဝ ဗီတာမင် C ပါတဲ့ Nat C လိုမျိုး အားဖြည့်ဆေးမျိုးစားပါ။

၆။ တုပ်ကွေးရောဂါအတွက် ကြိုတင်ကာကွယ်ဆေးမျိုးကိုလည်း ထိုးထားလျှင် အကောင်းဆုံးပါ။

မိုးရာသီမှာ တုပ်ကွေးကဲ့သို့သော ဖျားနာခြင်းမှ ကင်းဝေးပြီး ကျန်းမာပျော်ရွှင်နိုင်ကြပါစေ။

မိမိတို့၏ မိတ်ဆွေများကိုလည်း ဒီ Post ကို ပြန်လည်မျှဝေပေးနိုင်ကြပါတယ်။

Credit : ကျန်းမာရေးသတင်းများ

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top