iMyanmarHouse.com - Best Property Website for Myanmar
×











၀၁. ကဗျာဆန်တဲ့သူ

ရှည်တဲ့လက်သည်းလေးကို ပိုင်ဆိုင်တဲ့သူကတော့ ညာဘက်ဦးနှောက်က ပိုပြီးဖွံ့ဖြိုးတာကြောင့် အတွေးအခေါ်ကောင်းတဲ့သူတယောက်ဖြစ်မှာပါ။ဘာမဆို စနစ်တကျလုပ်တတ်တဲ့သူဖြစ်ပင်မဲ့ သဘောကောင်းသူဖြစ်တဲ့အတွက် သူတပါးရဲ့ လိမ်ညာတာကို ခံရတတ်တဲ့အတွက် အထူးသတိထားစေချင်ပါတယ်။
ဘယ်ဘက်ဦးနှောက်က ဖွံ့ဖြိုးတဲ့သူနဲ့ အဆင်မပြေနိုင်ပါ။

၀၂. စိတ်မရှည်တဲ့သူ

အလျားရှည်တဲ့လက်သည်းကို ပိုင်ဆိုင်တဲ့သူကတော့ ဘယ်ဘက်ဦးနှောက်က ပိုပြီးဖွံ့ဖြိုးတာကြောင့် စကားအပြောကောင်းတဲ့သူတယောက်ဖြစ်
မှာပါ။ စိတ်ထဲထင်တာကို ပါးစပ်ကနေ လွတ်ခနဲ ပြောတတ်တဲ့အတွက် အမြဲတမ်း လန်းဆမ်းနေတဲ့ပုံပါ။စိတ်မရှည်တဲ့ အတွက် ချက်ချင်းစိတ်တိုတတ်
တဲ့အတွက် နည်းနည်းသည်းခံဖို့တော့လိုမှာပါ။စိတ်ခံစားမှုကိုအလေးထားပြီး အလုပ်လုပ်တဲ့ညာဘက်ဦးနှောက်ကို ပိုင်ဆိုင်တဲ့သူတွေနဲ့တော့ အဆင်မပြေနိုင်ပါ။

၀၃. အေးအေးဆေဆေးနေချင်တဲ့ ငြိမ်းချမ်းရေးသမား

စက်ဝိုင်းပုံ(သို့)ဘဲဥလက်သည်းပုံ ပိုင်ဆိုင်တဲ့သူကတော့ ကိုယ်အချိန်ကို တန်ဖိုးထားပြီး အေးအေးဆေးဆေးနေချင်တဲ့သူပါ။လူမူဆက်ဆံရေးအပိုင်းမှာတော့အားလုံးနဲ့အဆင်ပြေအောင်နေတတ်ပါတယ်။ကိုယ်ပတ်ဝန်းကျင်မှာရန်ဖြစ်ရင်ပထမဆုံးဝင်ပြီးဖြေရှင်းပေးမဲ့သူပါ။အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့အတွက်သူတပါးရဲ့လေးစားမူယုံကြည်မူကိုခံရပင်မဲ့တခါတလေတကိုယ်ကောင်းဆန်တတ်တဲ့အတွက်သတိထားပါ။ဘာပဲပြောပြောသူကတော့ဘယ်သူနဲ့မဆိုအဆင်ပြေအောင်နေတတ်တဲ့သူဖြစ်မှာပါ။

၀၄. ရိုးသားသောသူ

လေးထောင့်ပုံလက်သည်းကို ပိုင်ဆိုင်တဲ့သူကတော့ စိတ်ဓာတ်ကြံ့ခိုင်ပြီး အထူးသဖြင့် ယောင်္ကျားလေးတွေက များပါတယ်။ရိုးသားပင်မဲ့ ခေါင်းမာတဲ့အတွက် ပြောရခက်တဲ့သူဖြစ်မှာပါ။ခေါင်းမာတာလေးကို နည်းနည်းလျော့ရင်တော့ ပတ်ဝန်းကျင်နဲ့
အဆင်ပြေသွားမှာပါ။

၀၅.၀၆. အသေးစိတ်သော လူတော်

တြိဂံ(သို့)ပြောင်းပြန်တြိဂံလက်သည်းကို ပိုင်ဆိုင်တဲ့သူကတော့ လူတွေမမြင်တဲ့နေရာအထိ သေသေချာချာမြင်ပြီး အတွေးအခေါ်အသစ်တွေကို ပေးစွမ်းနိုင်တဲ့သူဖြစ်မှာပါ။ပြောင်းပြန်တြိဂံကို ပိုင်ဆိုင်တဲ့သူကတော့ အပြောအဆိုပိုင်းမှာတော်တဲ့သူဖြစ်မှာပါ။
ဒါပင်မဲ့ တြိဂံလက်သည်းကို ပိုင်ဆိုင်သူကတော့ အသေးစိတ်စဉ်းစားတတ်တဲ့အတွက် သူ့ပတ်ဝန်းကျင်မှာ အပြောအဆိုကြမ်းပြီးအားမနာတတ်တဲ့သူရှိရင်တော့ မနေတတ်ပါ။

၀၇. သန့်ရှင်းစင်ကြယ်သောသူ

နေကြာစေ့ပုံလက်သည်းကိုပိုင်ဆိုင်တဲ့သူကတော့အရာရာကိုသေသေချာချာစဉ်းစားပေးနိုင်တဲ့သူဖြစ်တဲ့အတွက် ပတ်ဝန်းကျင်ရဲ့ရိုသေလေးစားမူကို ခံရမှာပါ။လူတွေကို ရိုရိုသေသေ ဆက်ဆံနိုင်ပင်မဲ့ မဟုတ်မခံဆိုတဲ့စိတ်ဓာတ်လေးကရှိတဲ့အတွက်သတိထားစေချင်ပါတယ်။

၀၈. ကြိုးစားချင်စိတ်ရှိတဲ့သူ

ဓားပုံလက်သည်းကိုပိုင်ဆိုင်တဲ့သူကတော့ဇွဲရှိပြီးရည်မှန်းချက်ကိုအာင်မြင်အောင်လုပ်နိုင်တဲ့သူဖြစ်ပါတယ်။ကိုယ်ရဲ့ရည်မှန်းချက်အောင်မြင်ဖို့အတွက်ဆိုရင် ဘာမဆိုလုပ်မယ်ဆိုတဲ့အတွေးရှိပြီး ပတ်ဝန်းကျင်ကို မမြင်တော့ပဲ ဇွတ်လုပ်တဲ့အတွက် လူမုန်းတာကိုခံရတတ်ပါတယ်။

ကဲကိုယ်ရဲ့လက်သည်းလေးကတော့ ဘယ်လိုဖြစ်မလဲဆိုတာကို သေသေချာချာ အဖြေရှာပြီး အသုံးချနိုင်ပါစေ

Credit: Chelmo Team

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top