iMyanmarHouse.com - Best Property Website for Myanmar
×














ဝိုင်းနှင့် သက်မွန်မြင့်က အနုပညာ အမြင်မတူတာ ရှိသော်လည်း အလုပ်တွဲ လုပ်မည်ဖြစ်ကြောင်း ဝိုင်းက ပြောသည်။

”အဓိက က သက်မွန်နဲ့ အစ်ကိုက အနုပညာလောက မှာ လုပ်ကိုင်စား သောက်နေတဲ့ မိသားစု ညီအစ်ကိုမောင် နှမတွေပါပဲ။ တစ်ခါတလေ စိတ်တို စိတ် ကောက်ပြီး အနုပညာ အမြင်မတူကြတာ ပါ” ဟု ဝိုင်းက ပြောသည်။

လွန်ခဲ့သည့် လအနည်းငယ်က ဒါရိုက်တာ ဝိုင်း၏ ကမ်းလှမ်းမှုဖြင့် ဇာတ်လမ်းဇာတ်ညွှန်း အရ အနုပညာ အမြင်ချင်း မတူကြမှုကြောင့် ပရိသတ်ကြား အထင်အမြင် လွဲမှားမှု များ ဝိုင်းနှင့် သက်မွန်မြင့် တို့ကြား ရှိခဲ့သည်။

”အမြင် မတူတာကို အငြိုးအတေး ထားတယ်ဆိုတာ စိတ်ဓာတ် မပြည့်ဝ တာပေါ့။ သက်မွန်နဲ့ အစ်ကိုကအနုပညာ မောင်နှမတွေဆိုတော့ ရှင်းတယ်” ဟု ဝိုင်းက ဆက်ပြော သည်။

ဝိုင်းက လတ်တလော မှာ ‘ချစ်လှ စွာသောအမုန်း’ ဇာတ်ကားကို ရိုက်ကူး လျက်ရှိပြီး ရိုက်ကွင်းမှာ သက်မွန်မြင့် နဲ့ အတူ ဇင်ဝိုင်း၊ အောင်ရဲလင်း၊ ဝတ်မှုံ ရွှေရည်တို့နှင့် ရိုက်ကူးနေသည်။

’ချစ်လှစွာသော အမုန်း’ ဇာတ်ကားမှာ သက်မွန်နဲ့ ဝတ်မှုံရွှေရည်ကို တွဲပေးတာ ပရိသတ်တွေ အမြင်ဆန်းမှာပဲ။ နှစ်ယောက် စလုံးလည်း လုပ်ပိုင်ခွင့်တွေ ရှိကြတယ်”ဟု ၄င်းက ဆက်ပြောသည်။

Credit: Popular Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top