iMyanmarHouse.com - Best Property Website for Myanmar
×










ကိုယ်နဲ့သူနဲ့ သူငယ်ချင်းဘ၀ကနေ ခုလို ဒိတ်လုပ်ကြည့်ဖို့ ပြောခဲ့တာမျိုးလည်း မဟုတ်၊ တစ်ယောက်အကြောင်း တစ်ယောက် အနည်းအကျဉ်းသိထားပေမယ့် ခုမှ ပထမဆုံး လူချင်းတွေ့ကြမှာမို့ နှစ်ဥိးသားဆုံတဲ့အခါ ဘယ်ကစပြီး ဘာပြောရမလဲဆိုတာ ခေါင်းစားနေဖို့ မလိုအောင် နှစ်ဥိးသားဆုံတဲ့အခါ ပြောသင့်တဲ့ စကားမျိုးလေးတွေ ဖော်ပြပေးချင်ပါတယ်။

၁။ဘယ်လိုရုပ်ရှင်ဇာတ်ကားမျိုးတွေ ကြိုက်သလဲ၊ ဘယ်လိုစာအုပ်မျိုးတွေ ဖတ်ဖြစ်သလဲ မေးပါ။

သူပြောတဲ့ဇာတ်ကားက ကိုယ်သိနေတယ်ဆိုရင် ဘယ်အခန်းလေးက ကောင်းတယ်၊ မကောင်းဘူး နှစ်ဦးသားပြောလို့ရတာပေါ့။ စာအုပ်ဆိုရင်လည်း ကိုယ်က ဘယ်စာရေးဆရာတွေကို သဘောကျနှစ်ခြိုက်တယ်ဆိုတဲ့ အကြောင်းလေး တွေ ပြောပြပေးရင်း ပိုခင်မင်သွားနိုင်တယ်လေ။

၂။ဒီနေ့ အစစအရာရာ အဆင်ပြေရဲ့လား။

ဒီလိုမေးခွန်းမျိုးက အခြေခံအကျဆုံး ဖြစ်သလို ကိုယ်နဲ့သူနဲ့ ခင်မင်သွားဖို့အတွက် အလွယ်ကူဆုံးမေးခွန်းလေးပါ။

၃။အလုပ်က ကိုယ်ဝါသနာပါတဲ့ဟာ ဟုတ်ရဲ့လား။ ၀ါသနာပါတဲ့ အလုပ်မျိုးက ဘယ်လိုအလုပ်မျိုးလဲ။

သူ့အလုပ်အကြောင်း စပ်စုတာဆိုပေမယ့် သူဝါသနာပါတဲ့ အလုပ်ကို လုပ်နေရတာ ဟုတ်ရဲ့လားဆိုတဲ့ စေတနာပါတဲ့ မေးခွန်းမျိုးမို့ သူလည်း ပြန်ဖြေပေးချင်မှာပဲ။

၎။ခွေးချစ်တတ်လား၊ ကြောင်ချစ်တတ်လား။

တစ်ချို့လူတွေက တိရစ္ဆာန်ချစ်တတ်ကြပါတယ်။ အိမ်မွေးတိရစ္ဆာန်တွေထဲကမှ ခွေး၊ ကြောင် ဘယ်ဟာကို ချစ်တတ်သလဲဆိုတာကို မေးရင်း ရင်းနှီးအောင်ပြောဆိုပါ။

၅။အချစ်ရေးမှာ ဘယ်လိုအချက်မျိုးတွေက အရေးကြီးမယ်ထင်သလဲ။

ဒါဟာ သူ့အနေအထားကို တီးခေါက်ကြည့်တာမျိုးဖြစ်သလို သူဘယ်လိုအရာမျိုးတွေကြိုက်သလဲ၊ ကိုယ်ဆိုရင်ရော ဘာတွေမကြိုက်ဘူးလဲဆိုတာ ပြောပြထားနိုင်မယ့် မေးခွန်းမျိုးပါပဲ။

Credit: Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top