iMyanmarHouse.com - Best Property Website for Myanmar
×

 
 
 
 
 
 
 
 
 
 
 
 
 
သရုပ်ဆောင်နဲ့ အဆိုနှစ်ဖက်စလုံးကိုအချိန်ရရင်ရသလိုမျှပြီးလုပ်ဖြစ်နေတဲ့ ဝိုင်းစုခိုင်သိန်းက နှစ်ခုစလုံးမှာ အောင်မြင်မှု ရဖို့ဆိုတာက ကိုယ်တိုင်ကြိုးစားရသလို ကံနဲ့ လည်းဆိုင်ကြောင်း ပြောပြပါတယ်။ ဝိုင်းစုခိုင်သိန်းက လာအပ်တဲ့ ဇာတ်တွေအပေါ်မှာလည်း ကိုယ်နဲ့လိုက်တယ်၊ မလိုက်ဘူး၊ ရိုက်သင့်၊ မရိုက်သင့်ကို ကြည့်ပြီးေ တာ့ ရွေး ချယ်ဆုံးဖြတ်ပြီး အခုလောလောဆယ်မှာတော့ ဇာတ်ကားတွေ တောက်လျှောက်ရိုက်ဖြစ်နေကြောင်း၊ မေမြို့မှာလည်း ဇာတ်ကား ၅ ကားလောက်ရိုက် ခဲ့ပြီး အာ ဘွား ဗီစီဒီကိုလည်း ရိုက်ဖို့ရှိ ကြောင်း အနုပညာလှုပ်ရှားမှုများနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။
” ပရိသတ်ရှိမှလည်း အနုပညာသမားဆိုတာက ရပ်တည်လို့ရတာဖြစ်တဲ့အတွက် ဝိုင်းစုဘက်ကလည်း အတတ်နိုင်ဆုံး အနုပညာနဲ့ပတ်သက်တဲ့ အလုပ်တိုင်းကို ကြိုးစား သွားမှာပါ။ အဆိုရော၊ သရုပ်ဆောင်ဘက်မှာရော ပရိသတ်အားပေးမှုရတယ်ဆိုတာကလည်း ကိုယ့်ရဲ့ကြိုးစားမှုလည်းပါတယ်။ အဓိကက ကံနဲ့စန်းနဲ့ လည်း ဆိုင်ပါတယ်။ ဘယ်လောက်ပဲကြိုးစားကြိုးစား ကံနဲ့စန်းနဲ့မပါလာရင်လည်း ဒီနေရာကိုရောက်လာမှာ မဟုတ်ပါဘူး။ ပရိသတ်ရဲ့ အားပေးမှုမရှိရင်လည်း ဒီနေရာ ကို ရောက်မှာ မဟုတ်ပါ ဘူး။ 
ပရိသတ်လည်း လက်ခံလို့သာ ဒီနေရာကိုရောက်လာတာလို့ထင်ပါတယ်” လို့ အနုပညာရှင်တစ်ယောက်အတွက် ပရိသတ်ရဲ့အားပေးမှုက အရေးကြီးတယ်လို့ ဝိုင်းစု ခိုင်သိန်းက ပြောပြပါတယ်။ အနုပညာအလုပ် နဲ့ပတ်သက်လာရင် လောဘကြီးတဲ့အတွက် စိတ်ပင်ပန်းမှုတွေရှိပေမယ့် ကိုယ်ချစ်တဲ့ အနုပညာအလုပ်ကိုလုပ်ခွင့်ရတဲ့ အတွ က်တော့ကျေနပ်မိပါတယ်လို့ ပြောပြလာတဲ့ ဝိုင်းစုခိုင်သိန်းက ” ဝိုင်းစုက အနုပညာလောဘတော့ကြီးတယ်။ ကိုယ် လုပ်ချင်တာလေးတွေလည်းရှိတယ်။ 
အခုထိ လည်းမ ကုန်သေးဘူး။ စိတ်တော့ပင်ပန်းတယ်။ ဒါပေမဲ့ ကိုယ်ချစ်တဲ့၊ ဝါသနာပါတဲ့ အနုပညာကိုလုပ်နေရတဲ့အတွက်တော့ ပင်ပန်းပေမယ့်လည်း စိတ်ချမ်းသာရ တယ်။ သရု ပ်ဆောင်နဲ့ အဆိုနှစ်ခုစလုံးမှာ ပရိသတ်ရဲ့အားပေးမှုကြောင့် ပင်ပန်းလည်း ကျေနပ်တယ်။
ကိုယ့်ကိုယ်ကိုယ် အောင်မြင်နေတဲ့သူလို့တော့ ဝိုင်းစုက မခံယူထားပါဘူး။ကြိုးစားနေဆဲပါ။
ဒါပေမဲ့သရုပ်ဆောင်လည်း သရုပ်ဆောင်ဘက်မှာ အကောင်းဆုံးတတ်နိုင် သ မျှကြိုးစားပြီးလုပ်တယ်။ အမြဲတမ်းတော့ အဆိုလည်းအဆို၊သရုပ်ဆောင်ဆိုလည်း သရုပ်ဆောင်နှစ်ခုစလုံးမှာတော့ ပရိသတ်ကို ခံစားမှုတစ်မျိုးစီခံစားလို့ရအောင်တော့ ဝိုင်းစုအတတ်နိုင်ဆုံး ကြိုးစားဖြစ်နေပါတယ်” လို့ ဆိုပါတယ်။
Credit : popularmyanmar 
 
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top