တကယ်ဆိုရင် အချစ်ပဲလိုတယ်....
တကယ်ဆို မိန်းမတစ်ယောက်လိုအပ်သင့်တာ ‘ပိုက်ဆံချမ်းသာနေတဲ့ယောက်ျား’မဟုတ်ဘူး ။
ပိုက်ဆံကို ဘယ်လိုရအောင်ရှာရမလဲဆိုတာကိုသိတဲ့ အရည်အချင်းရှိတဲ့ ‘ယောက်ျား’တစ်ယောက်ပဲဖြစ်သင့်တယ် ။
တချို့ မိန်းကလေးတွေရှိတယ် ..
ကိုယ်တွဲနေတဲ့ချစ်သူတစ်ယောက် ..
သူ့ကိုလည်း တကယ်ချစ်ပါရဲ့
ဒါပေမယ့် လက်ထပ်ဖို့ကျတော့ စဉ်းစားရခက်နေတယ် ။
သူ လက်မထပ်ချင်ဘူးလေ ..
အကြောင်းပြချက်က အဲ့ဒီကောင်လေးကမချမ်းသာလို့တဲ့ သူနဲ့ယူရင်ငါပဲစိတ်ဆင်းရဲ ကိုယ်ဆင်းရဲနေရမှာ .. ဘာညာ ဘာညာပေါ့ ..
အဲဒီလိုနဲ့ အချစ်စစ်နဲ့လွဲနေတဲ့ စုံတွဲတွေအများကြီး ~~
တကယ်ဆို မချမ်းသာတဲ့လူအချင်းချင်းယူထားပြီး နောက်ပိုင်းကျ အဆင်ပြေပြေနေနိုင်နေတဲ့ အိမ်ထောင်ရေးတွေအများကြီးပါ ..
ကိုယ်ချစ်တဲ့သူနဲ့အတူတူနေ ဘယ်လိုကြီးပွားချမ်းသာအောင်လုပ်မလဲဆိုတာတွေ တိုင်ပင် ..
အတူတူကြိုးစား
အခက်အခဲတွေရင်ဆိုင်
အဲ့ဒါမှ အိမ်ထောင်ရေးသာယာတယ်လို့ခေါ်တာ ..
ချမ်းသာတဲ့လူကိုယူမှ ကိုယ်ပျော်ရွှင်ရမှာမဟုတ်ဘူး ..
ငွေပုံပေါ်တော့ထိုင်နေရပါရဲ့ ..
ကိုယ်ချမ်းသာတော့နေရပါရဲ့ ..
စိတ်ကတော့ဆင်းရဲနေရတဲ့ အိမ်ထောင်ရေးတွေလည်းတပုံတပင် ..
တကယ်ဆို လူတစ်ယောက်အတွက် ပျော်ရွှင်ခြင်း ဆိုတာ ကိုယ်ချစ်တဲ့သူနဲ့လက်ထပ်ရခြင်း ပါပဲ ... ... ...
Credit: < Heart Canteen >
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...