iMyanmarHouse.com - Best Property Website for Myanmar
×














သူမ၏ ကျော့ရှင်းလှပသော ခန္ဓာကိုယ်နှင့်ပတ်သက်ပြီး အဓိကကျသော လျှို့ဝှက်ချက်ကို ကန်ဒိုက်စ် ဆွမ်နီပိုဝယ်လ်က ထုတ်ဖော် ပြောကြားလိုက်သည်။

အသက် ၂၅ နှစ်ရှိ တောင်အာဖရိကအလှမယ်သည် ပြီးခဲ့သည့်နှစ်ပိုင်းများအတွင်း ကမ္ဘာ့နာမည်အကြီးဆုံး မော်ဒယ်လ်များအနက် အပါ
အဝင်ဖြစ်လာသည်အထိ ထိုးထွက်တောက်ပလာသူဖြစ်သည်။ ပြီးခဲ့သည့်နှစ်က victoria’s Secret အမှတ်တံဆိပ်၏ အထူးဖက်ရှင်ပွဲတွင် ဒေါ်လာ ၁၀ သန်းတန် Fantasy ဘရာစီယာကို ဝတ်ဆင်ကိုယ်ဟန်ပြခွင့်ရရှိသည်အထိ ကန်ဒိုက်စ်အနေဖြင့် အောင်မြင်မှုများရရှိလာခဲ့သည်။

သူမ၏ ခန္ဓာကိုယ်အလှအပနှင့်ပတ်သက်ပြီး မည်ကဲ့သို့ ထိန်းသိမ်းပြုပြင်ကြောင်း မေးမြန်းသည့်အခါ ကန်ဒိုက်စ်က ထိုင်ထမကြာခဏ ပြုလုပ်ခြင်းဟု ဖြေကြားသွားသည်။

မကြာသေးမီက Maxim မဂ္ဂဇင်း၏ ကမ္ဘာပေါ်တွင် ဆွဲဆောင်အားအပြင်းပြဆုံး အမျိုးသမီး ၁၀၀ စာရင်း၌ နံပါတ် ၁ သတ်မှတ်ခြင်းခံခဲ့ရသည့် ကန်ဒိုက်စ်က vogue မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် သူမ၏ ကြံ့ခိုင်မှုလေ့ကျင့်ရေး လျှို့ဝှက်ချက်များကို ဖွင့်ဟလာခြင်းဖြစ်သည်။ “ကျွန်မ အတွက် အဓိကသော့ချက်ကတော့ ထိုင်ထလုပ်တာပဲ။ တကယ်လို့ ကျွန်မက အားလပ်ရက်ရနေတယ်ဆိုပါစို့။ စိတ်ထဲမှာ ဘယ်လိုမှ သက် တောင့်သက်သာမရှိဘူး။ အနည်းဆုံး ထိုင်ထ ၁၀ ကြိမ်လောက် လုပ်လိုက်ရမှ နေသာထိုင်သာရှိသွားတယ်။ ဒီလေ့ကျင့်မှုက သိပ်ကို အကျိုး ရှိတယ်လေ” ဟု သူမကဆိုသည်။

ကန်ဒိုက်စ်က “ထိုင်ထလေ့ကျင့်ခန်း လုပ်တဲ့အခါမှာ ကိုယ်ကထိုင်နေရာက ထလိုက်ပြီဆိုရင် ကြွက်သားတွေကို အရမ်းအားစိုက်ပြီးညှစ်ထား သင့်တယ်။ ဒါမှလည်း တကယ်တမ်း တစ်ခါဆိုတစ်ခါလောက် အလုပ်ဖြစ်တာပါ” ဟုလည်း ရှင်းပြသွားခဲ့သည်။

Credit: Planet

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top