iMyanmarHouse.com - Best Property Website for Myanmar
×














အိချောပိုက ဇာတ်ကားတွေ ရိုက်ကူးတဲ့ အခါ ဇာတ်လမ်းကို ကိုယ်တိုင်ရွေးချယ် ဖြစ်သလို အနုပညာ ပျိုးခင်းက အစ်ကိုတွေ ကိုလည်းပြောပြဖြစ်ပြီး အကြံဥာဏ်တွေ ယူဖြစ်ကြောင်း အိချောပို ကပြောပြ ပါတယ်။
” ဇာတ်ကားတွေကို အိချောရိုက်တဲ့ အခါ ကိုယ်ရိုက်ချင်တာကို ရိုက်တာ၊ ကိုယ်ကြိုးစားရင် ကြိုးစား သလောက် ပရိသတ် အားပေးမှု ရတယ်။

ဘယ်သူ့ အတွက်ရယ် ဆိုတာ ထက် ကိုယ်လုပ် လိုက်တဲ့ အရာတစ်ခုကို ပရိသတ်ကျေနပ် အားပေး တယ်ဆို ကျေနပ်တယ်။ ဇာတ်တွေကိုလည်း ကိုယ်တိုင်ရွေး ချယ်တယ်။ ကိုယ်နားမလည်တာ ရှိရင် ပဲဖြစ်ဖြစ် ပျိုးခင်းက အစ်ကိုတွေကို ဖုန်းနဲ့ပဲဖြစ်ဖြစ် တိုင်ပင်ဖြစ်တယ်။ ကိုယ့်အတွက် လုပ်ကွက် လေးလည်း ရတယ်ဆို လက်ခံဖြစ်တယ်” လို့ပြောပြ ပါတယ်။

ပရိသတ်ရဲ့ အားပေးမှုက ကိုယ့်ကြိုးစားမှုအပြင် ကံနဲ့လည်း ဆိုင်တယ်လို့ ပြောပြတဲ့ အိချောပိုက “ရုပ်ရှင်ကား ဆိုရင်ကိုယ့်အတွက်လည်း လုပ်ကွက်ရပြီးပရိသတ် ကြိုက်နိုင် တယ်ဆို လက်ခံမှာပါ။ အပြိုင်ဇာတ် ရုပ်တွေကို နောက်ပိုင်း အိချောကို လာမငှားသလို သိပ်မရိုက်ဖြစ်ဘူး။ ဇာတ်လမ်းပေါ်မူ တည်ပြီးလက်ခံ၊ လက်မခံစဉ်းစား တာပေါ့။ အနုပညာဆိုတာ ကိုယ်ချစ်လို့ လုပ်တာဖြစ်သလို၊ ကိုယ်ကြိုးစားမှု၊ ကံနဲ့လည်း ဆိုင်တယ်။ ကားရိုက်တဲ့အချိန် စိတ်ညစ်စရာတွေ ပဲဖြစ်ဖြစ်ရှိခဲ့ ရင်တောင်မှ စိတ်ထဲမှာ ဘာမှမထား ဘူး။ ကားရိုက်လို့ အားလုံးပြီးသွားပြီဆိုမှပဲ စိတ် ထဲပြန်ရောက်လာတယ်” လို့ ပြောပြပါတယ်။


Credit : Popular News

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top