iMyanmarHouse.com - Best Property Website for Myanmar
×

သွေးတိုးရောဂါရှိသူများ သွေးတိုးပြီး ခေါင်းမူးလာပါက အောက်ပါ သဘာဝနည်းများဖြင့် သွေးတိုးရောဂါ သက်သာသွားအောင် ပြုလုပ်နိုင်ကြပါတယ်။

၁။ ဒန့်သလွန်ရွက်ကို ရေစင်အောင်ဆေးပြီး ထောင်းလိုက်ပါ။ အရည်ညစ်ယူပြီး လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့်ကို သောက်လိုက်ပါ။ သွေးတိုးချက်ချင်း သက်သာသွားစေပါသည်။

၂။ သံပရာသီးကို ခွဲလိုက်ပါ။ အထဲမှာ အစေ့များကို ၅ စေ့ခန့် ၀ါးစားလိုက်ပါ။ သွေးတိုးချက်ချင်း သက်သာပါလိမ့်မည်။

၃။ သံပရာသီး ချက်ချင်းမရနိုင်ပါက သံပရာပင်၏ အခေါက်ကို ဆေးကြောပြီး ရေနဲ့ သွေးပြီး သောက်ပေးနိုင်ပါသည်။

၎။ ဗန်ဒါရွက်အနု ၃၊၄ ရွက်ခန့်ကို ရေစင်အောင်ဆေးပြီး ၅ မိနစ်ခန့် ပြုတ်ပြီး သောက်ပေးပါ။ တစ်နေ့ကို လက်ဖက်ရည်ခွက် ၃ ခွက်ခန့်  သောက်ပေးပါ။ ၅ ရက်နဲ့ ၁ ပတ်အတွင်း သွေးတိုးရောဂါ သက်သာသွားပါမည်။

သတိပြုရန်။ ။ ဗန်ဒါရွက်ပြုတ်ရည်ကို အလွန်အကျွံသောက်ပါက ၀မ်းချုပ်တတ်ပါသည်။

၎င်းဆေးနည်းများသည် မြန်မာ့ရိုးရာဆေးမြီးတိုနည်းများဖြစ်ပါသည်။

သွေးတိုးရောဂါဝေဒနာရှင်များအတွက် ဇီဝိတဒါနအဖြစ် မည်သူမဆို Share ပေးနိုင်ကြပါသည်။

Credit: မြန်မာ့ရိုးရာဆေးမြီးတိုများ

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top