iMyanmarHouse.com - Best Property Website for Myanmar
×














အဆိုတော် Demi Lovato တစ်ယောက် တနင်္လာနေ့ New York မှာကျင်းပတဲ့ Logo ရုပ်သံရဲ့ Trailblazers အခန်းအနားမှာ သူ့အဖိုးဖြစ်သူက မိန်းမလျာဖြစ်ကြောင်းကြေငြာပြီးပရိတ်သတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။

အဲဒီ့အခမ်းအနားဟာ ယောကျာ်းလျာ၊ မိန်းမလျာ၊ ဒွိလိင်နဲ့ လိင်ပြောင်းလဲထားတဲ့သူတွေ အခွင့်အရေးအတွက် စွမ်းဆောင်ထားသူများကို ဂုဏ်ပြုတာဖြစ်ပြီး Lovato က အစီအစဉ်တင်ဆက်သူများထဲက တစ်ယောက်ဖြစ်ပါတယ်။

‘ကျွန်မဒီအကြောင်းကိုတစ်ခါမှာ မပြောခဲ့ဖူးပါဘူး။ ဒါပေမယ့် ကျွန်မအဖိုးကိုယ်တိုင်က လမ်းသစ်ဖေါက်သူတစ်ယောက်ဖြစ်လို့ပါ။ သူက ၁၉၆၀ ကျော်နှစ်တွေကတည်းက ရဲရဲဝင့်ဝင့်ထုတ်ဖေါ်ပြောဆိုခဲ့တာ။ ပြီးတော့ ကျွန်မရဲ့စိတ်ဓာတ်တော်တော်များများက သူ့ဆီကလာတာလို့ ကျွန်မခံစားရတယ်။ နှစ်အနည်းငယ်ကြာမှာသူကွယ်လွန်ခဲ့ပါတယ်။ ပြီးတော့ ကျွန်မ ဖြစ်ပေါ်လာတဲ့ တိုးတက်မှုတွေကို သူ့ကိုမြင်စေချင်ပါတယ်။’ လို့ Lovato ကဆိုပါတယ်။

Credit: Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top