iMyanmarHouse.com - Best Property Website for Myanmar
×














သရုပ်ဆောင်၊ အဆိုတော်ချစ်သုဝေကို လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ၊ နိုင်ငံတကာရုပ်ရှင်ပွဲတော် ရဲ့ဆုပေးပွဲမှာ တက်ကြွစွာနဲ့ ပါဝင်လှုပ်ရှားနေတာကို တွေ့ရလို့ သူမနဲ့ တွေ့ဆုံခိုက်မှာ မေးဖြစ်ခဲ့တာတွေကတော့

ထရေဇာအနေနဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ဇာတ်ကားတွေ မြန်မာနိုင်ငံမှာပြသခွင့်တွေ ရရှိလာတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသားတစ်ယောက်အဖြစ် စိတ်ခံစားချက်ဘယ်လိုရှိပါသလဲ။

အရမ်းဝမ်းသာပါတယ်။ နိုင်ငံတကာက တက်ရောက်တဲ့ လူငယ်တွေဘာတွေကိုပြသသလဲ။ ပြီးတော့ သူတို့ပြသတဲ့  ပြယုဒ်အနေနဲ့ အဲဒီနိုင်ငံမှာဘာတွေဖြစ်ပေါ်နေသလဲ။ အဲဒီနိုင်ငံရဲ့လူမှုရေး၊ စီးပွားရေးတွေကို documentary film ကနေတဆင့် တစေ့တစောင်း လေ့လာခွင့်ရတယ်။ အစ်မတို့မြန်မာပြည်မှာ ဒီလိုလူ့အခွင့်အရေးပွဲတွေ ကျင်းပပြီးတော့ documentary film festival တွေလုပ်တယ်။ ပြိုင်ကြတယ်ဆိုတော့ talent ရှိတဲ့လူငယ်တွေ အများကြီးထွက်ပေါ်လာတယ်။ တစ်ခြားအကျိုးမရှိတဲ့ အရာတွေနဲ့ အချိန်ကုန်နေမယ့်အစား ကိုယ့်နိုင်ငံရဲ့ အကြောင်းတွေကို တစေ့တစောင်း လေ့လာပြီးတော့ documentary လိုက် ရိုက်နိုင်တယ်ဆိုတာ ဒါဝမ်းသာစရာပါပဲ။ နိုင်ငံအတွက် positive ဖြစ်တဲ့အရာပါ။ ပြီးတော့ အဲဒီ့ကနေ လိုအပ်ချက်တွေ အရာအားလုံးကို သိရတဲ့အခါမှာ နိုင်ငံတော်အစိုးရ၊ NGOအဖွဲ့အစည်းနဲ့ ပြည်သူတွေက ဘာလုပ်ရမယ်ဆိုတာ တွေးတတ်၊မြင်တတ်၊ ကြားတတ်ခံစားတတ်ရင် လုပ်ပေးလို့ရနိုင်မယ့် အရာလေးတွေ ဖြစ်တာကို ပွင့်ပွင့်လင်းလင်း သိခွင့်ရတဲ့အတွက် ဒီလိုdocumentary film festival ပွဲတော်လုပ်တာကို သိပ်ကောင်းတဲ့ အရာလို့မြင်ပါတယ်။

မထရေဇာအနေနဲ့ human right ဆိုတဲ့ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး ဘယ်လိုနားလည်ထားသလဲ။

လူတစ်ယောက်မှာ မွေးလာကတည်းက ပါလာပြီးသား။ ဒါပေမယ့် အဲဒီ့ရရှိတဲ့အခွင့်အရေး၊ ကိုယ်ပိုင်အခွင့်အရေးမှာ တာဝန်ယူမှုဆိုတာပါတယ်။ လူ့အခွင့်အရေးဆိုတိုင်း တစ်ခြားသူတစ်ပါးကို အနှောင့်အယှက်ပေးတာ၊ လုပ်တာမျိုးတော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် လူ့အခွင့်အရေးဆိုတာ ဘာလဲဆိုတာကို လူတိုင်းကိုယ်စီ ကိုယ်စီနားလည်လာဖို့လိုတယ်။ ထရေဇာနားလည်ထားတဲ့ လူ့အခွင့်အရေးဆိုတာ လူတစ်ယောက်မွေးဖွားလာကတည်းက ကိုယ့်မှာကိုယ်တိုင်right ဆိုတာပါလာပြီးသား။ ဒီကိုယ်ပိုင် right ဆိုတဲ့အရာတွေကိုယူတဲ့အခါအမှာ ကိုယ့်ရဲ့ တာဝန်ယူမှုတွေလိုတယ်။ တစ်ခြားအရာတွေအပေါ်မှာ အနှောင့်အယှက်ပေးမှုတွေ ကင်းဖို့တော့လိုတာပေါ့နော်။

လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး အနုပညာနဲ့ဖန်တီးမှုချပြခွင့်ရခဲ့မယ်ဆိုရင် မထရေဇာအနေနဲ့ ဘယ်လိုချပြမယ် လို့စဉ်းစားထားပါသလဲ။

အစ်မကတော့ အရုပ်ပိုင်းရော၊ အသံပိုင်းရောလုပ်နေတာဆိုတော့ human right နဲ့ဆိုင်တဲ့ သီချင်းစာသားမျိုးတွေ၊ ကလေးသူငယ်လေးတွေရဲ့ သူတို့ရဲ့ဘဝကိုမြှင့်တင်ပေး တဲ့အရာမျိုးလေးတွေနဲ့ သီချင်းလေးတွေ ဆိုဖို့ရှိပါတယ်။ ဆိုထားတာတွေလည်း ရှိပါတယ်။ ရိုက်ကူးရေးပိုင်းမှာကျတော့ အစ်မတို့က ကျရာဇာတ်ရုပ်ကို သရုပ်ဆောင်ရတယ်ဆိုပေမယ့် အဲဒီလိုဇာတ် ရုပ်မျိုးတော့ ကိုယ်တိုင် သရုပ်မဆောင်ဖူးသေးပါဘူး။ အဲဒီလိုပုံစံမျိုးလေးတွေတော့ သရုပ်ဆောင်ကြည့်ချင်ပါတယ်။

လတ်တလောအနုပညာလှုပ်ရှားမှုလေးပြောပြပေးပါအုံး။

ကားရိုက်နေပါတယ်။ ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်နဲ့ သရုပ်ဆောင်အောင်ရဲလင်းနဲ့ စရိုက်နေပါပြီ။ တစ်နေ့ကတော့ ဒါရိုက်တာဦးဝင်းထွန်းထွန်းနဲ့ ချစ်ဦးမေဆိုတဲ့ ဇာတ်ကားလေး ရိုက်လို့ပြီးသွားပါပြီ။ မင်းသားက နေမင်းပါ။ အခုလကုန်အထိကတော့ အစ်မအောင်ရဲလင်းနဲ့ပဲ နှစ်ကား ဆက်တိုက်ရိုက်ဖြစ်မယ်။ ပြီးတော့ ဒီကြားထဲမှာပဲ မန္တလေးက စိန်တိုက်ဖွင့်ပွဲအတွက် သီချင်းဆိုပေးဖို့ ရှိပါတယ်။

တစ်ကိုယ်တော် တေးစီးရီးလုပ်နေတဲ့ အခြေအနေလေးသိပါရစေ။

အစ်မသီချင်းသုံးပုဒ်ပဲ သွင်းရသေးတယ်။ ကားရိုက်တွေရှိနေတော့ ပြန်မစနိုင်ဘူးပေါ့။ ဒါပေမယ့်ဒီနှစ် ကုန်ပိုင်းလောက်တော့ ထွက်နိုင်အောင်လို့ကြိုးစားသွားမှာပါ။

အဲဒီအခွေလေးထဲမှာရောခင်ပွန်းဖြစ်သူ ကိုလင်းလင်းရဲ့ထောက်ပံ့ပံ့ပိုးမှုတွေပါသေးလား။

သူပဲစဉ်းစားပြီးတော့ သီချင်းရေးတဲ့ အပိုင်းတွေ အစ်မလိုချင်တဲ့ပုံစံမျိုးလေးတွေနဲ့ အစ်မနဲ့ လိုက်ဖက်မယ့် သီချင်းလေးတွေကို ဖန်တီးပေးနေတာပေါ့။ သူရေးပေးတာအများဆုံးပါပဲ။

တစ်ကိုယ်တော်အခွေအတွက် title နံမည်ပေးပြီးပြီလား။

အဲဒါကတော့ အစ်မရဲ့တစ်ကိုယ်တော်အခွေ အားလုံးပြီးသွားပြီဆိုမှ ဘာလေးကအကောင်းဆုံးဖြစ်မလဲ ဆိုတာကို စဉ်းစားပြီးမှပဲ ပေးဖြစ်သွားမှာပါ။

မီးအိမ်ကဗျာ ဒီဗီဒီအခွေကရော ပရိသတ်တွေထံကိုဘယ်တော့လောက်ချပြပေးမယ်လို့ စဉ်းစားထားပါသလဲ။

အစ်မတို့ production ပိုင်းပဲ လိုတော့တာပေါ့။ အစ်မတို့ အနုပညာပိုင်းကအကုန်ပြီးသွားပြီ။  production ပိုင်းကတော့ ဘယ်တော့လောက် ထွက်ဖြစ်မလဲဆိုတာ အစ်မတောင် စိတ်ဝင်တစားနဲ့ ပဲ ဘယ်တော့ထွက်မလဲဆိုပြီး စောင့်နေရပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top