iMyanmarHouse.com - Best Property Website for Myanmar
×











လက်တင်အမေရိကရဲ့ အလှဘုရင်မ Jennifer Lopez ဟာ ချစ်သူ Casper Smart နဲ့ ခွာပြဲပြီးနောက်တစ်ရက် မှာ ကမ္ဘာ့ဖလားဖွင့်ပွဲမှာ ဖျော်ဖြေဖို့ အစီအစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။

ဒီတစ်ပါတ် ကြာသပတေးနေ့ ၊ ဘရာဇီးနိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်အခမ်းအနားကို မိန်းမလှလေးတွေ အများအကြီးနဲ့ ကပြဖျော်ဖြေဖို့ စီစဉ်ထားခဲ့ပေမယ့် Jennifer Lopez ကတော့ ပါဝင်လာတော့မှာ မဟုတ်ပါဘူး။

Jennifer Lopez ဟာ ဆော်ပေါလိုမြို့ မှာ ကျင်းပမယ့် ဒီဖွင့်ပွဲမှာ ၂၀၁၄ ကမ္ဘာ့ဖလားသီချင်း We Are One ကို Pitbull နဲ့ တူတူ ဖျော်ဖြေသီဆိုဖို့ စီစဉ်ထားခဲ့တာပါ။ ဒါပေမယ့် ရုတ်တရက်ပဲ အသက် ၄၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Jen က သီဆိုမှာမဟုတ်တော့ဘူးလို့ ကြေငြာခဲ့တာပါ။

ဂျေလိုဟာ သူမရဲ့ ချစ်သူ အသက် ၂၇ နှစ်အရွယ် နောက်ခံအကသမား Casper Smart နဲ့ လွန်ခဲ့တဲ့ သောကြာနေ့ က လမ်းခွဲခဲ့ပါတယ်။ Casper Smart ဟာ လိင်အင်္ဂါပြောင်းလဲထားတဲ့ မော်ဒယ် Sofie Vie နဲ့  စာတွေ အပြန်အလှန် ပို့ နေကြောင်း ကောလဟာလတွေ ထွက်ရှိခဲ့ပြီးနောက် သူမရဲ့ နှစ်နှစ်တာချစ်ခရီးကို အဆုံးသတ်လိုက်တာ ဖြစ်ပါတယ်။

ဂျေလိုဟာ Casper နဲ့ ချစ်သက်တမ်းအတွင်း Casper အတွက် ၀ယ်ပေးခဲ့တဲ့ တန်ဖိုးကြီးလက်ဆောင်တွေကို တော့ Casper သိမ်းထားဖို့ ခွင့်ပြုခဲ့တယ်လို့ TMZ ၀က်ဘ်ဆိုဒ်အရ သိရပါတယ်။ ဒီလက်ဆောင်ပစ္စည်းတွေ ထဲမှာ Casper ၂၅ နှစ်ပြည့်မွေးနေ့ အတွက် ၀ယ်ပေးခဲ့တဲ့ အထူးပြင်ဆင်ထားတဲ့ ထရပ်ကားတစ်စီးလည်း ပါဝင်ပါတယ်။

Credit: Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top