iMyanmarHouse.com - Best Property Website for Myanmar
×

မြန်မာနိုင်ငံရဲ့ မော်ဒယ်လ်လောကထဲမှာ ဘောင်ဝင်တဲ့ မော်ဒယ်လ်တစ်ယောက်အဖြစ် ကြိုးစားရပ်တည်နေရင်း Photo Model အလုပ်ကိုမှ ၀ါသနာထုံတယ်လို့ ဖွင့်ဟလာတဲ့သူ Mဆိုင်းလူနဲ့ တွေ့ဆုံခိုက်မှာ သူမ ဖွင့်ဟသွားတဲ့ အရာတွေကတော့ “လတ်လလောက မဂ္ဂဇင်းဂျာနယ်တွေအတွက် ရိုက်ပေးဖြစ်တယ်။ အမျိုးသမီးရေးရာ ရှိုးလျှောက်ဖို့ရှိတယ်။ ပြီးတော့ Model Academy ပေါ့။ အမျိုးသမီးရေးရာပွဲမှာက ညီမက ကချင်ရယ်၊ ချင်းရယ်၊ Karasik ရယ်  round သုံးခု လျှောက်ရမှာပေါ့။ ညီမက ကချင် လူမျိုးဖြစ်တဲ့အတွက် ကချင်ဝတ်စုံဝတ်ရတာ ပီတိလဲဖြစ်တယ်။ ညီမတွက် အရမ်းအဆင်ပြေတယ်။ ညီမလဲ အရမ်းကြိုက်တယ်။ ချင်းဝတ်စုံကကျတော့ အဆင်ပြေတယ်။ Karasik ကလဲ အဆင်ပြေတယ်ဆိုတော့ အားလုံးသူ့ဟာနဲ့သူ အဆင်ပြေနေတာပါပဲ။ အမျိုးသမီးပွဲမှာ ရှိုးလျှောက်ခွင့်ရတဲ့အတွက် ပျော်လဲပျော်မိတယ်။ ပြီးတော့ ညီမက သရုပ်ဆောင်တာကို လုံးဝ ၀ါသနာမပါဘူး။ ရှိုးလျှောက်တာနဲ့ ဓာတ်ပုံရိုက်တာကိုပဲ ၀ါသနာပါတယ်။ မော်ဒယ်လ်လုပ်နေရင်းနဲ့မှ အခွင့်အရေးပေးလာမယ်ဆိုရင်တော့ သရုပ်ဆောင်ဖက်က လုပ်ဖြစ်ချင် လုပ်ဖြစ်မှာပေါ့နော်” တဲ့။

ဒါ့အပြင် Photo Model တစ်ယောက်အဖြစ် ရပ်တည်ရတဲ့အခါ ဖြစ်လာတဲ့ ခံစားချက်ကိုလည်း “ ဓာတ်ပုံရိုက်တဲ့ အခါကျရင် Mood ကတော့ မျိုးစုံရှိတာပေါ့နော်။ ကိုယ့်ရိုက်မယ့် လိုကေးရှင်းနဲ့ ကိုယ်ဝတ်မဲ့ဖက်ရှင်ကို ဦးစားပေးပြီး စဉ်းစားဖြစ်ပါတယ်။ ညီမခု ၄နှစ်လောက်ရှိပြီ။ ဒီလောကထဲမှာ မော်ဒယ်လ်တစ်ယောက်အနေနဲ့ ရပ်တည်နေတာ။ အဲဒီအပေါ်မှာကျေနပ်တယ်။ ပီတိလဲဖြစ်တယ်။ ရှေ့ဆက်ပြီး ဆက်လက်ကြိုးစားသွားဖို့ပဲ ရှိပါတယ်။

ဒီလောကအပေါ်ကို မြင်မိတာကတော့ အကောင်းဖက်က ကြည့်ရင်တော့ ကောင်းတာပေါ့နော်။ အဆိုးဖက်က ကြည့်ရင်တော့လဲ အဆိုးပေါ့နော်။ ညီမကတော့ အဲလိုပဲ နားလည်ထားပါတယ်။ အိမ်က မိဘတွေကလဲ ဒီအလုပ်နဲ့ပတ်သတ်ပြီး ထောက်ပံ့ပေးပါတယ်။ အဲဒီအတွက်သိပ်ပြီး အခက်အခဲ မရှိခဲ့ဖူးပေါ့နော်။ ဖက်ရှင်ကတော့ မိုးရာသီမှာ အိမ်မှာနေရင် ဆွယ်တာပါးပါးလေးနဲ့ ဘောင်းဘီတိုလေးနဲ့ပေါ့။ အဲလောက်ပဲဝတ်ဖြစ်ပါတယ်။ အချစ်ရေးကတော့ပုံမှန်ပါပဲ။ အဆင်ပြေပါတယ်။ ချစ်သူထားတာ ကြာလဲကြာနေပြီလေ။ အဆင်ပြေပါတယ်။ခုညီမချစ်သူကတော့ အပြင်ကပါ” လို့ သူမက ပြောပြသွားခဲ့ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top