iMyanmarHouse.com - Best Property Website for Myanmar
×











သူ့အစ်ကို Paul Walker နဲ့ရုပ်ချင်းဆင်တူတဲ့ ညီဖြစ်သူ Cody Walker ဟာ နောက်ထပ် Fast & Furious ဇာတ်ကားတွေမှာဆက်လက်သရုပ်ဆောင်ဖို့ဆွေးနွေးနေပါပြီ။

Paul ရဲ့နောက်ဆုံးဇာတ်ကား Fast & Furious 7 ကိုပါဝင်ကူညီသရုပ်ဆောင်ပေးဖို့သဘောတူခဲ့တဲ့ Cody Walker ဟာ ထုတ်လုပ်သူတွေကို သူ့ရဲ့သရုပ်ဆောင်စွမ်းရည်တွေနဲ့ လက်ခံလာအောင်ပြုလုပ်အပြီးမှာ ထပ်ခါထပ်ခါသရုပ်ဆောင်ရမှာဖြစ်တဲ့ ဒီဇာတ်ကောင်နေရာကို ရယူမှာဖြစ်တဲ့အကြောင်း အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရသိရပါတယ်။

‘သူ့ရဲ့ညီက အဖွဲ့မှာပါဝင်လာတဲ့အခါ Paul ရဲ့ဇာတ်ကောင် Brian O’Conner အနားယူသွားတာကို မြင်ရမှာပါ’ လို့အတွင်းသိတစ်ယောက်ကပြောပါတယ်။

‘ဒါပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် Cody က Paul နေရာမှာအစားထိုးမှုတစ်ခုမဟုတ်ပါဘူး။ ဒါပေမယ့် သူပါဝင်လာပြီး နောက်ဆုံး ရုပ်ရှင်ကို ကူညီအဆုံးသတ်ပေးတာကို ထုတ်လုပ်သူတွေက တကယ်ပဲကျေးဇူးတင်နေကြတာ။ ပြီးတော့ Cody က အလွန်နှစ်သက်စရာကောင်းပြီး ဆွဲဆောင်မှုရှိပါတယ်’ လို့ပြောပါတယ်။

‘Cody က The Fast and the Furious ဇာတ်ကားတွေမှာ Walker အမည်ကို ဆက်လက်သယ်ဆောင်သွားတာဟာ Paul ကိုဂုဏ်ပြုတာလဲဖြစ်ပါတယ်’ လို့ပြောပြပါတယ်။

၂၅ နှစ်အရွယ် Cody ကသူ့အစ်ကိုဖြစ်သူရဲ့သေဆုံးမှုနဲ့ပါတ်သတ်တဲ့ အကြောင်းကို ပြီးခဲ့တဲ့ ဧပြီလမှာပထမဆုံး စတင်ထုတ်ဖေါ်ပြောကြားတာဖြစ်ပြီး သူကဒီကိစ္စကို တကယ်ဖြစ်သွားတာလို့ မခံစားရသေးကြောင်းပြောပါတယ်။

Fast & Furious 7 ကို ၂၀၁၅ ခု ဧပြီ ၁၀ ရက်မှာထုတ်ဖို့စီစဉ်ထားပါတယ်။

Credit: trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top