iMyanmarHouse.com - Best Property Website for Myanmar
×










Gangnam Style နဲ့ ကမ္ဘာကျော်သွားခဲ့တဲ့ PSY အကြောင်းကိုတော့ အထူးပြောနေစရာ မလိုတော့ပါဘူးနော်။ You Tube မှာ ကြည့်ရှုသူအများဆုံး သီချင်းအဖြစ် စာရင်းဝင်သွားခဲ့ပြီးဖြစ်တဲ့ PSY ရဲ့ Gangnam Style ရဲ့ ရိုက်ခတ်မှုဟာ တော်တော့်ကို ကြီးမားခဲ့တဲ့အတွက် ခုဆိုရင် PSY ရဲ့ ကမ္ဘာအနှံ့အပြားက ပရိသတ်တွေက ဘယ်လိုသီချင်းများ ထပ်ပြီးဖန်တီးချပြမလဲဆိုတာ စောင့်မျှော်နေကြပါပြီ။

YG Entertainment က တစ်ဆင့် PSY ရဲ့ စာနယ်ဇင်းထုတ်ပြန်ချက်တွေထဲမှာတော့ သူ့ကို ကမ္ဘာတ၀ှမ်းအားပေးခဲ့ကြတဲ့ ပရိသတ်တွေအတွက် အရင်ထက် ပိုမိုကောင်းတဲ့ ဖန်တီးအား၊ ကြိုးစားမှုတွေနဲ့ သီချင်းသစ်တွေကို ချပြပေးသွားမယ်ဆိုတာပါပဲ။ အသက် ၃၆နှစ်ရှိပြီဖြစ်တဲ့ PSY အဆိုတော်ကတော့ သူရဲ့ ခုနှစ်ခွေမြောက်အယ်လ်ဘမ်ကို မထုတ်ခင် ပရိသတ်တွေအတွက် သီချင်းသစ်တစ်ပုဒ်ကို ဒီလ ၈ရက်နေ့မှာ တင်ပေးသွားမယ်လို့ ပြောပါတယ်။ သီချင်းနာမည်ကတော့ Hangover လို့ သိရပြီး အရင်သီချင်းပုံစံတွေနဲ့ မတူဘဲ hip hop ပိုဆန်တဲ့ သီချင်းပါလို့လည်း သူက ထုတ်ဖော်ပြောကြားသွားပါတယ်။

Credit: trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top