iMyanmarHouse.com - Best Property Website for Myanmar
×









Kpop အဖွဲ့တွေထဲမှာ မသိသူမရှိလောက်အောင် နာမည်ရနေပြီးသား Girls' Generation အဖွဲ့ကို အားလုံးသိပြီးသား ဖြစ်ပါတယ်။

မိန်းကလေးအဖွဲ့ဝင် ကိုးယောက်နဲ့ ဖွဲ့စည်းထားတဲ့ Girls' Generation ဟာ သူတို့ရဲ့နောက်ဆုံးထွက် ရှိထားတဲ့ single သီချင်းဖြစ်တဲ့ Mr.Mr အတွက် ပရိုမိုးရှင်းအစီအစဉ်တွေနဲ့ ခုချိန်ထိ အလုပ်ရှုပ်နေဆဲပါ။ သို့ပေမယ့် အခြေအနေကောင်းလွန်းနေတဲ့ Mr.Mr သီချင်းဟာ ကိုရီးယား၊ ဂျပန်နဲ့ အာရှနိုင်ငံတွေမှာသာမက အနောက်နိုင်ငံတွေ ထိပါ ထိုးဖောက်ဝင်ရောက်နိုင်တယ်ဆိုတာကို ခု Time မဂ္ဂဇင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး သီချင်း ၂၅ပုဒ်စာရင်းကို ကြည့်ရင် သိမှာပါ။

Mr.Mr သီချင်းကို ကလို့ကောင်းတဲ့ အီလက်ထရောနစ်မြူးဇစ် ဖြစ်တယ်လို့ Global Post မှာလည်း သုံးသပ်ခြင်း ခံထားရပါတယ်။ ဒီလို Time မဂ္ဂဇင်းက ရွေးချယ်ထားတဲ့ အကောင်းဆုံးသီချင်းစာရင်းမှာ ပါဝင်ခဲ့တာမို့ Girls' Generation အဖွဲ့ဝင်တွေအနေနဲ့ ပျော်ရွှင်ဝမ်းမြောက်တဲ့အပြင် ဂုဏ်လည်းယူတယ်လို့ စာနယ်ဇင်းတွေမှာ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

Credit: Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top