ခုလက်ရှိပေါ်ထွက်နေတဲ့ 2NE1 ဖျော်ဖြေပွဲ လက်မှတ်ဈေးနှုန်းတွေဟာ ကောလာဟလတွေသာဖြစ်
ကမ္ဘာကျော် K-Popအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ 2NE1 အဖွဲ့ မြန်မာနိုင်ငံမှာ လာရောက်ဖျော်ဖြေမယ့် ဖျော်ဖြေပွဲလက်မှတ်ဈေးနှုန်းနဲ့ ရောင်းချမယ့် ကိစ္စနဲ့ ပတ်သက်ပြီး ခုလက်ရှိထွက်ပေါ်နေတဲ့ လက်မှတ်ဈေးနှုန်းတွေဟာ ကောလဟလတွေလို့ သိရပါတယ်။ လက်ရှိမှာ 2NE1ဖျော်ဖြေပွဲ လက်မှတ်တွေကို ရောင်းချခြင်းလုံးဝမရှိသေးပဲ Samsung TabS ဝယ်ယူသူတွေထဲက ဦးစွာဝယ်ယူသူတွေကိုသာ မေတ္တာလက်ဆောင်ပေးအပ်ခြင်းသာရှိပါသေးတယ်။ လက်မှတ်ဈေးနှုန်းနဲ့ ရောင်းချမှုပုံစံတွေကို ဇူလိုင်လ လလယ်ပိုင်းမှသာ ထုတ်ပြန်ကြေညာသွားမှာပါ။
Samsung ရဲ့ပစ္စည်းသစ် ပရိုမိုးရှင်းတွေနဲ့ တွဲဖက်ပြီး2NE1ပွဲရဲ့မေတ္တာလက်မှတ်တွေကို ပေးအပ်နေပြီး ထပ်မံပေး အပ်သွားမယ့် အစီအစဉ်လည်းရှိပါတယ်။ “ဈေးနှုန်းတွေကို ကျွန်တော်တို့နဲ့တရားဝင် ချိတ်ဆက်ထားတဲ့ Mango ကတစ်ဆင့်ပဲ ကြေညာသွားပါမယ်။ ဇူလိုင်လလယ်ပိုင်းလောက် ထုတ်ပြန်ကြေညာသွားမှာပါ”လို့ Samsung Myanmar Electronics မှMarketing managerကိုကျော်စွာလင်းက ဆိုပါတယ်။
2NE1 ဖျော်ဖြေပွဲရဲ့ Media Partner Mango ကုမ္မဏီ က မမွန်မြတ်သူကလည်း “လောလောဆယ်ထွက် ပေါ်နေတဲ့ လက်မှတ်ဈေးနှုန်းတွေအားလုံးက ကောလဟာလတွေပါ။ လက်ရှိမှာတော့ Samsung က ကုန်ပစ္စည်းသစ်ဝယ်ယူသူတွေကို မေတ္တာလက်မှတ် ပေးနေတာတွေပဲ ရှိပါသေးတယ်။ ထပ်မံပေးအပ်မယ့် အစီအစဉ်တွေလည်း ရှိပါသေးတယ်။ လက်မှတ်ရောင်း ချမယ့်ဈေးနှုန်း နဲ့နေရာတွေကို ဇူလိုင်လလယ်ပိုင်းမှာ အသေးစိတ်ထုတ်ပြန်ကြေညာပေးသွားပါမယ်။ လောလောဆယ်တော့ မေတ္တာလက်မှတ်ပဲ ပေးအပ်နေပါသေးတယ်။ လုံးဝရောင်းချနေခြင်း မရှိသေးပါဘူးလို့ ဆိုပါတယ်။
2NE1ဖျော်ဖြေပွဲကို သြဂုတ်၂ရက်တွင် ရန်ကုန်မြို့သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံမှာ ပြုလုပ်သွားမှာဖြစ်ပြီး Samsung Myanmar Electronics က စီစဉ်တင် ဆက်ခြင်းဖြစ်ပါတယ်။ KPop ဖျော်ဖြေပွဲကို၂၀၁၄ခုနှစ်တွင် ရန်ကုန်မြို့မှာပထမဆုံးပြုလုပ်ခဲ့ရာမှာ ပရိသတ် စိတ်ဝင်စားကြည့်ရူ့မှု များပြားခဲ့ပြီး 2NE1 ဖျော်ဖြေပွဲအတွက်လည်း လက်မှတ် ဝယ်ယူကြည့်ရူ့နိုင်ရန် စိတ်ဝင်စားမှုတွေ များပြားနေပါတယ်လို့ ဆိုပါတယ်။
Credit: Trend Myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...