iMyanmarHouse.com - Best Property Website for Myanmar
×

A သွေးဆိုသည်မှာ စိတ်ခံစားချက်များကို သူတစ်ပါးမြင်သာအောင် ဖွင့်ဟပြောဆိုနိင်ခွင့် မရှိခဲ့တဲ့ အချိန်တွေ အရမ်းများပါတယ်

မိမိ စိတ်တိုင်းမကျတဲ့အချိန်တွေ ရှိလာခဲ့ရင်တောင်မှ
သူတစ်ပါးထိခိုက်နစ်နာမှာဆိုး၍ တစ်ယောက်ထဲကြိတ်ပြီး ခံစားခဲ့ရတဲ့ အဖြစ်ပျက်မျိုးတွေ များပါတယ်

မည်သို့ ပင်ဆိုစေကာမှု ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်တဲ့ အကျင့်ကြောင့်
ဒေါသကြီးသူ စိတ်ကြီးတတ်သူ တစ်ယောက်ဟု ထင်မြင်ချက်ပေးခြင်း
ခံစားရပါလိမ့်မည်

သို့ ပေမဲ့ A သွေးများရဲ့  စိတ်ဟာ လွတ်လပ်စွာ နေထိုင်ရခြင်းကို
မြတ်နိုးတတ်ပြီး စိတ်၏ ခံစားချက်များကို မည်သူကိုမျှ ဂရုမစိုက်လေပဲ
ပေါက်ကွဲတတ်ကြပါတယ်

အချစ်ရေးမှာတော့ ကိုယ်က အရမ်းချစ်သလောက် ကိုယ်အပေါ် နားလည်ပေးနိုင်တဲ့ ချစ်သူမျိုးနဲ့  တွေ့ ဖို့  ခက်ခဲလှပါတယ်

တကယ်တော့ A သွေးများဟာ အချစ်ရေးမှာ ပျော်ရွှင်ခြင်း ကျေနပ်ပီတ ရခြင်း
သာယာလှပခြင်းဆိုတဲ့ အခြေအနေမျိုးတွေနဲ့  တွေ့ ရှိလာဖို့  မလွယ်ပါဘူး

ကိုယ်ဘက်ကပဲ အရမ်း ချစ်နေရတတ်ပါတယ်

A သွေးများ အချစ်ရေးမှာ ကံကောင်းကြပါစေ

____________________________________________________

AB သွေးဆိုသည်မှာ ကိုယ်စတိုင်လ်နဲ့ ကို နေထိုင်တတ်တဲ့ သွေးမျိုးဖြစ်ပါတယ်
သူငယ်ချင်းအပေါင်းအသင်းများအပေါ် အရမ်းခင်မင်ရင်းနှီးတတ်တဲ့
စိတ်မျိုးရှိကြပါတယ်

တစ်ယောက်ထဲ နေရတဲ့ အခါမျိုးတွေ ရှိလာခဲ့ရင် ကိုယ်ရဲ့  ဘဝကို
သိပ်ပြီးမကျေနပ်သလို မျိုး တွေးနေတတ်ပါတယ်

ကိုယ့်ရဲ့  သူငယ်ချင်းက ကိုယ့်အပေါ် ကိုယ်က ခင်သလောက်
ပြန်မခင်ဘူးဟု ထင်နေတတ်ကြပါတယ်

ပျော်ရွှင်ခြင်းများကို မြတ်နိုးတတ်တဲ့ စိတ်ဟာ
မည်သို့ သော သွေးအမျိုးအစားမျှ လိုက်၍ မမှီနိုင်ပါဘူး

အချစ်ရေးမှာတော့ ကံကောင်းခြင်း ကံဆိုးခြင်း တူတူ ညီမျှနေတတ်ပါတယ်

AB သွေးများ အချစ်ကြီးပြီးဆိုရင် အရမ်း ကြောက်စရာကောင်းလောက်အောင် ချစ်တတ်ကြပါတယ်

ဥပေက္ခာ ပြုပြီးဆိုရင်လည်း ဘယ်သွေးအမျိုးအစားမှ ယှဉ်ပြိုင်၍ မရနိုင်ပါ

_____________________________________________________

B သွေးပိုင်ရှင်များဟာ ဘယ်အလုပ်ကိုပဲ လုပ်လုပ်အတိုက်အခိုက်အတားအဆီးများတတ်ကြပါတယ်

တခြားသွေးပိုင်ရှင်များထက်ပိုပီးကြိုးစားရုန်းကန်ရတာကြောင့်
တစ်ခါတစ်ရံစိတ်ဓာတ်ကျ လုနီးပါးဖြစ်တတ်ပါတယ်

သို့သော်လည်းရုန်းကန်ခြင်းရဲ့အဆုံးသတ်မှာတော့
အောင်မြင်မှုတစ်ခုနဲ့တွေ့ရတတ်ပါတယ်

တစ်ခါတစ်ရံကလေးဆန်ပီးမရင့်ကျက်တတ်သလို
တစ်ခါတစ်ရံကြတော့လူကြီး သူမ တစ်ယောက်လိုပြောဆိုဆုံးမတတ်တာလည်း
Bသွေးတွေရဲ့အကျင့်စရိုက်တစ်မျိုးပါ

ဒေါသထွက်လွယ် စိတ်ကောက်လွယ်ပီးစိတ်မှတ်ကြီးသူများတော့မဟုတ်ကြပါ

ဘယ်အရာဘယ်ကိစ္စကိုမှ တအားကြီးမမျှော်လင့်မထားတတ်ကြပါဘူး

အလုပ်ကိစ္စနဲ့ပတ်သက်လာရင်တော့ လောဘကြီးတတ်ကြပါတယ်
အချိန်ကိုလေးစားပီးအလုပ်ကိုတိကျသေသပ်စွာလုပ်တတ်ကြပါတယ်

မိမိ ထက်သူငယ်ချင်းအပေါင်းအသင်းများအပေါ်စိုးရိမ်ပူပန်တတ်ကြပါတယ်

အချစ်ရေးနဲ့ပတ်သက်လာရင်တော့ ရယူပိုင်ဆိုင်ခြင်းထက် စွန့်လွှတ်အနစ်နာခံခြင်းများကိုပိုမိုနှစ်သက်ကြသူများဖြစ်ကြပါတယ်

အချစ်ရေးမှာ သိပ် ကံမကောင်းကြပါဘူး
ဒါပေမဲ့ အချစ်စစ် အချစ်မှန်ကို အရမ်း မြတ်နိုးတတ်တဲ့ သွေးမျိုးဖြစ်ကြပါတယ်

_____________________________________________________

O သွေးဆိုသည်မှာ မိမိဖြစ်ချင်နေတဲ့ ဆန္ဒထက် သူတစ်ပါးပျော်ရွှင်ခြင်းကို ဦးစားပေးနေတတ်တဲ့ သွေမျိုးဖြစ်ပါတယ်

မိသားစု သူငယ်ချင်း အပေါင်းအသင်း မိတ်ဆွေများပေါ်မှာ အနစ်နာခံတက်တဲ့စိတ်ရှိတာကြောင့် တစ်ခါတလေမှာ မိမိကိုယ်ကို ဥပေက္ခာပြုသလိုဖြစ်နေတက်ပါတယ်

စိတ်တိုင်းမကျခြင်းတွေအရမ်းများလာခဲ့ရင်တောင်မှ ငါ့မိသားစု အဆင်ပြေဖို့ အတွက် ငါ့ပေးဆပ်နေတာပဲလေ ငါ့ဘယ်လိုပဲနေနေ ငါ့မိသားစုအဆင်ပြေနေရင် ငါပေးဆပ်ရကျိုးနပ်ပါပြီဟု အမြဲတမ်း စဉ်းစားနေတက်တဲ့ သွေးမျိုးဖြစ်ပါတယ်

အချစ်ရေးမှာတော့ O သွေးများဟာ ကိုယ့်ချစ်သူကို သဝန်မတိုတတ်ဘူးဟု ထင်ရပေမဲ့ မိမိရဲ့အတွင်းစိတ်မှာတော့ အရမ်းချစ်တတ်ပြီး သဝန်တိုတတ်ကြပါတယ်

ကိုယ့်ချစ်သူကို ချစ်လားဆိုပြီး အမြဲတမ်းမေးနေတတ်ပါတယ်

အချစ်အရမ်းကြီးပြီး ခွင့်လွတ်အနစ်နာခံပြီး မိမိ ချစ်သူအပေါ် ပေးဆပ်ရင်နဲ့ 
နားလည်မှု့ ပေးစွမ်းနိုင်တာ အို သွေးများဖြစ်ကြပါတယ်

___________________________________________________

Credit : ဗဟုသုတဘဏ် K2

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top