iMyanmarHouse.com - Best Property Website for Myanmar
×













သက်တန့်ရောင်နှလုံးသားဆိုတဲ့ ဗီဒီယိုကားကို ပြေတီဦး ဒါရိုက်တာနေပိုင်တို့နဲ့ ရိုက်ကူးနေတဲ့ မိုးယုစံက ဒီဇာတ်ကားရိုက်ပြီးရင်တော့ ခဏနားပြီး လလယ်လောက်မှ ပြန်ရိုက်မယ်လို့ ဆိုလာပါတယ်။

ချစ်စဖွယ်အပြုံးပိုင်ရှင် မိုးယုဟာ အနုပညာလောကထဲမှာ ချစ်ရေးချစ်ရာ ဘယ်သူဘယ်ဝါဆိုတာ မကြားရသူမို့ သူမရဲ့ အချစ်ရေးအကြောင်းကို ခုလို မေးကြည့်ဖြစ်တဲ့အခါ “အချစ်ရေးကတော့ ခုချိန်မှာ ကြည်ကြည်လင်လင်ပါပဲ။ စဉ်းစားသင့်တဲ့ အရွယ်လဲ ရောက်လာပြီဆိုတော့ စဉ်းစားနေတယ်ပေါ့နော်။

ဒါပေမဲ့လဲ ကိုယ်မဟုတ်တဲ့ တခြားလူတစ်ယောက်ကို စဉ်းစားတဲ့အခါမှာ မိုးယုကိုယ်တိုင်ကလဲ အများကြီး စဉ်းစားတတ်တဲ့ လူထဲမှာပါတဲ့အတွက် လွယ်လွယ်နဲ့လက်မခံတတ်ဘူး။ အပြင်လောကက လူမှ ၊ အနုပညာအသိုင်းအ၀ိုင်းထဲကမှဆိုပြီး သတ်မှတ်ထားတာမျိုးမ ရှိပါဘူး။ ဖူးစာပါရင်တော့ နီးနီးပဲဖြစ်ဖြစ် ဝေးဝေးပဲဖြစ်ဖြစ် မဆုံနိုင်ဘူးထင်ပေမဲ့လဲ ဆုံနိုင်တာပဲ။ အဓိက က ကိုယ့်ကိုတကယ်ချစ်ဖို့ပဲ လိုပါတယ်”လို့ သူမက ပြောပြပေးခဲ့ပါတယ်။

Credit: Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top