iMyanmarHouse.com - Best Property Website for Myanmar
×

ဘယ်လောက်အလိမ်ကောင်းနေတယ်ဆိုရင်တောင် သူတို့မှာ ပုံမှန်မဟုတ်တဲ့အမူအရာ တစ်ခုခုတော့ ရှိနေပါလိမ့်မယ်။ အမိဖမ်းဖို့ဆိုရင်လည်း ကိုယ့်ဆီမှာ ခိုင်လုံတဲ့အကြောင်းပြချက်တွေရှိနေဦးမှလေ။ ကိုယ့်အယူအဆကို အာမခံပေးနိုင်မယ့် လိမ်တဲ့သူတွေ ဖမ်းနည်း ၅မျိုးကို အပိုင်း(၁)မှာ ဖော်ပြခဲ့ပြီးပြီမို့ အပိုင်း (၂)မှာ ဘယ်လိုအချက်တွေ ပါဝင်လာဦးမလဲဆိုတာ ထပ်ပြီး လေ့လာကြည့်ပါ။

၆။ လိမ်နေတဲ့သူတွေက အရေးကြီးတဲ့အချက်ကို ဖုံကွယ်ချင်လို့ မထင်မရှားရှိတဲ့ အကြောင်းပြချက်တွေနဲ့ပဲ စကားပြောတာ ရှုပ်ထွေးနေတတ်ပါတယ်။ ပုံကြီးချဲ့ပြီးတော့ ပြောခြင်းက လိမ်ပြောတဲ့သူတွေကို ပိုပြီး သက်သက်သာသာ ရှိစေနိုင်တာကြောင့်မို့ပါ။ မုသာစကားကို နားထောင်နေတဲ့သူအနေနဲ့လည်း မလိုအပ်တဲ့ စကားလုံးတွေကို နားထောင်နေမှန်း စိတ်ထဲမှာ ခံစားတတ်ပါတယ်။ သူပြောလိုက်တဲ့စကားတွေကို စာရွက်ပေါ်မှာ ရေးချပြီးတော့ သူ့ကို အလားတူမေးခွန်းတွေပဲ ဆက်မေးမယ်ဆိုရင် အဖြေက တူချင်မှတူမှာပါ။

၇။ အဲဒီလူရဲ့ မျက်လုံးလှုပ်ရှားမှုကို သေချာကြည့်ပါ။ ညာဘက်လက်သန်တဲ့သူတွေကတော့ တစ်ခုခုကို သတိရသွားတယ်ဆိုရင် မျက်လုံးဟာ အပေါ်ကနေ ဘယ်ဘက်ကို ရွှေ့သွားပါတယ်။ ဘယ်ဘက် သန်သူတွေကတော့ ဆန့်ကျင်ဘက် အတိုင်းရွှေ့သွားပါတယ်။ လူတွေက သူတို့ မနှစ်သက်တဲ့ကိစ္စ မြင်နေရတယ် ဒါမှမဟုတ် ကြားနေရတယ်ဆိုရင် သူတို့ မျက်တောင်ခတ်တဲ့အချိန်ဟာ ပုံမှန်ထက် ပိုပြီးနှေးကွေးပါတယ်။ မျက်လုံးဘက်ကို လက်ကရွှေ့နေတယ်ဆိုရင်လည်း ဒါအမှန်တရားကို ဖုံးကွယ်ချင်တဲ့ အပြုအမူပဲဖြစ်ပါတယ်။

၈။ တချို့လူတွေဟာ မုသားပြောနေတဲ့ အချိန်ဆိုရင် ပိုပြီးချွေးပြန်လာတတ်ပါတယ်။ ရှက်တယ်ဆိုရင်လည်း အဲဒီအတိုင်းပါပဲ။ ဒါပေမယ့် ချွေးဇောနဲ့ မျက်နှာနီးမြန်းလာခြင်း၊ တုန်ရ်ီနေခြင်း နဲ့ တစ်ခုခုမျိုချဖို့ အခက်အခဲတွေ့နေတာမျိုးဆိုရင်တော့ သူလိမ်နေပြီဆိုတာ သေချာပါတယ်။

၉။ သေးမွှားတဲ့ အပြုအမူတွေကို စောင့်ကြည့်ပါ။ စကားပြော စတင်လိုက်တာနဲ့ လူတွေရဲ့ခံစားချက်ဟာ မျက်နှာပေါ်မှာ ဖျက်ခနဲပေါ်လာတတ်ပါတယ်။ ဟန်ဆောင်အပြုံးဒါမှမဟုတ် ပူပန်နေတဲ့မျက်နှာတွေကို ၅စက္ကန့်အတွင်းပဲ ပေါ်လာမှာဖြစ်ပါတယ်။ သတိထားမိဖို့ဆိုရင်တော့ နှစ်ယောက်လုံးစကားအပြန်အလှန် မပြောခင်မှာ ကြိုတင်စိတ်ထဲကနေ ပြင်ဆင်မှုတွေလုပ်ထားဖို့ လိုလိမ့်မယ်။

၁၀။ မုသားပြောနေတဲ့လူကို သူပြောနေတဲ့ပုံပြင်အကြောင်း ထပ်ပြီးတော့ ပြန်ပြောပေးရန် တောင်းဆိုပါ။ သူပြောတဲ့စကားလုံးတွေဟာ မရီမရာဖြစ်နေပြီး အသေးစိတ်မှတ်မိဖို့ သူအခက်တွေ့နေတယ်ဆိုရင်တော့ သူသင့်ကို တပတ်လှည့်လိုက်ပြီဆိုတာ သင်အလွယ်တကူသိနိုင်ပါလိမ့်မယ်။ သူ့မျက်နှာပေါ်မှာလည်း အဆင်မပြေတဲ့ဟန်ပန်နဲ့ စိတ်ပူနေတဲ့ခံစားချက်တွေကို သင်မြင်တွေ့လာမှာပဲ ဖြစ်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top