iMyanmarHouse.com - Best Property Website for Myanmar
×











ပါကင်(န်)ဆဲ(န်)ရောဂါဆိုတာ အကြောအားနည်း၍ခြေတုန်လက်တုန် သော နာတာရှည်ရောဂါတစ်မျိုး ပါ။ ထိုရောဂါဟာ အိန္ဒိယနိုင်ငံမှာ ရှေးလွန်ခဲ့သော ဘီစီ ၅ဝဝဝ ဝန်းကျင်ကတည်းက ဖြစ်လာခဲ့ကြပြီး အိန္ဒိယလို ”Kam-pavata ရောဂါ” လို့ ခေါ်ဆိုခဲ့ကြပေမယ့် ဘာကြောင့် ဒီရောဂါဖြစ်တယ်ဆိုတာကို ဂဃနဏ အဖြေမထုတ်နိုင်ခဲ့ ကြပါဘူး။ ၁၈၁၇ ခုနှစ်ရောက်လာတဲ့အခါမှာတော့ ဗြိ တိသျှလူမျိုး ဒေါက်တာ James Parkinson ဆိုသူက ရောဂါဖြစ်လာရတဲ့ အကြောင်းကိုလေ့လာအဖြေရှာနိုင် ခဲ့တာကြောင့် ထိုဒေါက်တာ၏အမည်ကို အစွဲပြု၍ ဆေး သိပ္ပံနည်းအရ Parkinson’s disease(PD) လို့ ရောဂါ အမည်တပ်ခဲ့ပါတယ်။

ရောဂါဖြစ်ရတဲ့အဓိကအကြောင်းရင်းမှာ ဦးနှောက် ထဲရှိ အာရုံခံဆဲလ်တွေသေသွားတာကြောင့် ဦးနှောက်ကို ထိန်းချုပ်ပေးနိုင်တဲ့ dopamine (ခေါ်) ဓာတုပစ္စည်းထွက် ရှိမှုနည်းပါးလာပြီး ခြေလက်လှုပ်ရှားမှု တို့ကို မူမမှန်စေတော့ ပါဘူး။ ဒါကြောင့် PD ရောဂါရင့်လေလေ ဦးနှောက်က ခြေလက်တို့ကို ထိန်းချုပ်နိုင်မှုစွမ်းအားကျသွားလေလေ ဖြစ်ပါတယ်။ လူတစ်ဦးနှင့် တစ်ဦး PD ရောဂါခံစားရပုံ ချင်း မတူညီကြပြန်ပါဘူး။ ပျမ်းမျှအားဖြင့် PD ရောဂါကို (၁) tremor (ခေါ်) လက်ချောင်း၊ လက်မောင်း၊ ခြေထောက်၊ မေးရိုး၊ မျက်နှာတို့ တဆတ်ဆတ်လှုပ်သောရောဂါ၊ (၂) bradykinesia (ခေါ်) လှုပ်ရှားမှုတွေ တစ်စစနှေးကွေးလာ သောရောဂါ၊ (၃) rigidity (ခေါ်) ခြေဆံလက်ဆံများ တောင့်တင်းလာသောရောဂါ၊ (၄) postural instability (ခေါ် မိမိကိုယ်ကိုယ်ဟန်ချက်ညီညီ မထိန်းနိုင်သောရော ဂါဟူ၍ ခွဲခြားသတ်မှတ်ထားပါတယ်။

PD ရောဂါ၏ ရှေ့ပြေးလက္ခဏာများမှာ-

(၁) ခန္ဓာကိုယ်ကြီးလှုပ်ရှားနေချိန်မှာ မသိသာသော်လည်း အနားယူငြိမ်နေတဲ့အခါမှာ လက်ချောင်းများ၊ လက်မ၊ လက်မောင်း၊ မေးစေ့၊ လျှာ၊ နှုတ်ခမ်း၊ ခြေထောက်တို့က တဆတ်ဆတ်လှုပ်နေခြင်း။

(၂) စက္ကူပေါ်စာရေးတဲ့အခါ ပုံမှန်လိုမဟုတ်တော့ဘဲ စာ လုံးအရွယ်အစားကြီးလာခြင်း (သို့မဟုတ်) သေးသွားခြင်း (သို့မဟုတ်) စာလုံးတွေတွန့်စောင်းနေခြင်း (သို့မဟုတ်) စာလုံးများထပ်သွားခြင်း။

(၃) အနံ့ခံအာရုံ သိသိသာသာကျဆင်းသွားခြင်း။

(၄) အိပ်မောကျနေစဉ် ခြေထောက်က တစ်ခုခုကိုကန် ခြင်း (သို့မဟုတ်) လက်သီးဖြင့်ထိုးခြင်း (သို့မဟုတ်) ခုတင် ပေါ်က ပြုတ်ကျခြင်း (သို့မဟုတ်) အိပ်မက်ထဲမှာ မိမိကိုယ် ကိုယ်မိမိ ကွက်ကွက်ကွင်းကွင်းပြန်၍ မြင်မက်ခြင်း။

(၅) ဝမ်းချုပ်ခြင်း။

(၆) ခါး၊ တံတောင်ဆစ်၊ တင်ပါး၊ ဒူးခေါင်းစတြဲ့<ွကက်သား များတောင့်တင်း လာပြီး ¤င်ြး<ွကက်သားတွေကောင်းစွာ အလုပ်မလုပ်နိုင်တော့ဘဲ အကွေးအဆန့်လှုပ်ရှားမှုတိုင်း မှာ သိသိသာသာ နာကျင်ကိုက်ခဲစွာ ခံစားရခြင်း။

(၇) လမ်းလျှောက်တဲ့အခါ လက်လွှဲ၍မရခြင်း၊ ခြေလှမ်း မမှန်ခြင်း၊ လမ်းစလျှောက်စဉ် (သို့မဟုတ်) ဦးတည်ရာကို ဘယ်/ညာ သို့ကွေ့ခါနီး (သို့မဟုတ်) လမ်းလျှောက်မှုကို ရပ်တန့်စဉ်တို့မှာ ပုံမှန်မဟုတ်တော့ဘဲ ပြဿနာရှိလာခြင်း။

(၈) မိမိက ပုံမှန်လေသံဖြင့်စကားပြောနေသော်ငြား၊ ပတ် ဝန်းကျင်ရှိသူများက မိမိရဲ့စကားပြောသံကို ခပ်တိုးတိုး အုပ်အုပ်လေးသာကြားရခြင်း (သို့မဟုတ်) ဗလုံးဗထွေးအ သံ ကြားနေရခြင်း။

(၉) မျက်တောင်မခတ်ခြင်း၊ တစ်နေရာတည်းကို မျက်လုံး သေဖြင့် စိုက်ကြည့်နေတတ်ခြင်း။

(၁ဝ) သွေးအားနည်းသလိုခံစားရကာ မူးဝေခြင်း၊ အော့ အန်ချင်စိတ်ဖြစ်ခြင်း။

(၁၁) မတ်မတ်မရပ်နိုင်၊ ကောင်းစွာမထိုင်နိုင်ဘဲ ပျော့တိ ပျော့ခွေဖြစ်၍ တစ်ခုခုကို အမှီသဟဲပြုနေရခြင်း။

(၁၂) စိတ်ဓာတ်ကျခြင်း၊ စိတ်မကြည်မလင်ဖြစ်ခြင်း။

ယနေ့ အမေရိကန်ပြည်ထောင်စုမှာ ထိုရောဂါဖြစ်သူ လူဦးရေ တစ်သန်းနီးပါးမျှခံစားနေကြရပြီး ထိထိရောက် ရောက်ပျောက်ကင်းအောင် ကုသနိုင်ခြင်းမရှိသေးဘဲ ရော ဂါတိုး၍မဆိုးရွားလာအောင် ခွဲစိတ်ကုသခြင်း၊ လေ့ကျင့် ခန်းလုပ်ခြင်း၊ ဆေးသောက်ခြင်းတို့ဖြင့်သာ ကုသပေးလျက် ရှိပါတယ်။ fava beans (ခေါ်) အစိမ်းရောင်ပဲပင်တစ်မျိုး ထဲရှိ ပဲစေ့လေးထဲမှာ ပါရှိသော ဆေးဖက်ဝင်သဘာဝ levodopa ဓာတ်က ဦးနှောက်အာရုံခံဆဲလ်တွေကို ကောင်း ကျိုးပြုတာကြောင့် အိန္ဒိယကျေးလက်ဒေသများမှာ PD ရောဂါကုထုံး အဖြစ် အသုံးပြုနေကြပါတယ်။ ပျမ်းမျှအ သက် ၈ဝ ဝန်းကျင်မှာဖြစ်တတ်ပြီး တချို့က အသက် ၆ဝ၊ တချို့ကတော့ အသက် ၅ဝအရွယ်ကတည်းကစ၍ ရော ဂါလက္ခဏာတွေ နိမိတ်ပြနေကြပါပြီ။ သို့ပါ၍ အထက် ဖော်ပြပါ PD ရောဂါ၏ ရှေ့ပြေးလက္ခဏာများကို လေ့ လာဆန်းစစ်၍ လိုအပ်ပါက သက်ဆိုင်ရာ ဦးနှောက်နှင့် အာရုံကြောဆရာဝန်ဖြင့် ကြိုတင်ဆွေးနွေးတိုင်ပင် ကုသ ထားသင့်ပါကြောင်း။

Credit : Pauk Pauk

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top