iMyanmarHouse.com - Best Property Website for Myanmar
×

ကျောက်မျက်ရတနာဟုဆိုလိုက်သဖြင့်အဖိုးတန်ပစ္စည်းဖြစ်ကြောင်းလူတိုင်းသိကြပါသည်။ကျောက်မျက်ရတနာတို့မည်သည် သူ့သဘာဝနှင့်သူ၊သူ့ဓာတ်နှင့်သူထူးကဲသောအစွမ်းသတ္တိများရှိကြသည်သာဖြစ်၏။ထို့ကြောင့်လူတို့အား အကျိုးပြုသော ကျောက်မျက်ရတနာများ၏အစွမ်းသတ္တိတို့ကို လေ့လာမိသလောက်မျှဝေလိုက်ပါသည်။

၁။ခရမ်းစွဲကျောက်(Amethyts)

ခရမ်းရောင်သန်းနေသော ကျောက်ဖြစ်၏။သစ္စာခိုင်မြဲခြင်း၊မူးယစ်ခြင်းဝေဒနာတို့ကို ကာကွယ်ပေးနိုင်သော အစွမ်းသတ္တိရှိသည်။

၂။ပယင်းကျောက်(Amben)

မျှော်လင့်ထားသည့်အရာမှန်သမျှ ပြီးမြောက်ပြည့်စုံအောင်မြင်နိုင်စွမ်းရှိ၏၊ကြိုးစားမှုရှိလျှင်ရှိသလောက် အောင်မြင်စေသောအစွမ်းသတ္တိရှိသည်။

၃။နဂါးသွဲ့ကျောက်(Blood Stone)

သတ္တိရှိစေ၏။တိုက်ပွဲထွက်သည့်အခါ ဆောင်ထားပါက အောင်မြင်နိုင်၏။ဒဏ်ရာရပါလျှင်လည်း သွေးအမြန်တိတ်စေ၏။မမျှော်လင့်သော

ဘေးအန္တရယ်၊ရောဂါကပ်ဆိုးတို့မှ ကင်းလွတ်စေနိုင်သော အစွမ်းသတ္တိရှိ၏။

၎။မျက်ရွဲ(Benyl)အ၀ါရောင် သလင်းကျောက်အမျိုးအစားဖြစ်၏။မကောင်းသောသတင်းဆိုး၊ကောလဟာလသတင်းများ မကြားရအောင် ကာကွယ်ပေးနိုင်စွမ်းရှိ၏။

၅။ဂျက်စပါကျောက်(Jaspen)

မိမိပရောဂကြောင့်တစ်ပါးသူအန္တရာယ်မကျရောက်စေရန်အကာအကွယ်ပေး၏။ကုသိုလ်ပြုရာ၌ ထူးခြားထက်မြက်သော ကျောက်အမျိုးအစားဖြစ်၏။

၆။မဟူရာကျောက်(Omyx)

မြွေနှင့်အဆိပ်ရှိသတ္တ၀ါတို့ဘေးမှ ကာကွယ်ပေးနိုင်စွမ်းရှိ၏။အိမ်ထောင်ရေးသုခကို အပြည့်အ၀ရရှိစေနိုင်သော ကျောက်အမျိုးအစားဖြစ်၏။

၇။စိန်ကျောက်(Diamond)

မာကြောသောအစွမ်းသတ္တိရှိ၏။အင်အားကိုတောင့်တင်းစေ၏။ရိုးသားဖြူစင်စိတ်ကို ဖြစ်ပေါ်စေနိုင်၏။

၈။ကောနယ်လီယာကျောက်(Conneliam)

ကျန်းမာရေးကိုအထူးကောင်းမွန်စေ၏။အသက်အာယုကိုရှည်စေ၏။ကံကောင်းခြင်းကိုဖြစ်ပေါ်စေသော ကျောက်အမျိုးအစားဖြစ်၏။

၉။ရွဲကျောက်(Opal)

တူရာသီနှင့်ဗြိစ္ဆာရာသီဖွားများအတွက်သာ ဆောင်ကောင်းသောကျောက်ဖြစ်၏။အဆိုပါရာသီဖွားများအတွက် စိတ်ဓာတ်ကို မြှင့်တင်ပေး၏။အောင်မြင်မှုကို ပို့ဆောင်ပေး၏။(ကျန်ရာသီဖွားများအတွက် အကျိုးသိပ်မရှိလှပါ။)

၁၀။ပဌဲကျောက်(Ganmet)

ကျန်းမာရေးကိုအထူးကောင်းမွန်စေ၏အပူလောင်ခြင်းတို့မှကာကွယ်ပေးနိုင်၏။စိတ်ကိုရွှင်လန်းစေ၏။လူချစ်၊လူခင်၊မိတ်ဆွေသင်္ဂဟ

တို့ပေါများစေသော ကျောက်အမျိုးအစားဖြစ်၏။

၁၁။ကန်ဘူးမယ်လီကျောက်(Canbumele)

အနီရင့်ရောင် ကျောက်အမျိုးအစားဖြစ်၏ကူစက်ရောဂါဘေးမှ ကင်းဝေးစေ၏။မိမိကိုယ်ကို ယုံကြည်စိတ်ဓာတ်များဖြစ်ထွန်းစေ၏။အခက်အခဲများကို အောင်မြင်စွာတွန်းလှန်နိုင်စေ၏။

၁၂။ပုလဲ(Pearl)

ကျန်းမာရေးကို ကောင်းမွန်စေ၏။မိမိကို ချစ်ခင်သူတွေ ပေါများစေနိုင်၏။

၁၃။ထပ်တရာကျောက်(Topaz)

နာတာရှည်ရောဂါဖြစ်မှုဘေးမှ ကာကွယ်ပေးနိုင်စွမ်းရှိသော ကျောက်အမျိုးအစားဖြစ်၏။

၁၄။နီလာကျောက်(Sapphire)

ကံကောင်းစေသောကျောက်ဖြစ်၏။ချစ်ခြင်းတရားကို ခိုင်မြဲနိုင်စွမ်းရှိ၏။စိတ်မရှည်မှု၊စိတ်တိုမှုတို့ကို ကွယ်ပျောက်စေနိုင်၏။

၁၅။ချာဆီမိုနီကျောက်(Moss Agare)

ပေါင်းသင်းဆက်ဆံရေးကို အဆင်ပြေနိုင်၏။စိုက်ပျိုးရေးသမားများ အထူးပင် ဆောင်ထားသင့်သည့် ကျောက်အမျိုးအစားဖြစ်၏။

၁၆။တာကွိုင်ကျောက်(Tunquoise)

ကံကောင်းစေသော ကျောက်အမျိုးအစားဖြစ်၏။ဘေးအန္တရာယ်အပေါင်းမှ လွတ်ကင်းစေနိုင်၏။

၁၇။ပါလဒုတ္ထာကျောက်(Malachite)

ဘာသာရေးသမားများ ဆောင်ထားသင့်သော ကျောက်အမျိုးအစားဖြစ်၏။ရေကြောင်းသွားလာသူများအတွက် ဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်၏။နယ်သစ်ရှာဖွေမှုနှင့်စွန့်စားလိုသူများ၊စီးပွားရေးဈေးကွက် ချဲ့ထွင်လိုသူများအတွက် အကျိုးဖြစ်ထွန်းစေနိုင်၏။

၁၈။သန္တာကျောက်(Conal)

အိမ်ထောင်ရေးကိုသာယာမှုပေးစွမ်းနိုင်သော ကျောက်အမျိုးအစားဖြစ်၏။ကလေးသူငယ်များကို ဘေးအန္တရယ်မှ အကာအကွယ်ပေးနိုင်၏။လူငယ်လူရွယ်တို့အား မဖြစ်သင့်သည်တို့ မဖြစ်ရလေအောင် ကာကွယ်ပေးနိုင်စွမ်းရှိ၏။

၁၉။မြူပြာကျောက်(Aquamanine)

အစိမ်းနှင့်အပြာ ရောထားသော ကျောက်ဖြစ်၏။အာရုံဝင်စားမှုကို မပျံ့လွင့်အောင် ထိန်းချုပ်ပေးနိုင်၏။ခရီးလမ်း၌ အန္တရာယ်တို့ကိုတားဆီးပေးနိုင်၏။ထိခိုက်ဒဏ်ရာရမှုတို့ကို ကာကွယ်ပေးနိုင်သော အစွမ်းသတ္တိရှိ၏။

၂၀။မြကျောက်(Emenald)

မျက်စိကို အထူးအားကောင်းစေ၏။ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်နိုင်၏။မိမိဘက်မှ သစ္စာဖောက်ခဲ့ပါက မြကျောက်၏အရောင်မှာ မှေးမှိန်သွားကြောင်း မှတ်သားရ၏။

၂၁။ပတ္တမြား(Ruby)

မိတ်ဆွေကောင်းများနှင့်ဆုံစည်းရတတ်၏။ပူပင်သောကဘေးတို့မှကင်းဝေးစေ၏။ဆက်ဆံရေးကိုပြေပြစ်ကောင်းမွန်စေသော
ကျောက်အမျိုးအစားဖြစ်၏။

(တစ်လက်စတည်းဆိုသလို ရွှေ၊ငွေ ရဲ့အစွမ်းသတ္တိကို ကျွန်တော်လက်တွေ့ကြုံခဲ့ရတာလေးကိုပါမျှပါရစေဗျာ။ရှေးခေတ်မြန်မာနန်းတွင်းသူတွေဟာ သနပ်ခါးထဲမှာ ရွှေမှုန့်လေးတွေရောပြီးလိမ်းကြတယ်ဗျ၊အသားအရေကိုကောင်းစေတဲ့ဝင်းပစေတဲ့နေရာမှာရွှေကတော်တော်

လေးကောင်းပါတယ်။ကျွန်တော့်နဲ့ခင်တဲ့အန်တီတစ်ယောက်ဆိုရင် နေ့တိုင်းသူငယ်စာငှက်ပျောသီးနှစ်လုံးနဲ့ရွှေဆိုင်းတစ်ခုကိုရောပြီး

အမြဲစားတယ်ဗျ၊သူကပြောတာဒါသူ့အဖွားရဲ့နည်းတဲ့။ရွှေဆိုင်းကိုတော့ကိုယ်နဲ့ရင်းနှီးတဲ့ရွှေဆိုင်းလုပ်တဲ့ဆိုင်မှာပဲအပ်တယ်တဲ့။ဘုရားတွေ

မှာရောင်းနေတဲ့ ရွှေဆိုင်းတွေက ရောတာတွေများလို့တဲ့ဗျာ၊ဆိုင်ကိုလည်းကျန်းမာရေးအတွက်ဆေးသုံးဖို့ဆိုပြီးသေသေချာချာ ပြောထား

ရတယ်တဲ့။အဲဒီလိုစားတဲ့အကျိုးကတော့ ကျွန်တော့်မျက်မြင် ခုအသက်(၅၀)ကျော်တာတောင် အသားအရေက၀င်းပပြီး၊တွန့်ခြင်း၊ရှုံ့ခြင်းမရှိတဲ့အပြင်၊ဆံပင်လည်းမဖြူဘူးဗျ၊ကျန်းမာရေးကလည်းဘာကောင်းသလဲမမေးနဲ့ဒေါင်ဒေါင်မြည်ပဲ။သူ့မှနဂိုကဖြစ်နေတဲ့ သွေးတိုးနဲ့နှလုံး

အားနည်းတဲ့ရောဂါတောင်ပျောက်သွားတယ်ဆိုပဲ။အဲဒီမှာကျွန်တော်ကတချက်ပြောတာပေါ့၊ဒီနည်းက အန်တီလိုချမ်းသာတဲ့လူအတွက်ကကိစ္စမရှိဘူးပေါ့။သာမန်လူတွေအတွက်ဆိုရင် ရွှေဆိုင်းဖိုးနဲ့ရေရှည်ဘယ်လွယ်မလဲပေါ့။အဲဒီမှာ အန်တီကြီးက နှလုံးအားနည်းတဲ့၊နှလုံးဝေဒနာရှင်တွေအတွက်နည်းနှစ်ခုပြောပြတယ်၊တနည်းကရွှေရဲ့အနံ့ကိုရှုဖို့။အိန္ဒိယက အမျိုးသမီးတွေ နှာခေါင်းမှာရွှေကိုဖေါက်ပြီးတပ်ကြတာရှေးကတည်းကတဲ့၊ခုခေတ်ကျမှ တချို့တွေကfashionလုပ်ပြီးတပ်ကြတာလို့ပြောတယ်။အိန္ဒိယက ရှေးကတည်းက ရွှေနဲ့ရောဂါအတော်များများကိုကုလို့ရတဲ့နည်းတွေကို ကျွမ်းကျင်ကြတယ်၊အမျိုးသမီးတွေက နှာခေါင်းမှာရွှေကိုတပ်ကြတာ၊အသက်ရှုတိုင်း

ရွှေရဲ့အနံ့ကိုတခါတည်းရှုပြီူသားဖြစ်အောင်လို့တပ်ကြတာတဲ့၊ဒါကြောင့်ရွှေရဲ့အနံ့ကိုရှုပေးရင် နှလုံးရောဂါဝေဒနာရှင်တွေအတွက်သက်သာ

ပျောက်ကင်းနိုင်စေတယ်လို့ပြောတာ။ရန်ကုန်မှာနေတဲ့သူတွေဆိုရင်ပိုကောင်းတယ်တဲ့၊တစ်ပါတ်တစ်ခါဖြစ်ဖြစ် ရွှေတိဂုံဘုရားသွားရင်း

အေးဆေးနားပြီးစေတီတော်ကြီးကိုဖြတ်ပြီးတိုက်လာတဲ့လေကိုတ၀ကြီးရှုရုံပဲတဲ့၊ကုသိုလ်လည်းရကျန်းမာရေးအတွက်ပါကောင်း တစ်ချက်ခုတ်နှစ်ချက်ပြတ်ဘယ်လောက်ကောင်းလဲလို့တောင်ပြောသေး။နောက်တစ်နည်းကနှလုံးဝေဒနာရှင်တွေကို ငွေနဲ့ကုတယ့်နည်းဗျ။

ခုကျွန်တော်တို့အလှုခံဌာနတွေမှာ တွေ့ရတဲ့အလှုခံဖလားအရွယ်၊ဖလားတစ်ခုကို ငွေစစ်စစ်နဲ့လုပ်၊နောက်ပြီးအဲဒီဖလားကိုလုံအောင်ဖုံးနိုင်

မယ့် ငွေလင်ပန်းတစ်ချပ်ရယ်၊ဘုန်းကြီးကျောင်းတချို့မှာတွေ့ရတဲ့ ကြေးသောက်ရေခွက်အရွယ် ဖလားတစ်လုံးပါငွေနဲ့လုပ်၊နောက်နှလုံးဝေဒနာရှင်တွေ ရေသန့်သန့်သန့်ကိုဖလားအကြီးထဲထည့်၊ဖလားအကြီးပေါ်ကနေ ငွေလင်ပန်းနဲ့ဖုံး၊အဲဒီထဲကရေကိုပဲသောက်၊သောက်ရင်

လည်းတခြားခွက်နဲ့မသောက်ရဘူး ငွေဖလားအသေးလေးနဲ့ပဲသောက်ရမယ်၊အဲလိုမျိုးလုပ်ပေးသွားရင် နှလုံးဝေဒနာရှင်တွေအတွက်

သက်သာပျောက်ကင်းတယ်ဆိုတာ လုံးဝအာမခံတယ်လို့ပြောပြတယ်ဗျ။

တစ်ခုရှိတာက ရေကို ရေအေး၊ရေနွေး၊ရေကျက်အေးလုံးဝမထည့်ရဘူးတဲ့၊ငွေဖလားထဲကိုပေါ့ဗျာ။ရိုးရိုးရေသန့်ပဲသုံးရမယ်တဲ့။ဒါလေးက ကျွန်တော်သိတဲ့နည်းလေးပါ။မိတ်ဆွေတို့အတွက်လုပ်ကြည့်ရင်အကျိုးမယုတ်ဘူးလို့ထင်ပါတယ်။

Credit : ငှက်ကလေး

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top