iMyanmarHouse.com - Best Property Website for Myanmar
×

လက်သည်းဆိုးဆေးတစ်ပုလင်း ရှိနေရင် သင့်လက်သည်းအတွက်သာမက သူအကျိုးပြုတဲ့ အခြားအရာပေါင်းများစွာရှိနေပါသေးတယ်။ အသုံးချတတ်မယ်ဆိုရင်ပေါ့။ ကဲ လက်သည်းဆိုးဆေးတစ်ပုလင်းရဲ့ အသုံးဝင်ပုံလေးတွေကို ကြည့်ကြည့်ရအောင်။

၁။သင့် headphone မှာ စိတ်ကြိုက်ခြယ်သပါ။

Headphone က ကော်နဲ့လုပ်ထားတာမျိုးဆိုရင် လက်သည်းနီတစ်ပုလင်း၊ နှစ်ပုလင်းလောက်ဘေးချပြီး ကိုယ့်စိတ်ကြိုက် ခြယ်ပစ်လိုက်ရုံပါပဲ။ ဒီအတိုင်းဆိုရင် headphone ကြီးက ရိုးရိုးကြီးနဲ့ ဘာဆွဲဆောင်မှုမှ မရှိဘူးလေ။ ကိုယ်က အရောင်လေးငါးမျိုးလောက် စပ်ပြီး ခြယ်ကြည့်ချင်တယ်ဆိုရင်လည်း သဘောအတိုင်းပဲနော်။

၂။ဖိုင်တွေကို အရောင်ခွဲပြီး မှတ်သားထားနိုင်တယ်။

ဘာဖိုင်က ဘာအတွက်ဆိုတာမျိုးကို မှတ်ထားချင်တယ်ဆိုရင်လည်း လက်သည်းနီတွေနဲ့ ခွဲခြားမှတ်ထားနိုင်သေးတယ်လေ။

၃။ဖုန်း case မှာလည်း ခြယ်သလို့ရပါသေးတယ်။

ဖုန်းဟန်းဆက်လိုမျိုး ဖုန်း case တွေမှာ ခြယ်သဖို့ဆိုရင်လည်း မခြယ်ခင် အပြင်မှာ အရာပေး၊ stencil ဖောက်သလိုမျိး အရုပ်ထွင်းပြီး ဖုန်း case ပေါ်ကပ်ပြီး လက်သည်းနီနဲ့ အပေါ်ကနေ သုတ်လိုက်ရုံပါပဲ။

၎။သော့တွဲတွေမှာ ကိုယ့်စိတ်ကြိုက် အရောင်လေးတွေနဲ့ ခွဲခြားမှတ်ထားပါ။

ဘယ်သော့က အိမ်သော့၊ ဘယ်သော့က ရုံးသော့စတာတွေ ရောမှာစိုးရင် လက်သည်းနီနဲ့ အရောင်ခွဲမှတ်ထားလိုက်ရုံပေါ့။

၅။ရူးဖိနပ်ထိပ်နားလေးတွေ အရောင်ကွာရင်လည်း လက်သည်းဆိုးဆေး သုတ်လိမ်းထားနိုင်ပါတယ်။

ရှုးဖိနပ် ထိပ်နားလေးတွေ ပွန်းပဲ့၊ ဆေးကွာနေတယ်ဆိုရင် ဖိနပ်အရောင်အတိုင်း လက်သည်းဆိုးဆေးရှာပြီး ဆေးကွာနေတဲ့နေရာကို တို့ပေးထားလိုက်ရင် အကောင်းအတိုင်း ပြန်ဖြစ်သွားပြီလေ။

၆။ ကလစ်လေးတွေကိုလည်း ကိုယ့်စိတ်ကြိုက်အရောင်ခြယ်လို့ ရပါသေးတယ်။

ညှပ်ကလစ်လေးတွေကို ကိုယ့်စိတ်ကြိုက် လက်သည်းအရောင်တွေနဲ့ ခြယ်သပြီး ဆင်မြန်းနိုင်ပါတယ်။

၇။ဖန်စီကျောက်မျက်တွေကိုလည်း အရောင်ပြောင်းခြယ်ပြီး ဆင်မြန်းနိုင်ပါတယ်။

ကိုယ်က ဖန်စီကျောက်ကလေးတွေ ၀ယ်ထားလေ့ရှိတယ်ဆိုရင် နည်းနည်းဟောင်းသွားလို့ ချောင်ထိုးရတာမျိုး မဖြစ်ရအောင် လက်သည်းဆိုးဆေးနဲ့ ပြန်ခြယ်ပြီး ဆင်မြန်းလို့ရပါတယ်နော်။

Credit: Trend Myanmar

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top